Tuesday, January 27, 2026

နမ့်ခမ်း တောင်သူများ ရွှေလီမြစ်ထဲသို့ပြောင်းများ သွန်ပစ်နေရ

မြန်မာ-တရုတ်နယ်စပ် ဒေသဖြစ်သည့် နမ့်ခမ်းမြို့နယ်တွင် ခြံထွက် ပြောင်းများ တရုတ်ပြည်သို့ ရောင်းခွင့် မရသဖြင့် ရွှေလီမြစ်ထဲသို့ သွန်ပစ်လိုက်ရကြောင်း သတင်းရရှိသည်။

Photo Numkham Youth- ပြောင်းများ တရုတ်ပြည်သို့တင်ပို့ရန်နယ်စပ်တွင် စောင့်ဆိုင်းနေကြစဉ်

မေလ ၅ ရက် ယနေ့တွင်လည်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ခြံထွက်ပြောင်းများတရုတ်ပြည်သို့တင်ပို့ရန် ခက်ခဲသဖြင့် ရွှေလီမြစ်ထဲသို့ ထော်လဂျီ အစီးရေ (၂၀)ခန့်သွန်ပစ်လိုက်ရကြောင်း နမ့်ခမ်းတောင်သူ စိုင်းသန်းမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အဲ့ထော်လဂျီတွေ တရုတ်ပြည်ကို သွားရောင်းဖို့ စောင့်နေတာ ၅ ည လောက်ရှိပြီ။ အခုပြောင်းတွေ ပုတ်ကုန် ခြောက်ကုန်ပြီဆိုတော့ ရွှေလီမြစ်ထဲသွန် လိုက်တာရှိတယ်။ နောက် လမ်းတွေပေါ် သွန်ချ လိုက်ရတာတွေရှိတယ်” ဟု စိုင်းသန်းမြင့် က ဆိုသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့တွင် ဧပြီ ၂၄ ရက်က အသက် ၈၇ နှစ်အရွယ် အမျိုးသမီး တဦး COVID-19 လူနာ အဖြစ် ကျန်းမာရေးဌာနက ကြေငြာပြီး နောက်ပိုင်း တရုတ်ဘက်မှ အာဏာပိုင်များက တင်းကျပ်စစ်ဆေးကာ နမ့်ခမ်းမြို့နယ် နယ်စပ်နေ ၁၉ ရွာမှ ဒေသခံများတပိုင်တနိုင်စိုက်ပျိုးမှုမှရသည့် ခြံထွက်သီးနှံ များပင် တင်ပို့ရောင်းချခွင့်မရသည်အထိ နယ်စပ်ဂိတ်များ ပိတ်ရန်အမိန် ့ထုတ်ထားလိုက်သည်။

ထိုသို့ ပိတ်ထားသည်သာမက အဆိုပါနယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံမှ ရဲများရာချီ လုံခြုံရေးချထားပြီး တရုတ်လူမျိုးများကို မြန်မာပြည်သို့ပေးမဝင်သကဲ့သို့ မြန်မာပြည်သူများလည်း တရုတ်ပြည်သို့ ပေးမဝင်ကြောင်း စည်းကမ်းချက်တွင် ထည့်သွင်းရေးသားထားသည်။

Photo Numkham Youth- ပြောင်းများ ရွှေလီမြစ်ထဲသို့သွန်ချနေရပုံ

နယ်စပ်ဂိတ်များကို ရက်ပေါင်း ၆၀ အကြာပိတ်ထားမည်ဖြစ်ပြီး ဥပဒေကျူးလွန်ကာ တနိုင်ငံနှင့် တနိုင်ငံ ခိုး ဝင်ပါက ကြီးလေးသည့် ပြစ်ဒဏ်ပေးသွားမည်ဟုလည်းဖော်ပြထားသည်။

