သျှမ်းပြည်တွင်း စိုးရိမ်ဖွယ်ရာ လိင်နှင့်ဂျဲန်ဒါ အကြမ်းဖက်မှုပုံစံများ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

သျှမ်းပြည်တစ်ဝှမ်း လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း) က အစီရင်ခံစာ အသစ်တစ်စောင် ထုတ်ပြန်လိုက်သည်။

ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင် တရားမျှတမှု ငြင်းပယ်ခံရခြင်း- လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုနှင့် တရားမျှတမှု ရရှိခွင့်” ဟူသော ‘စွမ်း’အစီရင်ခံစာသစ်တွင် လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုဒဏ်မှ ရှင်သန်လွတ်မြောက်လာသူများကို ကာကွယ်ပေးရာတွင် တရားရေးစနစ်များက ဆက်လက် ပျက်ကွက်နေကြောင်း မှတ်တမ်းတင်ထားသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတို့က အားနည်းချက်ရှိပြီးသား တရားရေးစနစ်များကို ပိုမိုအားနည်းစေသည့်အပြင် အမျိုးသမီးများအား အကြမ်းဖက်ခံရနိုင်ခြေ ပိုမိုမြင့်မားလာစေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“သျှမ်းပြည်မှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေက ပြင်းထန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်း တစ်ခုအဖြစ် ဆက်ရှိနေတာကို တွေ့ရှိချက်တွေက ပြနေပါတယ်” ဟု ‘စွမ်း’အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ် တာဝန်ခံဖြစ်သူ ဆိုင်က ပြောကြားသည်။

SWAN

သျှမ်းပြည်တစ်ဝှမ်း လိင်နှင့်ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း (၁၇၂) ခုကို မှတ်တမ်းတင်ထားပြီး ထိုထဲတွင် အိမ်တွင်းနှင့် ရင်းနှီးသော လက်တွဲဖော်အကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုဖြစ်စဉ် ၈၉ ခု (၅၁.၇%) ရှိခဲ့ပြီး အများစုမှာ ခင်ပွန်း သို့မဟုတ် ချစ်သူရည်းစားများက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာများက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ‘စွမ်း’အဖွဲ့၏ အစီရင်ခံစာသစ်တွင် ထောက်ပြထားသည်။

ထို့အပြင် မုဒိမ်းကျင့်မှုနှင့် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ဖြစ်စဉ် ၇၀ အထိ ရှိခဲ့ရာ၊ ၎င်းထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၀ ပါဝင်ပြီး အသက်အငယ်ဆုံး ရှင်သန်လွတ်မြောက်လာသူမှာ သုံးနှစ်အရွယ်သာ ရှိသေးကြောင်း၊ ကျူးလွန်သူများထဲ ၁၅%မှာ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများမှ စစ်သားများ ဖြစ်ကြကြောင်း အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။

အလားတူ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ ဖြစ်ကြသည့် ထိခိုက်လွယ်သူများအပေါ် ကျူးလွန်မှုများနှင့် အသက်ဆုံးရှုံးမှုများမှာလည်း စိုးရိမ်ဖွယ်ဖြစ်ပြီး ဖြစ်စဉ် ၇ ခုတွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အခြားဖြစ်စဉ် ၇ ခုတွင် မိမိကိုယ်ကို အဆုံးစီရင်ခြင်း သို့မဟုတ် အဆုံးစီရင်ရန် ကြိုးပမ်းခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စွမ်းရဲ့ အစီရင်ခံစာ

တရားမျှတမှု ရရှိရေးတွင် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများ ရှိနေပြီး မှတ်တမ်းတင်ထားသော ဖြစ်စဉ်ပေါင်း ၁၇၂ ခုအနက် ထက်ဝက်ခန့်တာ မှတ်တမ်းတင် ဖြေရှင်းဆောင်ရွက်ချက် သို့မဟုတ် အရေးယူမှုအဖြစ် တွေ့ရသည်။

ထိခိုက်ခံစားရသူ ၇၀ % ကျော်က အကြမ်းဖက်မှု ဖြစ်စဉ်များကို အစပိုင်းတွင် ကျေးရွာခေါင်းဆောင်များထံ တိုင်ကြားခဲ့ကြသော်လည်း ၎င်းတို့က အိမ်တွင်းအကြမ်းဖက်မှုကို “မိသားစုတွင်း ပုဂ္ဂလိကကိစ္စ”အဖြစ် သဘောထား လျစ်လျူရှုလေ့ရှိကြပြီး တရားမျှတမှုနှင့် ကာကွယ်စောင့်ရှောက်မှု ပေးမည့်အစား အတင်းအဓမ္မ လက်ထက်ထိမ်းမြားစေခြင်း သို့မဟုတ် လျော်ကြေးငွေ ပေးစေခြင်းဖြင့်သာ ဖြေရှင်းလေ့ရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

