CATEGORY

ပညာရေး

စာဖတ်ခြင်းအလေ့အထ

ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

သျှမ်းပြည်တွင် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ

သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

တောင်ကြီး အောင်မြေသစ်ကိုယ်ပိုင်ကျောင်းက မုဒိမ်းကျင့်သည့် ကျောင်းဆရာ ထောင်ဒဏ် (၂၅)နှစ် ချမှတ်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူကို မုဒိမ်းကျင့်ခဲ့သည့် ကျောင်းဆရာကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၅နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅)ရက် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်တွင် ပြန်ကာ...

သျှမ်းကွန်မြူနတီကောလိပ် ၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ၊ ကျောင်းသား/သူ ၁၁၀ ဦး အောင်မြင်ပြီးဆုံး

သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) တွင် ပဉ္စမအကြိမ်မြောက် ဘွဲ့လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကော်တိုင်းအဖွဲ့အစည်း (Kaw Dai Organization) မှ...

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။ ယခု  ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

Latest news