တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက်

ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၂)ဉီးကို စတင်ဖမ်းဆီးရမိခဲ့သည်။

ထိုဖမ်းဆီးရမိသည့် အမျိုးသား(၂)ဉီးကို စစ်ဆေးမေးမြန်းရာ တာချီလိတ်မြို့နယ် ဝမ်ပုံကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများ ခိုးအောင်နေသည့်ဟု သိရှိရာပြီး သွားရောက် အမျိုးသား ၃၈ဉီးနှင့် အမျိုးသမီး ၁ဉီးကို တွေ့ရှိရာပြီး တရုတ်နိုင်ငံသား စုစုပေါင်း ၄၁ဉီး ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာတွင်ရေးသားထားသည်။

“ တရုတ်တွေက တာချီလိတ်မြို့ပေါ်တော့ သိပ်မတွေ့ဘူး၊ ကျေးရွာတွေဘက်တော့ ပေါတယ်။ အရမ်းများတယ်။ ပေါ်တင်သွားလာနေကြတာ။ ကျားဖြန့် လည်းဖြစ်နိုင်သလို သတ္တုတွေ ရွှေတွေလာတူးတဲ့တရုတ်လည်း ဖြစ်နိုင်တယ်” ဟု မိုင်းဖုန်းအုပ်စု ဒေသခံ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ျ

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် တရုတ်နိုင်ငံသားများ

တာချီလတ်မြို့နယမ်အတွင်းသို့ ရောက်ရှိလာသည့် တရားမဝင် တရုတ်နိုင်ငံသားများသည် လာအိုနိုင်ငံမှ တဆင့် ဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ ထိုသူများသည် ကျားဖြန့်လုပ်ငန်းနှင့် သတ္တုတူးဖော်သည့် လုပ်ကွက်များတွင် လုပ်ကို်ငနေသူများဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

“သူတို့တွေက လာအိုဘက်မှာ ကျားဖြန့်တွေ စစ်ဆေးတာရှိရင် ဒီဘက်ကို ပြောင်းလာနေကြတယ်။ အခုဆိုရင် ရွာဘက်တွေမှာ မျက်နှာစိမ်း တရုတ်တွေကများတယ်။ ရွာကလူတွေကလည်း အိမ်ခန်းငှားခရရင်ပြီးရောဆိုပြီး လက်ခံတာရှိတယ်။” ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသား ၄၁ဉီးကို သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“ ကျမ အထင်ကတော့ ဒီထက်များနိုင်သေးတယ်။ ဒါကလည်း ဟန်ပြ ဖမ်းတဲ့သဘောပါပဲ။ တာချီလိတ်မြို့နယ်မှာ မြန်မာစကားမတက်တဲ့တရုတ်တွေက အရမ်းများတာ။ မျက်နှာစိမ်းတွေပဲ” ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

တာချီလိတ်မြို့နယ်သည် လာအိုနိုင်ငံ လွမ်နမ်သာပြည်နယ်နှင့် မဲခေါင်မြစ်တစ်လျှောက် နယ်စပ်ချင်းဆက်စပ်နေပြီး ဝမ်ပုံ–မိုင်းမော နယ်စပ်ဖြတ်သန်းရေးလမ်းကြောင်းမှတစ်ဆင့် လာအိုနိုင်ငံဘက်သို့ ဆက်သွယ်ထားသည်။

အဆိုပါ နယ်စပ်ဖြတ်သန်းရေးလမ်းကြောင်းသည် ကိုဗစ်-၁၉ ကာလအတွင်း နှစ်နှစ်အတော်ကြာ ပိတ်ထားခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

နယ်စပ်လမ်းကြောင်း ပိတ်ထားသည့်ကာလအတွင်း လာအိုနိုင်ငံဘက်သို့ သွားရောက်လိုသူများနှင့် အလုပ်သွားလုပ်သူများသည် တရားဝင်လမ်းကြောင်းအစား တရားမဝင် မော်တော်လှေများ အသုံးပြု၍ မဲခေါင်မြစ်ကို ဖြတ်သန်းခဲ့ကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းအတွက် မြန်မာနှင့် လာအို သဘောတူ

0
မြန်မာနှင့် လာအို နိုင်ငံတို့အကြား နယ်စပ်ဖြတ်သန်းစီးဆင်းသည့် မဲခေါင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်အတွက် သဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံအစိုးရများက လက်မှတ်ရေးထိုးလိုက်ကြကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ၃ ရက်ကြာ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးအတွင်း ဇူလိုင်လ ၄ ရက်နေ့က...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...