Tuesday, January 27, 2026

လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးအခွင့်အရေး လျစ်လျူရှုခံထားရ

နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women day) အဖြစ် သတ်မှတ်ထားသည်။ ယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူရေးနှင့် အမျိုးသမီးတို့ လုပ်နိုင်စွမ်းအားအပေါ် အသိအမှတ်ပြုဖော်ပြသည့် နေ့တစ်နေ့လည်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများကြား အမျိုးသမီးများ၏အခွင့်အရေးကို လျှစ်လျူရှုခံထားရပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရသည့် ဖြစ်ရပ်များစွာကို ကြုံတွေ့နေကြရသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် သျှမ်းပြည်အတွင်းက အမျိုးသမီးအရေး လုပ်ဆောင်သူတချို့၏ ဒေသတွင်းရှိ တိုက်ပွဲပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသခံအမျိုးသမီးများကြား ကြုံတွေ့ခံစားနေရသည့် အိမ်တွင်းအကြမ်းဖက်ခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုတို့အပါအဝင် အခက်အခဲ၊ စိန်ခေါ်မှုများအပေါ် ထုတ်ဖော်ပြောဆိုမှု စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။


နန်းမွန်းမွန်းပေါင်း (အမျိုးသမီးအရေးလုပ်ဆောင်နေသူ ဒေသခံတစ်ဦး)

အမျိုးသမီးနဲ့ ကလေးမိခင်အမျိုးသမီးတွေ၊ ကိုယ်ဝန်အရင့်အမာကြီးနဲ့ စစ်ဘေးရှောင်ဖို့ ဝေးလံတဲ့ခရီးတွေကို ဖြတ်သန်းလာရတဲ့အတွက် ကလေးအဖတ်မတင်တာတွေ ဖြစ်တာကိုလည်းတွေ့ရတယ်။ ဒီလိုအခြေအနေနဲ့ အမျိုးသမီးတွေက အလုပ်ခွင်တွေလည်း ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ စစ်ဘေးရှောင်စခန်းတွေမှာပဲ နေထိုင်ရင်း ထောက်ပံ့တာတွေကိုပဲ အားကိုးနေရတယ်။ တချို့ဆို နေစရာတောင်မရှိတော့ဘူး၊ အိမ်တွေ အားလုံးက မီးလောင်ပြာကျသွားတာလေ။ အကုန်လုံး တစ်ကနေပြန်စရမယ့်အဖြစ်တွေ ၊ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ တချို့လက်နက်ကိုင်တွေဆိုရင် ပိုက်ဆံလည်းရှိတယ်၊ အာဏာလည်းရှိလာတဲ့အခါကြတော့ အာဏာပြပြီးအမျိုးသမီးတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်လာတာတွေလည်း ရှိလာတယ်။ ကျေးလက် ဒေသက အမျိုးသမီးငယ်လေးတွေက များသောအားဖြင့် ပိုပြီးတော့ခံစားရတယ်။

ကိုဗစ်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်တွေကလည်း မရှိကြတော့ဘူး။ နေ့စားလိုက်လုပ်မယ် ဆိုရင်လည်း တစ်ရက်ကိုမှ တစ်သောင်းလောက်ပဲရတဲ့အချိန်မှာ တစ်ရက်လုပ်ပြီးတော့ သုံး၊ လေးရက်လောက် နားကြရတော့ အိမ်ကမိသားစုတွေကိုထောက်ပံ့ဖို့ အဆင်မပြေကြတော့ဘူး။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် လိင်ကျွန်အဖြစ် ရောင်းစားခဲ့တယ်။ သူတို့အခက်အခဲတွေကိုနားထောင်ရတဲ့အချိန်မှာ ရင်နှင့်အောင်ကို ခံစားရ တယ်။ ဒီလိုအမျိုးသမီးလေးတွေကို ဒီလိုစက်ကွင်းတွေထဲကလွတ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ အတွေးတွေဝင်ပေမယ့် လက်ရှိအခြေအနေရ ဘာမှတတ်နိုင်တဲ့အနေအထားမှာ အသိပညာပေးတာလောက်ပဲ လုပ်ဖို့ပဲ တတ်နိုင်တယ်။

ကိုယ်ကလည်း သူတို့တွေရဲ့ဝမ်းစာရေးတွေကို တာဝန်ယူပေးနိုင်တဲ့သူမဟုတ်တဲ့အတွက်၊ ဒီနိုင်ငံကြီးကို စေတနာ ရှိတဲ့သူတွေက ဝိုင်းဝန်းပြီးပြန်လည်တည်ထောင်မှ ဒီလိုဘဝတွေကို လွတ်အောင်လုပ်ပေးနိုင်မယ်လို့ ထင်တယ်။ ဒီလိုလုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြောချင်တာကတော့ ကိုယ်တိုင်ကအာဏာရှင်ကို တိုက်ထုတ် တယ်ဆိုပြီးတော့ ကိုယ်တိုင်က အာဏာရှင်တကျော့ပြန်ဖြစ်နေပြီဆိုတာကို မေ့နေကြတာ။ ကိုယ်လက်ထဲမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး လုပ်ချင်တာလုပ်နေတဲ့ အဖြစ်ကိုလည်း မဖြစ်စေချင်ဘူး။ ကိုယ့်အဖွဲ့အစည်းကိုယ် ပြန်ပြီး တော့ စည်းစနစ်ကျကျထိန်းချုပ်စေချင်တယ်။ သူတို့မှာရှိတဲ့ စည်းမျဉ်းဥပဒေတွေအတိုင်းလည်း နေဖို့လိုအပ်တယ်။ သူများသားသမီးကိုကိုယ့်သားသမီးလို၊ ကိုယ့်မိသားစုဝင်ကိုယ့်အမေတွေလို လူသားချင်းကိုယ်ချင်းစာစိတ်ထားဖို့ လိုတယ်။

