စစ်ရေးမတည်ငြိမ်မှုကြား လားရှိုးတက္ကသိုလ်ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့တွင် စစ်ရေးမတည်ငြိမ်မှုများကြားမှပင် လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း ဒေသခံ ကျောင်းသူ ကျောင်းသားများ ပြောပြချက်အရ သိရသည်။

တရုတ်ကြားဝင်စေ့စပ်မှုဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထံမှ စစ်ကောင်စီ ပြန်လည်ထိန်းချုပ် ရယူထားသည့် လားရှိုးမြို့တွင် မြို့ပေါ်ရှိ လားရှိုးတက္ကသိုလ်၌ နေ့သင်တန်း ကျောင်းသား/သူများအတွက် လာမည့် နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဟု လားရှိုးဒေသခံများက ပြောသည်။

“၂၄ ရက်နေ့ စဖွင့်မယ်လို့ ပြောတယ်၊ အဲဒီနေ့မှပဲ ကျောင်းသား ရှိ/မရှိ သိရမှာပါ။ ပြန်ဖွင့်ဖို့ သန့်ရှင်းရေး တွေတော့ လုပ်နေတယ်။ တက္ကသိုလ်ထဲမှာ လက်နက်ကြီးတွေ၊ ဗုံးတွေကျလို့ လူတွေလည်း အများကြီး သေထားတော့လေ။ ကျောင်းဆောင်တွေ ပြန်ပြင်ထားတယ်ဆိုပေမယ့် အနည်းအကျဉ်းပဲ၊ အကုန်လုံးတော့ အဆင်သင့် မဖြစ်လောက်သေးဘူး” – ဟု လားရှိုးမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် လားရှိုးမြို့ရှိ တက္ကသိုလ်များသည် နှစ်နှစ်ကြာ ပိတ်ထားခဲ့ရပြီးနောက်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို လားရှိုးတက္ကသိုလ်၌ ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းက ဆိုသည်။

လားရှိုးတက္ကသိုလ်

“တချို့ကျောင်းသားတွေလည်း အဆောင်မှာ ရောက်နေတာရှိတယ်။ တချို့လည်း မလာသေးဘူး။ ကျောင်းပြန်ဖွင့်မယ့်ရက်ကို ကျောင်းအဝင်ဝမှာ ဗီနိုင်းချိတ်ထားတယ်။ မူဆယ်၊ နမ့်ခမ်း ဘက်ကလည်း ကျောင်းလာတက်ကြမယ့်သူတွေ ရှိတယ်။ တချို့ သူငယ်ချင်းတွေလည်း စီးပွားရေးနောက်လိုက်ရင်း အလုပ်လုပ်ကြတော့ ကျောင်းပြန်မတက်တာ များပါတယ်” – ဟု လားရှိုးမြို့တွင် ရောက်ရှိနေသည့် လူငယ်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား စစ်ရေးမငြိမ်မသက် ဖြစ်နေစဉ်ကာလအတွင်း လားရှိုးမြို့တွင် တက္ကသိုလ် ပြန်လည်တက်ရောက်ရမည့် ကျောင်းသား/သူများမှာ လမ်းခရီးလုံခြုံရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် ကုန်ဈေးနှုန်း မြင့်မားမှုတို့ကိုလည်း စိုးရိမ်ပူပန်နေကြောင်း သိရသည်။

အလားတူ လားရှိုးမြို့သည် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်နေခြင်းကြောင့် တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/သူများကို ကြိုတင်မဲပေးခိုင်းခြင်းများ ရှိလာမည်ကိုလည်း စိုးရိမ်နေကြသည်။

လတ်တလောတွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (GTI) ကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ အထက (၁) စာသင်ကျောင်းအနီး ပြောင်းရွှေ့ဖွင့်လှစ်ထားသော်လည်း ကျောင်းတက် ရောက်သူ အနည်းငယ်သာ ရှိကြောင်း သိရသည်။

သို့သော် လားရှိုးမြို့ပေါ်ရှိ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့အပြင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ အပြင်ဘက် ဟိုပိတ်ကျေးရွာရှိ လားရှိုးနည်း ပညာတက္ကသိုလ်နှင့် မယ်ဟန်ကျေးရွာရှိ လားရှိုးကွန်ပျူတာတက္ကသိုလ်များမှာ ပြန်လည်ဖွင့် လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း လုံခြုံရေး စိုးရိမ်မှုကြောင့် လားရှိုးမြို့ရှိ တက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို အခြားမြို့များနှင့် ပြည်မရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်ရန် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ညွှန်ကြားခဲ့သည်။

ထို့ကြောင့် လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများမှာ သျှမ်းပြည်အတွင်းရှိ တောင်ကြီးနှင့် ပင်လုံတက္ကသိုလ်ဘက်အပြင် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများဘက်သို့ပါ ကျောင်းပြောင်းရွှေ့ တက်ရောက်ခဲ့ရသည်။

ယမန်နှစ် ၂၀၂၄ ဇူလိုင်လတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် မဟာမိတ်တပ်များ၏ လားရှိုးမြို့သိမ်းတိုက်ပွဲ အတွင်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) အနီးရှိ လားရှိုးတက္ကသိုလ်ဝင်းထဲ လက်နက်ကြီးနှင့် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဆောက်လုပ်ပြီးစ ဘွဲ့နှင်းသဘင်ခန်းမဆောင် အပါအဝင် စာသင်ဆောင် အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။

EORE 6

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...