Wednesday, December 11, 2024

PNO

 PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီး တစ် ဦး သတင်းအစအနမရသေး

သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီး တစ် ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်လာပေးခြင်းမရှိဘဲ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရသည်။  ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ  PNO သည် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းပအိုဝ်းပြည်သူ့...

ဆိုက်ခေါင် အရှေ့ဘက် ပွန်ချောင်းအနီးရှိ PNLA/PNLO တပ်စခန်းကို PNO/PNA သိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့ အရှေ့ဘက် ပွန်ချောင်းအနီးရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တပ်စခန်းတစ်ခုကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ သိမ်းယူခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်နေ့တွင် ပွန်ချောင်းအနီးရှိ PNLA ၏ ဆင်ဖြူစခန်းကို PNOမှ သိမ်းယူခဲ့ပြီး PNLAဘက်မှ တပ်သား အလောင်းတစ်လောင်းနှင့်အတူ...

ဆီဆိုင်မြို့ နောင်ရင်းရွာတွင် PNO ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မိခင်နှင့် ကလေး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံနှင့် ပအိုဝ်းပြည်သူစစ် PNO က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် မိခင် သေဆုံးပြီး ၊ ဖခင်ဖြစ်သူက ပြင်းထန် ဒဏ်ရာ ရရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂ ရက်)နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်...

စံကားဒေသ တွင် PNO မှ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ပြည်သူပိုင် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာဘက်တွင် အရပ်သားနေအိမ် အတွင်းထိ ဝင်ရောက်...

ဟိုပုံးဒေသခံများကို စစ်သင်တန်း ရက်ပိုင်းပေးပြီး ရှေ့တန်းပို့ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတဝိုက်ကျေးရွာများမှာ စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) သည် ပြည်သူများကို ရက်ပိုင်းမျှသာ သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စပြီး စစ်ကောင်စီ နှင့် PNO တို့သည် ဟိုပုံးမြို့နှင့် အနီးတဝိုက် ကျေးရွာအုပ်စုရှိ...

မောက်မယ်ဒေသရှိ PNLA တပ်စခန်းကို PNA/PNO မှ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ၊ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ (၂၀) ရက်ကတည်းက စစ်ကောင်စီ၊နှင့် PNA/PNO တို့သည် PNLA တပ်စခန်းရှိသည့် ဟူနမ့် ကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန့်နေ့ နိုဝင်ဘာလ...

“စားသောက်ဖို့ကတော့ လက်ရှိမှာရွာခံတွေဆီ စပါးတစ်တင်းချေးတယ်၊ ကျနော်တို့ ရွာပြန်လို့ရတဲ့အချိန်ကြရင် ပြန်ဆပ်မယ်ပြောပြီး ချေးငှားစားနေကြတာ”

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့အကြား စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး‌ တိုက်ပွဲများ ပြင်းထန်မှုကြောင့် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ် ကျေးရွာဒေသခံထောင်နဲ့ချီ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဘေးလွတ်ကင်းရာကို နိုဝင်ဘာလ...

ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ

သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့်...

PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း

သျှမ်းပြည် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်း‌မောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ်...

PNO က ပအိုဝ်းပြည်သူနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများပြုလုပ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ပအိုဝ်းလူမျိုးနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ဖြစ်သည့် နောင်ဝိုး၊ လွယ်ကျိုင်းနှင့် ဗန်းမောက်ဖက်တွင် စစ်ကောင်စီ၊ PNO နှင့် တော်လှန်ရေးအင်အားစု PDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီးနောက်ပိုင်း စစ်ကောင်စီနှင့် PNOဘက်က အကျဆုံးများခဲ့သည်။ ထို့နောက် PNO က ကရင်နီလူမျိုးနှင့်...

Latest news