Sunday, October 13, 2024
သျှမ်းပြည်တောင်ပိုင်း၊  ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်း၏ဇနီး အသတ်ခံရကြောင်း ဒေသခံများ ပြောပြချက်အရသိရဿည်။   ယမန်နေ့ (အောက်တိုဘာလ ၁၂ ) ရက် ညနေ ၆ နာရီခွဲအချိန်တွင် အရပ်ဝတ်နှင့် အမည်မသိ လူ (၈)ဦးမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးကို လာရောက်ပစ်သတ်ခဲ့ပြီး ယနေ့ (အောက်တိုဘာလ ၁၃)ရက်နေ့တွင် ရွာငံဆေးရုံတွင် သင်္ဂြိုသွားမည် ဖြစ်ကြောင်း ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်၊  အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏​ဇနီးသည် ရဲတပ်သား ကိုမော့၏ မိဘများလည်း ဖြစ်သည်။ အသတ်ခံရသည့်သူ နှစ်ဉီးသည် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရပ်ရွာထဲတွင်လည်း တက်ကြွလှုပ်ရှားသည့် လူငယ်များနှင့်ဒီမိုကရေစီ စနစ်ကို ကြိုက်နှစ်သက်သည့် လူများ အဖမ်းခံရအောင် စစ်ကောင်စီထံ သတင်းပေးသည့် သူလည်းဖြစ်သည်။ “ ညနေ ၆ ခွဲတုန်းက သေနတ်သံကြားတယ်။ လန့်သွားတာပဲ။ အိမ်ထဲ ပြေးဝင်ပြီး လှုပ်တောင်မလှုပ်ရဲဘူး။ စစ်သားတွေ ဝင်တင်ထင်တာ။ ဘယ်ဟုတ်မလဲ လူငယ်တွေကို အဖမ်းခံရအောင် သတင်းပေးနေတဲ့ လင်မယားအသတ်ခံရတာ။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  ထို့အပြင် လာရောက်ပစ်ခတ်ခဲ့သော အမည်မသိ လူများသည် ဦးဇော်လွင်တို့ လင်မယားကို ပစ်ခတ်ပြီး အိမ်ရှေ့တွင်  နောက်ထပ်ပစ်မှတ်ထားသည့် လူကျန်ရှိနေသေးကြောင်း စာကပ်ထားခဲ့သည်ဟု ၎င်းအမျိုးသားက ထပ်လောင်း ပြောသည်။ လက်ရှိ သိမ်ကုန်းရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ ရှိပြီး ကျေးရွာတွင်း ဒေသခံများ တောခြံသို့ လွတ်လပ်စွာမသွားရဲပဲ ကြောင့်ရွံ့နေကြကြောင်း သိရသည်။ “ရွာမှာ ပျူစောထီးတပ်ထဲကို ဝင်နေတဲ့သူတွေလဲရှိတော့ တောထဲတောင် သိပ်မသွားရဲဘူး။ သူတို့က ရွာသားအချင်းချင်းဆိုပေမဲ့ လက်နက်ရှိတော့သူတို့က ညှာတာမှာ မဟုတ်ဘူး။ မကျေနပ် အမြင်မကြည်ရင် သတ်သွားမှာကြောက်တယ်။” ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကပြောသည်။ အုပ်ချုပ်ရေးမှူးလင်မယား အသတ်ခံရပြီးနောက်ပိုင်း နောက်ဆက်တွဲ အနေဖြင့် စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့ဝင်များက ကျေးရွာသူ၊ကျေးရွာသားများကို ဖိနှိပ် ခြိမ်းခြောက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။ လက်ရှိ ရွာငံမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO)  ၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နယ်မြေစိုးမိုးနေလျှက်ရှိပြီး ကျေးရွာများတွင်လည်းမကြာခဏ လာရောက် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

အမြင်သဘောထား

- SHAN APP -spot_img

Trending

Shan Radio Online ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ

Stay Connected

870,165FansLike
14,743FollowersFollow
112,000SubscribersSubscribe

လူ့အခွင့်အရေး

နိုင်ငံရေး
Latest

ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်းဇနီး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊  ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ၎င်း၏ဇနီး အသတ်ခံရကြောင်း ဒေသခံများ ပြောပြချက်အရသိရဿည်။   ယမန်နေ့ (အောက်တိုဘာလ ၁၂ ) ရက် ညနေ ၆ နာရီခွဲအချိန်တွင် အရပ်ဝတ်နှင့် အမည်မသိ လူ (၈)ဦးမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးကို လာရောက်ပစ်သတ်ခဲ့ပြီး ယနေ့ (အောက်တိုဘာလ ၁၃)ရက်နေ့တွင် ရွာငံဆေးရုံတွင် သင်္ဂြိုသွားမည် ဖြစ်ကြောင်း ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်၊  အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏​ဇနီးသည် ရဲတပ်သား ကိုမော့၏ မိဘများလည်း ဖြစ်သည်။ အသတ်ခံရသည့်သူ...

