သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တောင်ထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် မိုင်းဆတ်မြို့ နယ် အနောက်ဘက် ကျတီကျေးရွာအုပ်စု အားဟယ့်ရွာတွင် နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာထဲတွင် အသတ်ခံရပြီး သေဆုံးနေကြောင်း မိုင်းဆတ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အမျိုးသမီးတစ်ယောက် တောင်ယာမှာသေတဲ့ အကြောင်းသိတော့ ရပ်ရွာ တာဝန်ရှိတဲ့လူနဲ့ သွားကြည့် ကြတာ။သူ့မရဲ့ ခေါင်းမှာလည်း ရိုက်ခံထားရသလိုမြင်ရတာ သွေးတွေလည်း ပေနေတယ်။ ဘာကြောင့် အသတ်ခံရလဲဆိုတာ မသိသေးဘူး။ သံသယရှိသူတွေကိုလည်း ဖမ်းထားတယ်။” မိုင်းဆတ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုအမျိုးသမီးတစ်ဦးသေဆုံးပြီးနောက် သံသယရှိသူ အမျိုးသား ၄ ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူ ရဲများက ဖမ်းဆီစစ်ဆေးထားပြီး ၃ ဦးကို ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုသေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၂ ဝန်ကျင်သာရှိပြီး ကလေး ၂ ယောက် နှင့် အမျိုးသား ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် သျှမ်းပြည် အရှေ့ပိုင်းတွင် လူသတ်မှုမကြာခဏဖြစ်ပွားလေ့ရှိပြီး အမည်မသိလက်နက်ကိုင် အစုဖွဲ့များမှ လိုက်လံ ဓားပြတိုက် ၊ လုယက်ခြင်း နှင့် ပြန်ပေးဆွဲခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။













Leave a Comments