CATEGORY

ပညာရေး

ဖယ်ခုံ စစ်ရှောင်ကလေးများအတွက် စာသင်ကျောင်းသစ် ဆောက်လုပ်ရန် အကူအညီလိုအပ်

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ မေတ္တာရောင်ခြည် စစ်ရှောင်ခစန်းမှ စစ်ဘေးရှောင်ကလေးများသည် ပညာသင်ကြားနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းသစ် ဆောက်လုပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ဖယ်ခုံမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကလေးများသည် အေးချမ်းစွာ ပညာရေးသင်ကြားခွင့်မရခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်ကြောင်း သိရသည်။ “မနှစ်တုန်းက...

ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည်အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌပြော

သျှမ်းပြည်အတွင်း ကြုံတွေ့နေရသည့် အသေးအမွှား ပြဿနာများမှသည် နိုင်ငံရေးပြဿနာအထိ ဖြေရှင်းနိုင်ရန် ပြည်သူများအားလုံး ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည် အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ယနေ့ (ဇွန်လ ၂၉ ရက်) တွင် သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community...

လားရှိုးမြို့ စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီဖွင့်လှစ်မည့် စာသင်ကျောင်းများတွင် ကျောင်းအပ်သူနည်းပါး

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နေသော သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း စီးပွားရေး ကျဆင်းနေသောကြောင့် ကလေးများ ကျောင်းအပ်နှံရေးအတွက် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းအပ်နှံရန် ကြေညာထားသော်လည်း စီးပွားရေးကျဆင်း နေသောကြောင့် ဒေသခံများမှာ...

အခြားဒေသသို့ စစ်ဘေးရှောင်ပြီး နေရပ်ဆီဆိုင်မြို့သို့ ပြန်လာသည့် ကလေးများ ကျောင်းအပ်ခွင့်မရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် အခြားဒေသသို့ စစ်ဘေးရှောင်သွားရာမှ ပြန်လာသည့် ကလေးများကို ကျောင်းအပ်လက်မခံကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်စပိုင်းတွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် PNLA တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မြို့ခံများသည် ဘေးလွတ်ရာ အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ဆီဆိုင်မြို့တွင်...

G-12 စာမေးပွဲဖြေဆိုချိန် လျှပ်စစ်မီးမပေးနိုင်တဲ့ သျှမ်းတောင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် (၁၂) တန်း G-12 စာမေးပွဲဖြေဆိုချိန်အတွင်း လျှပ်စစ်မီးမပေးနိုင်သည့်အတွက် ကျောင်းသားကျောင်းသူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ နှစ်စဉ်နှစ်တိုင်း စာမေးပွဲဖြေဆိုသည့် အချိန်တွင် စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန်ပေးခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ်အများစုတွင် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် ကျောင်းသား/သူများ အခက်အခဲဖြစ်နေကြောင်း နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးက...

RCSS ပညာရေးကျောင်းမှ တက်ကြွလှုပ်ရှားသူ စိုင်းအောင်ခမ်း စဝ်ဆုစန္ဒီဆုရရှိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) လက်အောက် ပညာရေးကျောင်း (School of Education)မှ ကျောင်းဆရာ စိုင်းအောင်ခမ်းသည် ၂၀၂၄ ခုနှစ်အတွက် ဆုစန္ဒီဆုရှင်အဖြစ် ရရှိခဲ့ကြောင်း သိရသည်။ ၁၇ ကြိမ်မြောက် ဆုစန္ဒီခေါင်းဆောင်စု Sao Thusandi Leadership Award ဆုချီးမြင့်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ...

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

အင်တာနက်စျေးအဆမတန်မြင့်တက် အွန်လိုင်းပညာရေးသင်သူနှင့် အလုပ်လုပ်သူများ အခက်ကြုံနေ

မြန်မာပြည်တွင်း အင်တာနက်လိုင်း ဈေးအဆမတန်တက်သွားမှုကြောင့် အွန်လိုင်းကို အသုံးပြုပြီး ပညာသင်ယူသူများနှင့် အလုပ်လုပ်နေသူများ အခက်တွေ့နေရကြောင်း အင်တာနက်သုံးစွဲသူများထံမှ သိရသည်။ လစဉ် အကန့်သတ်မဲ့ ဒေတာကျပ်ငွေ (၁၅၀၀၀)ဖိုးဝယ်သုံးလျှင် ယခင်က 30GBရသော် သော်လည်း ယခုအချိန်တွင် အကန့်သတ်မြ့ ပက်ကေ့ချ် ပမာဏာကို လျှော့ချလိုက်သည့်အတွက် 16 GB သာလျှင်...

နမ့်ခမ်း TLEC ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းရန် TLEC မှ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

Latest news