Tuesday, January 27, 2026

CATEGORY

မူးယစ်ဆေးဝါး

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

ဘိန်းစိုက်ခွန်ကောက်သည့် စစ်ကော်မရှင်နှင့် PNO ဘိန်းခင်းဟန်ပြထပ်မံဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် ဆီဆိုင်မြို့နယ်တို့တွင် နှစ်စဉ် ဘိန်းစိုက်ခွန် ကောက်ခံနေသည့် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က သီးသန့်စိုက်ထားသည့် ဘိန်းခင်းများကို ထပ်မံဟန်ပြ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်တွင် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု လိုက်ကန်ကျေးရွာ အရှေ့မြောက်ဘက်တွင်...

လက်နက်ကိုင်များ ဟန်ပြ ဘိန်းခင်းဖျက်ရန် သပ်သပ်စိုက်ပျိုးပေးထားရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များတွင် လက်နက်ကိုင်များ အတွက် ဟန်ပြ ဘိန်းခင်းဖျက်ရန် ဒေသခံများက သပ်သပ် စိုက်ပျိုးပေးထားရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမ ပတ်တွင် ပင်လောင်းမြို့နယ်၊ ထီပေါင်ကျေးရွာအုပ်စု၊ ထာငိုကျေးရွာအရှေ့တောင်ဘက်က ဘိန်းစိုက်ခင်းများကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်သားများက ဟန်ပြ ဖျက်ဆီးသွားခဲ့သည်။ ထိုသို့...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာရပ်တည်နေဆဲ

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း တရားမဝင် ဘိန်းထုပ်လုပ်မှု တန်ချိန် ၁,၀၁၀ အထိရှိခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ဆယ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး (UNODC) က ထုတ်ပြန်သည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမြေသည် ပြီးခဲ့သော ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ချင်းရိုင် ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိ

ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာ ဆိုဖာများအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ဆေးပြား ၁၀ သန်းခန့်အား သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့လယ် ၁ နာရီခွဲတွင် ထိုင်းအာဏာပိုင်များသည် ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုဖာအသစ်...

Latest news