မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း
SHAN -
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...
ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။
SHAN -
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
“ဥတုရာသီဘေး နဲ့ စစ်ဘေး ဆီက ဆိုက်ရောက်လာတဲ့ ငတ်မွတ်ခြင်း”
SHAN -
မြူနှင်းတွေဖုံးလွှမ်းပြီး အေးချမ်းတဲ့ အောက်တိုဘာ မနက်ခင်းတစ်ခုမှာ လယ်ကွင်းထဲက သက်လတ်ပိုင်းလူလေးယောက်ဟာ အလျှင်အမြန်နဲ့ ကောက်ရိတ်သိမ်းနေပါတယ်။အပေါ်ကို မော့ကြည့်လိုက်၊ ဘေးဘီဝဲယာကို မကြာခဏလှမ်းကြည့်ပြီး စိုးရိမ်ဟန်ပြကာ ရိပ်သိမ်းနေရပါတယ်။ ဘေးတစ်ဖက်စီမှာလည်း ရိတ်သိမ်းထားတဲ့ စပါးကောက်ထုံးလေးတွေကို စီရီစွာ မြင်တွေ့ရပါတယ်။ အာဏာသိမ်း စစ်တပ် စစ်ကြောင်းနဲ့တွေ့ရင် စပါးရိတ်သိမ်းတဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးလို့...
စဝ်နွံ မန်းရိုင်း ( ခ ) စူဠာမဏိ
SHAN -
အမည်- စဝ်နွံ မန်းရိုင်း အခြားအမည်- စူဠာမဏိ မွေးနေ့ ၁၉၄၆ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်မွေးရပ် သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့(အဖေဖြစ်သူသွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့်မြို့တွင်မွေးဖွားခဲ့) မိဘ -စဝ်ကျောက်မိုင်း၊ စဝ်နန်းစိန်မြ မွေးချင်းမောင်နှမ (၅)ဦး - (၁) စဝ်အွတ်၊ (၂) စဝ်နွံ မန်းရိုင်း၊ (၃) စဝ်နန်းဖောင်းနွန်း၊ (၄) စဝ်နန်းဖောင်းကျောက်၊...
SHAN -
တရုတ်နယ်စပ် အထည်ချုပ်စက်ရုံ၏ အေးစက်စက် ကြမ်းပြင်ပေါ်တွင် မေဇင် (အမည်လွှဲ) ရပ်နေသည်။ သူမ၏ မျက်လုံးများက စက်မှုလုပ်ငန်းသုံး မီးချောင်းများအောက်တွင် မှုန်မှိုင်းနေသော်လည်း သူမ၏ အတွင်းစိတ်က လားရှိုးမြို့ရှိ ပျက်စီးသွားသော အမေ့အိမ်လေးဆီသို့ တစ်စထက်တစ်စ ပြန်လည်ရောက်ရှိနေသည်။ အသက် ၂၉ နှစ်အရွယ် မေဇင်သည် တစ်ချိန်က လားရှိုးတွင် အေးချမ်းသော...
လူထုလုံခြုံရေးနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲ
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် ပြင်ဆင်နေသည်။ နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်နှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ကြီးမားသော လုံခြုံရေးအရ စိန်ခေါ်မှုတစ်ရပ်...
SHAN -
၁၉၉၆ခုနှစ် နှစ်ဦးပိုင်းတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် “စဝ်ခွန်ဆာ”သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးထားသည့် ရေကြည်အိုင်ထောက်လှမ်းရေးဝင်းအတွင်းရှိ အိမ်ဂေဟာ တွင် နေထိုင်နေရသည့် “စဝ်ခွန်ဆာ”ကို ကျနော်သွားမတွေ့ဖြစ်ပါ။ လုံခြုံရေးတင်းကြပ်ထားပြီး တွေ့ဆုံခွင့်ရရန် ခက်ခဲသည့်အပြင် သွားရောက် တွေ့ဆုံလျှင်လည်း ဆရာတပည့်နှစ်ယောက် စိတ်မကောင်းရုံသာ၊ စိတ်ဒဏ်ရာ မပေးချင် တော့ပါ။ စဝ်ခွန်ဆာ၏...
လူထုကျန်းမာရေးကို စတင် ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ
ဝါဆိုလ (ဇူလိုင်လ) ဟာ ပုံးအင်းလယ်သမားများအတွက် နွေစပါး ရိတ်သိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်း စိုင်းကျော်လှ တစ်ယောက် လယ်ထဲဆင်းရန် တွန့်ဆုတ်နေသည်။ အကြောင်းမှာ ပုံးအင်းဒေသရှိ လယ်ထဲတွင် ရေဆိုးများ ဝင်ရောက်လာသောကြောင့် လယ်သမားများ အရေပြား ယားယံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ “ရေနစ်ရင် နစ်သလောက်၊ ခါးအထိရောက်ရင် ခါးအထိ...
“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...
လူမျိုးရေးအမုန်းပွားအောင် ဇာတ်ကြောင်းဖန်တီးနေသည့် ဒေသတွင်းသတင်းဌာနအတုပကို လေ့လာခြင်း
နိဒါန်း လူမျိုးရေးအဓိကရုဏ်း (သို့မဟုတ်) လူမျိုးရေးတိုက်ပွဲ ဆိုသည်မှာ လူမျိုးအုပ်စုများအကြား လူမျိုးချစ်တတ်သည့် စိတ်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခဆိုသော်လည်း မည်သူ့ ပယောဂမှမပါဘဲ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းတော့ မရှိပေ။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော အမုန်းစကားများမှာ စစ်တပ်၊ အစိုးရနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများအပါအဝင် သြဇာကြီးမားသူများက အချိန်ကြာမြင့်စွာကတည်းက စနစ်တကျ ဖြန့်ဝေလာခြင်း...





