လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​

ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့် ကျေးရွာမှ ကလေးမိဘများက ပြောသည်။ 

အဆိုပါ စာသင်ကျောင်းပိတ်ခံရသည့် ကျောင်းများသည် သီပေါမြို့ပေါ်နှင့် ၁၀မိုင်ကျော် ကွာဝေပြီး၊ ကျောင်းသွား၊ လာစရိတ်နှင့် လမ်းပန်းခက်ခဲမှုကြောင့် ကျောင်းသား (၁၀၀၀)ကျော် စာသင်ခွင့် ရပ်ဆိုင်းထားရကြောင်း ကျောင်းပိတ်ဆိုင်းခံရသည့် ကျောင်းသား၏ ဖခင် တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“ ကျနော်တို့ ကလေးကို မြို့ပေါ်ကျောင်းထားဖို့ ကြို၊ပို့ဖို့ကခက်တယ်။ မိုးရွာသီချိန်ဆိုလမ်းပန်းလည်းမကောင်းဘူး နောက် အချိန်လည်း ကုန်တယ်လေ။ ဒီကာလက ကုန်စျေးနှုန်းနဲ့ စက်သုံးဆီနဲ့ မသက်နိုင်ဘူး” ဟု ၎င်းကျောင်းသား၏ ဖခင်က ဆိုသည်။ 

 “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းဖြစ်သည့် ၂၀၂၄ ခုနစ် ဇူလိုင် ၂၀ရက်မှ အောက်တိုဘာ ၁၃ရက်အထိ  သီပေါမြို့တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)၊ ကိုးကန့်တပ် (MNDAA) ပူးပေါင်းကာ စစ်ရေး ပြင်းထန်ခဲ့သည်။ 

သို့သော်  တရုတ်၏ ညှိနှိုင်းမှုကြောင့် စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ရက်တွင်  ပြန်လည် ထိန်းချုပ်ခဲ့သော်လည်း သီပေါမြို့နယ် ကျေးရွာအုပ်စု အချို့တွင် MNDAA တပ်များ ဆက်လက်ထိန်းချုပ်ထားခဲ့သည်။

ထိုအချိန်မှစတင်ကာ သီပေါမြို့ပေါ်နှင့် သီပေါမြို့နယ်အတွင်း ရှိ စာသင်ကျောင်းများ ပိတ်ဆိုင်းလာခဲ့ရာ ၂၀၂၆ခုနစ် စာသင်နှစ်မှသာလျှင် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ရသည်။​

သို့သော်လည်း ၂၀၂၆ခုနစ် သြဂုတ်လဆန်းပိုင်းတွင် ပြန်လည် ပိတ်ဆိုင်းလိုက်ရသည့်အတွက် ကျောင်းသားများ အတွက် ပညာသင်ကြားခွင့် ထိခိုက်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ အခုကျနော်တို့ ကလေးတွေ ပညာသင်ကြားခွင့် ဆုံရှုံးတယ်။ နောက်ကလေးတွေက  စိတ်ပိုင်းဆိုင်ရာထိတယ်။  ကျောင်းပိတ်လိုက် ဖွင့်လိုက်လုပ်တော့ ကလေးတွေ အသက်တနှစ်ပြီးတနှစ်ကြီး အတန်းနောက်ကျလာတော့ ကလေးတွေက ကျောင်းတက်ဖို့ ရှက်လာတယ်။ မတက်ချင်တော့ဘူး” ဟု ကလေးမိဘ တစ်ဉီးက ဆိုသည်။ 

ယခုပိတ်လိုက်သည့် စာသင်ကျောင်း (၁၇)ကျောင်းသည် MNDAA ထိန်းချုပ်ထားသည့်  သီပေါမြို့နယ် ဆောင်ကြဲကျေးရွာ မှ  အထက်တန်းကျောင်း နှစ်ကျောင်း၊ နောင်အန်ကျေးရွာမှ အလယ်တန်းကျောင်းခွဲ တကျောင်း၊ နှင့် ပန်းခမ်းကျေးရွာ၊ နားမခေါ်ကျေးရွာ၊  နားတောင့်ကျေးရွာ၊ ပန်စောက်မိန်းကျေးရွာ၊ နောင်တုံကျေးရွာ နှင့် ပန်မိတ်ကျေးရွာမှ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်း (၁၄)ကျောင်းတို့ပါဝင်ကြောင်း ဒေသခံများပြေပြချက်အရသိရသည်။​

“ ကျောင်းကို လုံခြုံရေးအရ ပိတ်လိုက်တော့ ကျမတို့က တိုက်ပွဲပြန် ဖြစ်လာမှာလားဆိုတာ စိုးရိမ်ရပြန်တယ်။ တိုက်ပွဲပြန် မဖြစ်စေချင်တော့ဘူး။ လက်နက်ကိုင် အချင်းချင်းညှိနှိုင်း လို့မရရင် ပြန်တိုက်ကြတော့ ကျမတို့လည်း အခု ပြန်ပြေးရမှာလားပေါ့” ဟု သီပေါမြို့နယ် ဒေသခံ အမျိုးသမီး တဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။​