“ရှင်သန်လွတ်မြောက်လာသူတွေဟာ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ခံစားရုံသာမက တရားမျှတမှု၊ လုံခြုံမှုနဲ့ အထောက်အပံ့တွေ ရရှိရေးမှာလည်း ကြီးမားတဲ့ အတားအဆီးတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ နေကြရတယ်”ဟု စွမ်းအဖွဲ့မှ ဆိုင် က ဆက်ပြောသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ စစ်သားများက ကျူးလွန်သည့် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများတွင် ရှင်သန်လွတ်မြောက်ခဲ့ရသူများသည် ခြိမ်းခြောက်ခံရခြင်း၊ ဖြစ်စဉ်များကို ဖုံးကွယ်ဖျောက်ဖျက်ခံရခြင်းအပြင် ကျူးလွန်သူများ အပြစ်ပေး အရေးယူ မခံရဘဲ လွတ်မြောက်နေခြင်းနှင့် ပိုမိုမြင့်မားသော အန္တရာယ်တို့ကို ရင်ဆိုင်ခဲ့ရကြောင်း ‘စွမ်း’အစီရင်ခံစာတွင် သတိပေးထားသည်။

ကျေးရွာဒေသန္တရ အုပ်ချုပ်ရေးများ၊ EROs များနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူ အားလုံးကို လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက်လာသူများကို ဗဟိုပြုသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရန် ‘စွမ်း’အဖွဲ့မှ တိုက်တွန်းထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကျူးလွန်သူများ တာဝန်ခံမှု ရှိစေရေး၊ ရှင်သန်လွတ်မြောက်လာသူများ အနေဖြင့် တရားမျှတမှုနှင့် ဘက်စုံထောက်ပံ့ကူညီမှုများ ရရှိနိုင်ရေးအတွက် အာမခံချက်ပေးခြင်းအပြင် အကြမ်းဖက်မှု တည်မြဲစေသည့် အန္တရာယ်ရှိသော ဂျဲန်ဒါ ဓလေ့ထုံးစံများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ ပါဝင်ရမည်ဟု အကြံပြုထားသည်။

စွမ်းအစီရင်ခံစာ

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရေးဆိုင်ရာ ဘက်စုံကမ္ဘာလုံးဆိုင်းရာ အစီအမံများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

ထို့အပြင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှတဆင့် တာဝန်ခံမှု ရှိစေရေး ကြိုးပမ်းအားထုတ်မှုများ အပါအဝင် နိုင်ငံတကာအဆင့် တာဝန်ခံမှု ရှိစေရေး ယန္တရားများကို ထောက်ခံအားပေးရန်နှင့် ဒေသခံ အမျိုးသမီး ဦးဆောင်သော အဖွဲ့အစည်းများကို စဉ်ဆက်မပြတ် ထောက်ပံ့ကူညီရန် အစီရင်ခံစာတွင် တိုက်တွန်းတောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးအခွင့်အရေး လျစ်လျူရှုခံထားရ

0
နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women day) အဖြစ် သတ်မှတ်ထားသည်။ ယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူရေးနှင့် အမျိုးသမီးတို့ လုပ်နိုင်စွမ်းအားအပေါ် အသိအမှတ်ပြုဖော်ပြသည့် နေ့တစ်နေ့လည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများကြား...

လှိုင်းကြီးလေထန် ကြံ့ကြံ့ခံ “စွမ်း” ၂၅ နှစ် ခရီးကြမ်း

0
“မတရားမှုများ ဆက်လက် ကြီးစိုးနေမှုအပေါ် နှုတ်ဆိတ်နေမှာ မဟုတ်၊ လက်ပိုက်ကြည့်နေမှာ မဟုတ်” ဆိုသည်မှာ စွမ်း (SWAN) ၏ ရှင်းလင်းပြတ်သားသည့် ခံယူချက်ဖြစ်သည်။ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်သည် အကြမ်းဖက်မှု၊ မတည်ငြိမ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြန့်ပွား တိုးများ လာခဲ့ပြီး အခက်အခဲများ၊ စိန်ခေါ်မှုများ မကြုံစဖူး...

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိလာ

0
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခဒေသများအတွင်း အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( Burmese Women’s Union ) မှ ထုတ်ပြန်ထားသည်။ မြန်မာ့အမျိုးသမီးသမဂ္ဂမှ စာရင်းပြုစုချက်အရ စစ်ရေးပဋိပက္ခဒေသဖြစ်ပွားနေသည့် ကရင်နီ (ကယား) ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး...

သျှမ်းပြည် လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှု အပေါ်အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ

0
သျှမ်းပြည် အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား - မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ထုတ်ပြန်လိုက်သည်။ မတ်လ မှ ဧပြီလ အထိကောက်ယူထားသည့် အချက်အလက်အရ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ၇...

သျှမ်းပြည် ဇွန်လတွင်း ကျား-မအခြေပြုအကြမ်းဖက်မှု (၁၀)မှုရှိ

0
သျှမ်းပြည် ဇွန်လအတွင်း ကျား - မ အခြေပြု အကြမ်းဖက်မှု (၁၀) မှု ရှိပြီး အများစုမှာ အိမ်တွင်းအကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ကြောင်း SWANမှ ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်သည် ဇူလိုင် (၁၁) ရက်တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)...