ရဲဘော်စုစု (P3 1109 တပ်ထောက်)

တပ်ဖွဲ့တွေထဲကို စဝင်လာတည်းကိုက တိုက်ခိုက်ရေးပိုင်းကိုဝင်ဖို့ကိုတွေးပြီးတော့ ဝင်လာတာပေါ့။ ဒါပေမယ့် အမျိုးသမီးဖြစ်တယ်ဆိုရင်ပဲ ရှေ့တန်းမှာအလုပ်ရှုပ်တယ်၊ အမျိုးသမီးဆိုရင် အားနွဲ့တယ်၊ နေရစားရတာခက်ခဲမှာ ကို စိုးရိမ်ပြီးတော့ သူတို့မခေါ်တာတွေတော့ရှိတာပေါ့။ တော်လှန်ရေးမအောင်သ၍ကတော့ ဒါမျိုးတွေကြုံနေရ ဦးမယ်။ ထပ်မြင်နေရအုံးမယ်။ ကိုယ်ထက်ငယ်တဲ့ကလေးတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ကလေးတွေ၊ အသက်ဆုံးရှုံးသွားရတဲ့ ကလေးတွေလည်း အများကြီးရှိတယ်။ နားလိုက်တော့မယ်လို့တွေးလိုက်ရင် ဒီလူတွေ အပေါ် မတရားရာကျလိမ့်မယ်လို့တွေးမိလို့ အမျိုးသမီးဖြစ်ပေမယ့် ဆက်လုပ်နေတာပေါ့။

ဒီမှာက အိမ်ထောင်ကျ ပြီးသားလင်မယားတွေထက် အိမ်ထောင်မကျသေးတဲ့သမီးရည်းစားစုံတွဲတွေကြားမှာ အချင်းများကြပြီးတော့ ရိုက်နှက်တာတွေမျိုးတော့ ကြုံဖူးတယ်။ တော်လှန်ရေးတပ်သားတွေ အချင်းချင်းကြားမှာ ဖြစ်တာပေါ့။ အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်တော့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက မိန်းကလေးဘက်က မားမားရပ်တည်ပေးတာတွေ ကူညီဆောင်ရွက်ပေးနေတာတော့ရှိတယ်။ ပညာပေးဆောင်ရွက်တာတွေတော့ သေချာမတွေ့ရသေးဘူး။ ပညာပေးဆောင်ရွက်တာတွေ ရှိလာစေချင်တယ်။

ကိုယ်ကအမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်မှာလည်းလုပ်နိုင်စွမ်းတွေရှိတယ်၊ လုပ်လည်းလုပ်နိုင်ခဲ့ကြ တယ်။ ဒီတော်လှန်ရေးကလည်း သေချာပေါက်နိုင်ကိုနိုင်မှာဆိုတဲ့စိတ်နဲ့ သွားနေကြတာဖြစ်တယ်။ ခေါင်းဆောင် နေရာတွေမှာလည်း အမျိုးသမီးမို့လို မရွေးချယ်တာမျိုးမဖြစ်စေချင်ဘူး။ အမျိုးသမီးတွေလုပ်နိုင်ရင်လုပ်နိုင်သလို နေရာပေးစေချင်တယ်။ ကျားမ မခွဲခြားဘဲနေရာပေးကြဖို့ ဒီလိုနေရာပေးချင်းအားဖြင့် တချို့နေရာတွေမှာ အမျိုးသမီးလေးတွေက ပိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း ပြစေချင်တယ်။

ခမ်းမိုင် (Shan Women Action Network)