“ တရုတ်ပြည် နယ်စပ်ဘက်မှာ ရဲတွေ တရာကျော်ရှိတယ်။ သူတို့ဘက်ကို ကျနော်တို့ဘက်က လူတွေ ဝင်မှာအရမ်းကြောက်နေကြတယ်။ နောက်ဆုံးကျနော်တို့ ရောင်းမရတော့လည်း သွန်လိုက်တာ ပဲ” ဟု ပြောင်းစိုက် တောင်သူ စိုင်းသန်းမြင့် က ထပ်လောင်း ပြောသည်။

မူဆယ်-နမ့်ခမ်းတလျှောက်ရှိခြံစိုက် တောင်သူများ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို မည်သည့် အစိုးရ၊ မည်သည့် အဖွဲ့မှ လာရောက် ဖြေရှင်းပေးခြင်းမရှိကြောင်းလည်း နမ့်ခမ်းမြို့နယ် အတွင်းရှိ တောင်သူများက ပြောသည်။

“ အခုထိ ဘယ်သူမှ လာမကြည့်ဘူး။ ကိုယ့်ဘာသာကိုယ် ရှုံး ရမှာ။ ဌာနဆိုင်ရာကလည်း ဆင်းမကြည့်ဘူး” ဟု ပြောင်းစိုက်တောင်သူ တဦးဖြစ်သည် စိုင်းစိုင်း က ဆိုသည်။

နယ်စပ် ဂိတ်တွင် ရက်ပေါင်းများစွာ အိပ်စောင့်နေပြီး တရုတ်ဘက်ဝင်ရောင်းခွင့်မရလိုက်သည့် အဆိုပါပြောင်းများကို အိမ်ပြန်သယ်ရန်အတွက် အခက်အခဲ ထပ်မံ ရှိကြောင်း၊ ထို့ကြောင့် လွှင့်ပစ်လိုက်ရခြင်းဖြစ်ကြောင်း စိုင်းစိုင်း ကပြောသည်။

“ အိမ်ပြန်သယ် ပြီး ထားရင်လည်း အဆင်မပြေဘူး။နောက် ခြောက်သွားရင်လည်း ဘာမှ လုပ်လို့ မရတော့ဘူး။ ဒါကြောင့် လွှင့်ပစ်လိုက်တာ ရွှေလီမြစ်ထဲကို ” ဟု စိုင်းစိုင်း ကဆိုသည်။

ထိုသို့ပြောင်းများ သွန်ချနေရခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မှ နည်းလမ်းရှာပေးရန် လိုအပ်နေကြောင်း၊ လက်ရှိ ပြဿနာသည် ပြည်တွင်း ကုန်ချော ထုတ်လုပ်မှု မရှိခြင်းကြောင်း ယခုကဲ့သို့အခက်အခဲများရင်ဆိုင်နေရကြောင်းလည်း နမ့်ခမ်းဒေသခံ စိုင်းထွန်းလှိုင်း ကပြောသည်။

“ သက်ဆိုင်ရာက နည်းလမ်းရှာနေကြတယ်လို့ပြောပေမယ့် ပြောင်းတွေက အထားမှ မခံတော့ ရွှေလီမြစ်ထဲပဲ သွန်လိုက်ရတာပေါ့” ဟု စိုင်းထွန်းလှိုင်း က ဆိုသည်။

လက်ရှိ မူဆယ်-နမ့်ခမ်း ခြံစိုက်တောင်သူများ စားဝတ်နေရေးခက်ခဲနေကြပြီး၊ အကြွေးများဖြင့် သောက ရောက်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

နမ့်ခမ်းမြို့နယ် ကလေးပြန်ပေးဆွဲသည့် အဖွဲ့မှ အသေ တစ်ဦး၊ အရှင် (၂) ဦး ဖမ်းဆီးမိ

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ကလေးငယ်ကို ပြန်ပေးဆွဲလုပ်သည့် အဖွဲ့အား အသေ တစ် ဦး၊ အရှင် (၂) ဦးကို တစ်နေ့တည်းအတွင်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉) ရက် နံနက်ပိုင်း ၈ နာရီခွဲကျော်တွင် နမ့်ခမ်းမြို့နယ်၊ စာရေးတန်းရပ်ကွက် (ပွၵ့်ၸရေးတၢၼ်း) ၌...