PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။

အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည် ညနေ ၇ နာရီတွင် ခြံစိုက်ခင်းမှ နောက်ကျပြီးပြန်လာသောကြောင့် ဖမ်းဆီးစစ်ဆေးခြင်း ခံရပြီး ငွေကျပ် ဆယ်သိန်း ဖြင့် ပြန်ရွေးခဲ့ရကြောင်း အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲဂိတ်က အရမ်းဆိုးတယ်။ ခြံကပြန်တာ မိုးချုပ်လို့ဆိုပြီး ပေးမပြန်ဘူးဖမ်းထားတယ်။ ပိုက်ဆံ ဆယ်သိန်းပေးရင် ပေးပြန်မယ်ဆိုလို့ ပေးခဲ့ရတယ်။ ငါးဖမ်းနေတဲ့ အမျိုးသားတစ်ဦးကိုလည်း ဖမ်းပြီး ရှေ့တန်းပို့လိုက်တယ်။ အဲဒီဂိတ်ကိုတောင် မဖြတ်ချင်ဘူး သွားစရာလမ်းမရှိလို့သာ အသုံးပြုနေရတာ၊ သူတို့ မကြည်ရင် ရစ်တယ် ဖမ်းတယ်။”ဟု ၎င်းကဆိုသည်။

ထို့အပြင် မိဘနှင့်စကားများ ရန်ဖြစ်သည့် အမျိုးသားတစ်ဦးနှင့် ရွှေခိုးသည့် သူခိုးတစ်ဦးကိုလည်း အဆိုပါ ဂိတ်သို့ သွားရောက် အပ်နှံခဲ့ရာ ရှေ့တန်းသို့ ပို့ဆောင်လိုက်ကြောင်း ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး အင်းလေးဒေသတွင် ကျေးရွာအလိုက် စစ်မှုထမ်းကို တစ်လလျှင် ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ ထည့်ရပြီး စက်လှေအခွန်ခများကိုပါ ပေးဆောင်နေရကြောင်း သိရသည်။

“စစ်မှုထမ်းကြေးကို တစ်လ တစ်ခါပေးရတယ်။ လှေရှိရင် လှေအခွန်ဆိုပြီး သူတို့တောင်းသလောက်ပေးရတယ်၊ ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ပစ္စည်းအကုန် စာရင်းကောက်တယ်၊ သူတို့တောင်းချင်တဲ့ အခွန်ဆိုတောင်းတယ်။”ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးတွင် နေ့စားခ တစ်နေ့လျှင် ငွေကျပ် တစ်သောင်းသာ ရရှိပြီး စားဝတ်နေရေး အဆင်ပြေစေရန် ရုန်းကန်နေရသောကြောင့် စစ်မှုထမ်းကြေးနှင့် အခွန်ခများကို ငွေတိုးဖြင့် ချေးငှားယူနေရကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

မေလ ပထမပတ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျှော ဆယ်ယူသည့် ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...