စစ်ပွဲဖြစ်နေသ၍ကတော့ ထိခိုက်မှုတွေဖြစ်နေတာ ၁၀၂၇ နောက်ပိုင်း စစ်မြေပြင်ကကျယ်ပြန့်လာပြီးတော့ မြို့ပေါ်မှာတွေပါ ဖြစ်လာပြီးတဲ့နောက် ပြေးနေကြရတဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးငယ် လေးတွေနဲ့မိခင်တွေဟာ ဘာအကူအညီမှမရ၊ မပါဘဲ တောထဲမှာရှောင်ပြေးနေရတဲ့ အခြေအနေတွေရှိနေတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ (ခုနှစ်) စုဆောင်းထားတဲ့မှတ်တမ်းတွေအရ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ကိစ္စပေါင်း ၈၀ ကျော် ရှိတယ်။ ဒါတွေက ကောက်ယူထားတဲ့အချက်အလက်တွေအရပဲ ရှိသေးတယ်။ လက်လှမ်းမမှီနိုင်တဲ့နေရာ တွေက ကိစ္စတွေကလည်းပိုများနေနိုင်တယ်။ ၁၀၂၇ စပြီး နောက်ပိုင်းမှာ အချက်အလက်တွေကောက်ယူနိုင်မှုက ပိုပြီးအခွင့်လမ်းနည်းသွားတဲ့အတွက် မသိလိုက်ရတဲ့ကိစ္စတွေ အများကြီးရှိနေတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ လူကုန်ကူးခံရတာတွေ၊ ဝမ်းရေးအတွက် ကျားဖြန့်အလုပ်တွေ ကေတီဗီတွေမှာ ဝင်လုပ်နေ ရတာတွေရှိတယ်။ အခုဆိုရင် ဘယ်သူကသတ်သွားမှန်းမသိရတဲ့ အမျိုးသမီးငယ် တွေရဲ့အလောင်းတွေကို တွေ့ရတယ်ဆိုတဲ့ သတင်းတွေကလည်း ခဏခဏတွေ့လာရတယ်။ MNDAA က ဖမ်းသွားတဲ့ အသက်မပြည့် သေးတဲ့ကောင်မလေးဆိုရင်လည်း ပြန်မလွတ်သေးဘူး။ ဖမ်းခံထားရတာ ၁ လ ပြည့်တော့မယ်။ ဒီကိစ္စဆိုတာ လည်း လုံးဝလက်ခံပေးလို့မရတဲ့ကိစ္စဖြစ်တယ်။ အသက် ၁၅ နှစ်ပဲ ရှိသေးတယ် ဒါဟာအကြမ်းဖက်မှုဖြစ်တယ် ဒီမိန်းကလေးအတွက် ကျန်းမားရေးရော စိတ်ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်။

ကျမတို့အနေနဲ့ ကူညီပေးနိုင်တဲ့အတိုင်းအတာအရ မိန်းကလေးတွေအတွက် ပညာပေးတဲ့အပိုင်းတွေ ကြိုတင် ကာကွယ်ဖို့ အသိပညာဖြန့်ဝေတယ်။ အာဏာရှိတဲ့သူတွေ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေအနေနဲ့ ကိုယ့်ဒေသ အတွင်းမှာ ပွင့်လင်း မြင်သာမှုရှိတဲ့ ဥပဒေယန္တရားကို ချမှတ်ပေးဖို့လိုတယ်။ အာဏာရှိတဲ့သူတွေကိုယ်တိုင်က ကျူးလွန်တာမျိုး မဖြစ်စေဖို့လည်း လိုအပ်တယ်။ စစ်ပွဲတွေဆက်ပြီးဖြစ်နေမယ် ဆက်သွားနေဦးမယ်ဆိုရင် ဒါတွေကဆက်ပြီးတော့မှ ဖြစ်နေအုံးမှာပဲ။ နစ်နာတဲ့သူတွေကို ရုန်းထွက်နိုင်ဖို့ထက် အဓိကပါဝင်နေတဲ့သူတွေ ကိုယ်တိုင်က ဒါတွေကိုရပ်သင့်ပြီလို့ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊...

သျှမ်း-ကရင်နီ နယ်စပ်တကြော မြေပြင် ၃ နေရာ တိုက်ပွဲပြင်းထန်နေ

0
သျှမ်း-ကရင်နီ နယ်စပ်တကြောကို စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အား အလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၄ ရက်) မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်ရှိ ဆောင်းနန်းခဲကျေးရွာ-နန်းတုန်ကျေးရွာ နှင့် ကုန်းသာကျေးရွာတို့တွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် စစ်ကောင်စီ ၊ပအိုဝ်းပြည်သူ့စစ်...

သျှမ်းတပ် အချင်းချင်း ၁၀ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCCS အမိန့်စာ လူမှုကွန်ရက်ပျံ့နှံ့

0
သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ်(၂)တပ် ထိုးစစ်ဆင် တိုက်ခိုက်မှု ကို (၁၀)ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ၏ အမိန့်စာ လူမှုကွန်ရက်စာမျက်နှာတွင် သျှမ်းဘာသာဖြင့် ယနေ့ (မေ ၁၆)ရက်၌ ပျံ့နှံ့လာသည်။ အဆိုပါ အပစ်ရပ်စဲကာလသည် ယနေ့ (မေ ၁၆)ရက်မှစတင်ပြီး မေ...

အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင် 

0
လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။  ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...

တောင်ခမ်းသို့ စစ်ကူပို့သည့် စစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လက်နက်ကြီးထိမှန် ပျက်စီး

0
သျှမ်းပြည် တောင်ပိုင်း၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်၊ တောင်ခမ်း တိုက်ပွဲသို့ စစ်ကူပို့သည့် စစ်တပ်ယာဉ်တန်းကို ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားတစ်စီး လုံးဝ ပျက်စီးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ ပြောသည်။ ရပ်စောက်မှ ထွက်ခွာလာသည့် စစ်ကား ၁၀ စီးပါ...