မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း ပြန်လာနေကြောင်း စစ်တပ်လက်အောက်ခံ PNO တပ်ဖွဲ့က ထုတ်ပြန်သည်။

PNLA ဌာနချုပ် တည်ရှိသည့် ဗန်းမက်ကျေးရွာသည် လွန်ခဲ့သော နှစ်များကတည်းက PNO ထိန်းချုပ်နေရာ ဖြစ်ပြီး PNO ကို ထောက်ခံသူ အများအပြားရှိသည့် ဒေသဖြစ်ကြောင်း PNO တပ်ဖွဲ့မှ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်က ပြောသည်။

“အဲ့နေရာက အရင်ကတည်းက ကျနော်တို့ ထိန်းထားတဲ့နေရာ PNLAကို ပေးထားတာ။ အခုမှ အချင်းချင်း မတည့်တော့လို့ ပြန်သိမ်းတာ၊ ကျနော်တို့ အဲ့နေရာကို အခုသိမ်းလိုက်ပြီ။ ပြည်သူနေအိမ်တွေကိုတော့ ကျနော်တို့ မီးရှို့တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တော့ အနည်းနဲ့ အများ အိမ်တွေမီးလောင်မှာပဲ”ဟု ၎င်း PNO အရာရှိက ပြောဆိုသည်။

ယခုလက်ရှိ မောက်မယ်မြို့နယ် ကဒူကြီးဒေသဖြစ်သည့် ဗန်းမက်ကျေးရွာဘက်တွင် တိုက်ပွဲ ငြိမ်သက်နေသော်လည်း ပြီးခဲ့သည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ၎င်း PNO အရာရှိက ဆက်ပြောသည်။

အဆိုပါ PNO ထိန်းချုပ်ခဲ့သော PNLA ဌာနချုပ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ထိုအချိန်မှစ၍ PNLAက ဌာနချုပ်ကို နေရာ ရွှေ့ပြောင်းခဲ့သည်။

“PNO က PNLA ဌာနချုပ်ဟောင်းကို သိမ်းလိုက်ပြီ၊ PNLA က သူတို့ ဌာနချုပ်ပြောင်းတာ နည်းနည်းကြာပြီ။ ဗန်းမက်တို့ မဲဟဲရွာက ဒေသခံ နေအိမ်တွေဆို အကုန်နီးပါး မီးရှို့ခံရတယ်၊ ဗန်းမက်က စစ်ရှောင်စခန်းတွေလည်း PNO က မီးရှို့သွားတယ်။ သူတို့ပဲရှိတာ သူတို့ရှို့တယ်လို့ပဲ ပြောရတော့မယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းတပ်များက PNLA ဌာနချုပ် ရှိရာသို့ ထိုးစစ်ဆင်နေခြင်းသည် စစ်ကော်မရှင်ဘက်မှ ပအိုဝ်းအချင်းချင်း သွေးထိုး တိုက်ခိုက်ခိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းအမျိုးသားက သုံးသပ်ပြောဆိုသည်။

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်း ထိန်းချုပ်ခံရသည်နှင့် ပတ်သက်၍ PNLA တပ်ဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်တပ်၊ PNA ပူးပေါင်းတပ်တို့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ရှိသည့် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဟံးဗွာကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

ထိုတိုက်ပွဲကြောင့် မောက်မယ်မြို့နယ်ရှိ ဟံးဗွာရွာ၊ နောင်ထောဝ်ရွာ၊ ဗန်းမက်ကျေးရွာမှ ပြည်သူ တစ်ထောင်ခန့် နားဟီးကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် နားဟီးကျေးရွာသို့ စစ်ဘေးရှောင်နေရသော ဒေသခံ တစ်ထောင်ဝန်းကျင်သည် ဆေးဝါးအကူအညီများ၊ စားနပ်ရိက္ခာများနှင့် သောက်သုံးရေများ လိုအပ်နေပြီး ၎င်းတို့ နေအိမ်အများစုလည်း မီးရှို့ခံထားရသောကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...