“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်”

သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊...

ပင်လောင်းမြို့နယ် PNO နှင့်စစ်ကောင်စီအင်အားဖြည့် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် လဲလောင်းကျေးရွာအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) က စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ လဲလောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ လင်ခမ်းကျေးရွာ စသည့်ကျေးရွာများတွင် အောက်တိုဘာလ ပထမပတ်မှစကာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံတိုးထားသဖြင့် ကရင်နီ...

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အာဆီယံက ဘာလို့ခေါ်တွေ့တာလဲ

မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းသုံးရက်တာ အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ, သျှမ်းပြည်တပ်မတော်...

လာအိုနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံခြားဝန်းကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ပါ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၁) ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်နေသည့် ထိုဆွေးနွေးပွဲများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဒ်တို့ တက်ရောက်ခဲ့သလိုပင်...

မူးယစ်ဆေးဝါး

- SHAN's Official App -spot_img

ပညာရေး

စစ်ရေး

- Podcast & Radio -spot_img

ယဉ်ကျေးမှု

သဘာဝအရင်းအမြစ်
Latest

“သစ်ပင်တွေ ခုတ်ပဲခုတ်နေမယ်၊ ရောင်းပဲရောင်းနေမယ် ဆိုရင် ပြသာနာ ပိုပြီးတက်လာနိုင်တယ်။ တစ်နှစ်ပြီးတစ်နှစ် ပိုဆိုးရွားလာနိုင်တယ်”

ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်တာ ပိုပြီးများလာခဲ့ပြီး နွေရာသီတွင် အရမ်းပူပြင်းပြီး အပူလိုင်းဖြတ်တာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ အခု မိုးနှောင်းရာသီမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြားတာ၊ လူထိခိုက် သေဆုံးတာတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း သဘာဝ ဘေးအန္တာရာယ်ကြောင့် လူသေဆုံးမှုတွေကလည်း ပိုများပြားလာခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ ပိုပြီးထူးခြားတာတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ...

မိုင်းဆတ်မြို့ ကုန်သွယ်ရေးခက်ခဲ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် တစ်လကျော်ကြာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ကုန်သွယ်ရေးခက်ခဲကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်လ (စက်တင်ဘာ ၁၀ ရက်) တွင် မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားသည် တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုင်းဆတ်-တာချီလိတ်ကို ဆက်သွယ်သော လမ်း၊ တံတားများ...

ထိုင်းနိုင်ငံမြောက်ပိုင်း ရေကြီးမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အခက်အခဲများစွာ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်အတွင်း ရေကြီးမှု ရုတ်တရက် ဖြစ်ပွားသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ ၂၄ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းကာ ချင်းမိုင်မြို့တွင် နမ့်ပင်ချောင်းရေ မြင့်တက်လာပြီး အောက်တိုဘာ (၄)ရက်တွင် အနိမ့်ပိုင်းမြို့နယ်တွင်နေထိုင်သူများ ရေကြီးမှုကို ရုတ်တရက် ကြုံလာရသည်။ ထိုရေကြီးမှုကြောင့်...

တောင်ကြီး ကျောင်းကြီးစု ရပ်ကွက်အတွင်း မြေပြိုမှုစတင်ဖြစ်ပေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစု နယ်မြေ ၆ ရပ်ကွက်ထဲတွင် မြေပြိုမှုစတင်ဖြစ်ပေါ်နေပြီး နေအိမ်တစ်လုံးထိခိုက်ထားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းမှစတင်ပြီး ကျောင်းကြီးစု နယ်မြေ ၆ အတွင်း တောင်စောင်းမှ မြေပြိုဆင်းလာမှုကြောင့် နေအိမ်ထိခိုက်မှုပါရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “၆ ရက်နေ့ မနက်တည်းက...

ကျန်းမာရေး

- SHAN's Official App -spot_img

ကျန်းမာရေး