အဆိုပါ  သီပေါမြို့နယ် လုံခြုံရေးအရ ပိတ်ခံထားရသည့် စာသင်ကျောင်း(၁၇)ကျောင်း ပြန်ဖွင့်လှစ်ပေးရန် အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ကို စာတင်ထားကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းထက်စံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျနော် အခု စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် ပြည်ထောင်စုအဆင့်ကို တင်ပြထားပါတယ်” ဟု စိုင်းကောင်းထက်စံက ဆိုသည်။ 

အဆိုပါ ပိတ်ထားသည့်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ၁,၀၀၀ ကျော် ရှိပြီး၊ ဆရာ၊ ဆရာမ ၃၀ ကျော် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ် အခြေအနေ ကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ၂၀၂၆ခုနစ် ဇူလိုင် ၂၁ ရက် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

စစ်အုပ်ချုပ်ရေး သက်တမ်းတိုးခံရသည့် သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၅မြို့နယ်ထဲတွင် သီပေါမြို့နယ် ပါဝင်သည်။ 

သီပေါမြို့နယ်သည် စစ်ကော်မရှင်တပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီး၊  စစ်ကော်ရှင် ဉီးဆောင်ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲတတိယပိုင်း ၂၀၂၆ခုနစ် ဇန်နဝါရီ ၂၄ရက်တွင် ကျင်းပခဲ့ပြီး  သီပေါလွှတ်တော်ကိုယ်စားလှယ်များ ပေါ်ထွက်ခဲ့သည်။

သို့သော်လည်း စစ်ကော်မရှင်၏ စစ်အုပ်ချုပ်ရေးသည် ယနေ့ထိတိုင် ရှိနေသေးသည်။ 

သီပေါမြို့နယ်သည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန် ဖြတ်သန်းရာ အဓိကကျသည့်လမ်းပိုင်းတွင်ပါဝင်နေပြီး၊ အချို့နယ်မြေများတွင် MNDAA တပ်ဖွဲ့များ ရှိနေခြင်းကြောင့် စစ်ရေးအရ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်း လည်း သျှမ်းပြည်မြောက်ပိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။ 

“၁၀၂၇ စစ်ဆင်ရေး”ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့်  TNLAသည် လွန်ခဲ့သည့် ဇူလိုင်လ ၁၉ရက်တွင် နေပြည်တော်သို့ သွားရောက်ပြီး  စစ်ကော်မရှင်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံခဲ့ပြီး တအာင်းပြည်နယ် သတ်မှတ်ရေးအတွက် တောင်းဆိုခဲ့သည်။ 

သို့ရာတွင် ယခု သြဂုတ်လအတွင်း “ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA )နှင့် အတူ MNDAA သည်လည်း နေပြည်တော်သို့ ငြိမ်းချမ်းရေးသွားမည်ဟု ပြောဆိုခဲ့ရာ ယနေ့အချိန်ထိ MNDAA သွားရောက်ခြင်းမရှိပေ။

“ သျှမ်းပြည်မြောက်ပိုင်း အရေးက အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်တယ်။ TNLA ကလည်း နေပြည်တော်သွားပြီး ဆွေးနွေးမှုရှိတယ်။ MNDAA ကမသွားသေးတော့ သူ(MNDAA) ထိန်းချုပ်တဲ့နယ်မြေတွေမှာ တိုက်ပွဲဖြစ်လာနိုင် တယ်။  ဒါပေမယ့် တရုတ်ရဲ့ ထိန်းချုပ်မှုပါပဲ” ဟု သျှမ်းပြည်မြောက်ပိုင်း နိုင်ငံရေးလေ့လာရေးတဉီးက ဆိုပြန်သည်။ 

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ယခုနှစ် ၂၀၂၆ခုနစ် ဇွန်လ ၁၅ရက်မှ ၁၉ရက်အထိ တရုတ်နိုင်ငံသို့ ၅ရက်ကြာသွားရောက်ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MOU) ၁၈ခုထိုးခဲ့သည်။

ထိုထဲတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ကိစ္စ၊ ရေအားလျှပ်စစ်စီမံကိန်းကိစ္စတို့ပါဝင်ပြီး၊ ထို နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MOU) ၁၈ခု အမြန်အကောင်အထည်ဖော်ရန်လည်း ကြွေးကြော်ခဲ့သည်။ 

ထိုကြောင့် လက်ရှိ စီမံကိန်းအကောင်းအထည်ဖော်ရန်အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မြန်မာ_တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောတလျောက် မှ တပ်ဆုတ်ပေးရန်လည်း လိုအပ်ကြောင်း၊ ထိုကဲ့သို့ စစ်ကော်မရှင်တောင်းဆိုချက်ကို လက်မခံနိုင်လျှင် သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပြန်လည် ဖြစ်လာနိုင်ကြောင်း လည်း သျှမ်းပြည်အရေးလေ့လာသုံးသပ်သူများ ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...