ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။

ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့က ယခုနှစ်အတွက် တပ်သားသစ် (၁၅) ဦး ပေးရန် တောင်းဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သို့သော် ဒေသခံအများစုသည် ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့ထံသို့ စစ်မှုမထမ်းချင်ကြကြောင်း၊ တပ်သားသစ် ပေးဆောင်ရန် လူငယ်များမရှိကြသဖြင့် အစားထိုးငွေအဖြစ် ပေးဆောင်နေရကြောင်း ညောင်ရွှေမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့က စစ်ဘေးရှောင်ရင်း အိမ်ပြန်ရောက်တာ မကြာသေးဘူး။ အခုက စစ်သားမလုပ်ချင်ရင် ငွေပေးရမယ်ဆိုပြီး အတင်းအကျပ်လုပ်နေတာ။ ကျနော်တို့အိမ်ဆိုရင် (၈၃) သိန်းကျော် ပေးလိုက်ရတယ်။ တချို့လည်း (၃၀) သိန်း၊ (၂၀) သိန်း စသဖြင့် အချိုးကျ ခွဲပေးနေရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းကလည်း အဆိုပါကျေးရွာအုပ်စုမှ တပ်သားသစ် (၂၀) ဦးအတွက် အစားထိုးငွေ ကျပ်သိန်းပေါင်း ၁,၁၀၀ ကို ကောက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်တွင်လည်း တပ်သားသစ် (၂၀) ဦး ထပ်မံတောင်းခံရာတွင် ဒေသခံများက တောင်းပန်သော်လည်း (၅) ဦးသာ လျှော့ပေါ့ပေးခဲ့ပြီး လူမပေးနိုင်လျှင် ငွေကြေးဖြင့်သာ အစားထိုးခိုင်းနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငွေကြေးကောက်ခံမှုများကြောင့် ဒေသခံများသည် မိသားစုပိုင် ဆိုင်ကယ်များ၊ ရွှေထည်လက်ဝတ် ရတနာများနှင့် လုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများကိုပါ ရောင်းချပြီး ပေးဆောင်နေရကြောင်း ဆိုသည်။

ထို့အပြင် ပြည်သူ့စစ်များအတွက် ရိက္ခာဖိုးအဖြစ် တအိမ်လျှင် တလ ကျပ်တစ်သောင်းနှုန်းကိုလည်း ပုံမှန်ပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ပိုက်ဆံမရှိလို့ ရှိတဲ့သူဆီမှာ တိုးကြီးပေး ချေးရတယ်။ တချို့ဆိုရင် စိုက်ပျိုးရေးလုပ်ဖို့ရှိတဲ့ လယ်ယာမြေတွေ၊ ဆိုင်ကယ်တွေနဲ့ နားကပ်တွေကိုပါ ရောင်းပြီး ပေးနေရတာ” ဟု အဆိုပါဒေသခံတစ်ဦးက ဆက်ပြောသည်။

စိုက်ပျိုးရေးကို အဓိကအားထားနေရသည့် အဆိုပါဒေသတွင် ယခုနှစ် ပြောင်းဈေးကွက် ကျဆင်းနေခြင်း၊ မျိုးစေ့နှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်မားနေခြင်းတို့ကြောင့် ဒေသခံများသည် စားဝတ်နေရေး ကျပ်တည်းလာသည်။

တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် သျှမ်း-ကယားနယ်စပ်ရှိ ၎င်းကျေးရွာများ၏ လမ်းမများနှင့် လယ်ယာစိုက်ခင်းများတွင် မြေမြှုပ်မိုင်းအန္တရာယ်များလည်း ကြုံတွေ့နေရပြီး၊ လက်နက်ကိုင်အဖွဲ့များက မိုင်းရှင်းလင်းရေးအတွက် ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် (PNA/PNO) နှင့် စစ်ကောင်စီဘက်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ထို့အပြင် ယခုဖြစ်စဉ်များ ပြင်ပသို့ သတင်းပေါက်ကြားလျှင် သတင်းပေးသူကို အရေးယူမည်ဟု ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ဒေသခံများကို ခြိမ်းခြောက်ထားခြင်းကြောင့် ရွာသားများမှာ ကြောက်ရွံ့မှုဖြင့် နှုတ်ပိတ်နေကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ စစ်မှုထမ်းဥပဒေကို ကျင့်သုံးပြီးနောက်ပိုင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်း အချို့သည် နယ်မြေစိုးမိုးရေးနှင့် အင်အားတိုးချဲ့ရေးအတွက် ဒေသခံပြည်သူများအပေါ် အဓမ္မစစ်သား စုဆောင်းခြင်းနှင့် အခွန်အခ ကောက်ခံခြင်းများကို တိုးမြှင့်လုပ်ဆောင်လာလေ့ရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့် လေ့လာသူများက ထောက်ပြထားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...