Wednesday, May 1, 2024

CATEGORY

အထွေထွေ

မူဆယ် မြို့ဝင် တိုးဂိတ် ဗုံးပေါက်ကွဲခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ အဝင် တိုးဂိတ် ၌ ယနေ့ ည ၈နာရီခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ မူဆယ်မြို့ အဝင် တိုးဂိတ် တွင် အမည်မသိ လက်နက်ကိုင် ၂ဦးသည် ဆိုင်ကယ် မောင်းနှင်လာပြီး အိတ်ကို တိုးဂိတ် ငွေကောက်...

မူဆယ်ရောက် တရုတ်ပြည်တော်ပြန်များ နေထိုင် စားသောက်မှု ခက်ခဲနေ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ သို့ရောက်ရှိနေသည့် တရုတ် ပြည်တော်ပြန် တထောင်နီးပါးသည် အခက်အခဲများ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။   မြန်မာ-တရုတ် နယ်စပ်မူဆယ်မြို့ရှိ နန်းတော်ဂိတ်မှတဆင့် တရုတ်ပြည်တော်ပြန်များ သည် နေ့စဉ် ပြန်လည်ဝင်ရောက်လာပြီး၊ လားရှိုးမှတဆင့် ပြည်တော်ပြန်များကို သက်ဆိုင်ရာ ဒေသ အသီးသီးသို့ ပြန်လည် လွှဲပြောင်းပေးကြောင်း သိရသည်။ နေ့စဉ်...

သီပေါမြို့နယ် တပတ်အတွင်း မိသားစုတခုတွင် ကလေး ၃ဦးသေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ပန်တီးကျေးရွာသားမိသားတစုတွင် တပတ်အတွင်း ကလေး ၃ ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။   သီပေါမြို့နယ် မိုင်းလာကျေးရွာ အုပ်စု ပန်တီးရွာနေ မိသားစုဝင် ၁၁ ဦးရှိသော နေအိမ်တအိမ်၌ တပတ်အတွင်း ကလေး ၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့သဖြင့် လက်ရှိမှာ စစ်ဆေးမှုများပြုလုပ်နေကြောင်း၊...

တရုတ်ပြည်တော်ပြန်များကို ကိုးကန့် ဒေသတွင် Quarantine ပြုလုပ်ပေးမည်မဟုတ်

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တွင် တရုတ်ပြည်တော်ပြန်များကို Quarantine ၂၁ရက် ပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ တရုတ်ပြည် မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ မှ ယာယီလက်ခံပေးပြီး၊ Quarantin၂၁ရက် စောင့်ကြည့် သွားခြင်းကို မပြုလုပ်တော့ကြောင်း လောက်ကိုင်ဒေသ အစိုးရ ဝန်ထမ်းတဦးက သျှမ်းသံတော်ဆင့်...

မူဆယ် ကိုဗစ်-၁၉ လူနာ ဆေးရုံ ဆင်းခွင့် ရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကိုဗစ်-၁၉ လူနာ သည် ဓာတ်ခွဲခန်း အဖြေ နှစ်ကြိမ် Negative  ဖြစ်သဖြင့် ယနေ့ ဆေးရုံ ပေးဆင်းလိုက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ ဧပြီ ၂၄ရက် တွင် မူဆယ်မြို့ အသက် ၈၇ နှစ် ရှိ အမျိုးသမီး...

သျှမ်းတောင် ကိုဗစ် -၁၉ ဓာတ်ခွဲ နမူနာ ၈၈ ဦး စစ်ဆေးထား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံ တွင် ကိုဗစ် -၁၉ လူနာ တစ်ဦး အပါအဝင် ၈၈ ဦး၏ ဓါတ်ခွဲ နမူနာ အားရန်ကုန် အမျိုးသားဓါတ်ခွဲခန်း သို့ ပို့ထားကြောင်း သိရသည်။   ထို ဓါတ်ခွဲနာမူနာ ၈၈ ဦး သည် မေလ ၈...

လောက်ကိုင် Quarantine ပြည့်ပြီးသူ ၃၀၀ နေရပ်အသီးသီးပြန်ပို့မည်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ရှိ Quarantine ပြည့်ပြီးသည့် တရုတ်ပြည်တော်ပြန် ၃၀၀ ကျော် နေရပ် အသီးသီး ပို့ပြန် မည်ဖြစ်ကြောင်း သိရသည်။   လောက်ကိုင်မြို့နယ်တွင် Quarantine Center ၈ ခု ထားရှိပြီး စင်တာ ၃ ခုတွင် Quarantine ၂၁ ရက် ပြည့်သူများအား...

ကိုဗစ်-၁၉ ကာလ တောင်ကြီးတွင် Mask Campaign ပြုလုပ်

သျှမ်းပြည်အစိုးရအဖွဲ့ မှ ဦးဆောင်ပြီး Mask တပ်ခြင်း ယဉ်ကျေးမှု ဖြစ်ပေါ်စေရန်အတွက် Mask Campaign (နှာခေါင်းစည်း) တပ်ဆင်ခြင်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ Mask Campaign ကို မေလ ၇ ရက် ယနေ့ မနက် ၇ နာရီမှာ...

နမ့်ခမ်း တောင်သူများ ရွှေလီမြစ်ထဲသို့ပြောင်းများ သွန်ပစ်နေရ

မြန်မာ-တရုတ်နယ်စပ် ဒေသဖြစ်သည့် နမ့်ခမ်းမြို့နယ်တွင် ခြံထွက် ပြောင်းများ တရုတ်ပြည်သို့ ရောင်းခွင့် မရသဖြင့် ရွှေလီမြစ်ထဲသို့ သွန်ပစ်လိုက်ရကြောင်း သတင်းရရှိသည်။ မေလ ၅ ရက် ယနေ့တွင်လည်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ခြံထွက်ပြောင်းများတရုတ်ပြည်သို့တင်ပို့ရန် ခက်ခဲသဖြင့် ရွှေလီမြစ်ထဲသို့ ထော်လဂျီ အစီးရေ (၂၀)ခန့်သွန်ပစ်လိုက်ရကြောင်း နမ့်ခမ်းတောင်သူ စိုင်းသန်းမြင့်...

မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် တချို့ Quarantine မဝင်ရသေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမှပြန်ရောက်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်မှ တချို့သည် Quarantine မဝင်ရသေးကြောင်း သိရသည်။ မိုင်းလားမှ ပြန်လာသည့် ပြည်တော်ပြန် ၄၀၀ ကျော်ထဲမှ ၃၆၅ ဦးသည် မိုင်းလားမြို့တွင် ၂၁ရက် Quarantine ဝင်ထားပြီး ဖြစ်သော်လည်း ကျန်သည့် ၄၀ ကျော်သည် Quarantine...

Latest news