Tuesday, January 27, 2026

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတပညာရေးကျောင်းတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့ ရပ်ကွက်(၉) ဝမ်ကောင်းတွင် ဖွင့်လှစ်ထားသည့် လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်နေသော မိဘမဲ့ကလေးများ၊ စစ်ဘေးရှောင်ကလေးများ စုစုပေါင်း (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း အဆိုပါ စာသင်ကျောင်းရှိ တာဝန်ရှိသူများထံမှ သိရသည်။

“ဒီနှစ်က ကျောင်းမှာ ကလေးတွေ အရင်နှစ်ထက် များလာတယ်၊ ဆရာနဲ့ ကျောင်းသားနဲ့ အားလုံးပေါင်း ၂၀၀ ကျော် ရှိတယ်။ အခုလို အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းမှာ စားဖို့သောက်ဖို့ ဆန်လိုမျိုး၊ ဟင်းရွက်စိမ်းလိုမျိုး အခက်အခဲဖြစ်တယ်။ အဲ့တာကြောင့် ကလေးတွေ ထမင်းတစ်နပ်စားရင် ဟင်းတစ်မယ်ပဲ ကျွေးနိုင်တော့တယ်” ဟု လွယ်လွမ့်ပရဟိတ စာသင်ကျောင်းမှ ဆရာဖြစ်သူ စိုင်းစံညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ (ဓာတ်ပုံ-ဒေသခံ)

လက်ရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် KG မှ G-10 အထိ ကျောင်းအိပ်ကျောင်းစား ကျောင်းသားစုစုပေါင်း (၂၀၀) ကျော် ရှိပြီး KG မှ G-4 အထိ မူလတန်းကျောင်းသားများကို လွယ်လွမ့်ပရဟိတကျောင်း၌ သင်ကြားပေးကာ G-5 မှ G-10 အထိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား (၆၀) ကျော်မှာ တန့်ယန်းမြို့ အထက-(၁) တွင် ကျောင်းတက်ရောက်ရသည်။

အဆိုပါ လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စားနပ်ရိက္ခာ အခက်အခဲအပြင် ကျောင်းသား/သူများအတွက် နေရာထိုင်ခင်း၊ အိပ်ဆောင်၊ စာသင်ဆောင်နှင့် ပညာရေးဝန်ထမ်းများအတွက် လစာများလည်း ခက်ခဲနေကြောင်း သိရသည်။

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ (ဓာတ်ပုံ-ဒေသခံ)

“ကလေးတွေ များလာတော့ စားဖို့ကော နေဖို့ကော အခက်အခဲ ဖြစ်လာတယ်။ တစ်ရက်ကို ဆန်နှစ်ပိုင်း ကုန်တယ်၊ ကုန်ဈေးနှုန်း တက်တာလည်း ပါတော့ ဟင်းတစ်မျိုးပဲ ကျွေးနိုင်တယ်။ ပြီးခဲ့တဲ့ ၆ နှစ်က ဝါးနဲ့ဆောက်ထားတဲ့ အဆောင်တွေလည်း ကလေးနေဖို့ စာသင်ဖို့ ခက်သွားတယ်။ ဒါ့အပြင် ဆရာတွေအတွက် လစာလည်း အရင်နှစ်တွေလိုပဲ နည်းနေသေးတော့ ပြောရရင် အဘက်ဘက်က ခက်ခဲတာပေါ့”ဟု ကျောင်းအုပ်ဆရာတော် အရှင်ပညာသာမိ က သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တန့်ယန်းမြို့ပေါ်ရှိ သံဃာတော်များ၊ ဝုန်းမေတ္တာအဖွဲ့နှင့် ပြည်သူများ စုပေါင်း၍ ၂၀၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုပညာသင်နှစ်သည် (၇) နှစ်မြောက်ဖြစ်ကြောင်း သိရသည်။

ကျောင်းစတင်ဖွင့်လှစ်စဉ်က ကျောင်းသား/သူဦးရေ (၁၀၀) နီးပါးခန့်သာ ရှိခဲ့သော်လည်း သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကျောင်းသားဦးရေ နှစ်ဆကျော် တိုးလာပြီး လက်ရှိတွင် ကျောင်းအိပ်ကျောင်းစား (၂၀၀) ကျော် လက်ခံထားရှိကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်တွင် စစ်ကောင်စီထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ G-12 အောင်စာရင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ဖြေဆိုသူ (၆၅၈) ဦး၊ အောင်မြင်သူဦးရေ (၂၇၉) ဦးဖြင့် ပြည်နယ်နှင့်တိုင်းအလိုက် အနည်းဆုံး ဖြစ်ခဲ့ခြင်းကြောင့် စစ်ရေးပဋိပက္ခကြား ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေမှုမှာ အနာဂတ်အတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ပုံစာ – တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ (၆,၀၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းက ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့်...

လားရှိုးရောက်စစ်ရှောင်များကို သျှမ်းပြည်ဝန်ကြီးချုပ် က ဆန်၊ဆီ ဟန်ပြ လာလှူ

0
သျှမ်းပြည် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များအတွက် သျှမ်းပြည်ဝန်ကြီးချုပ် လှူဒါန်းခဲ့သည့် ဆန်အိတ်နှင့် ဆီပုံးများကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လှူဒါန်းခဲ့သည့် ဆန်အိတ် (၁၄၀)...

တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ

0
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...

တန့်ယန်းမြို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ စစ်ကောင်စီ စတင်ဖမ်းဆီး

0
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၈ ရက်) မှ စတင်ပြီး တန့်ယန်းမြို့ရှိ မြို့လယ်လမ်းမကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စတင်ဖမ်းဆီးနေခြင်းကြောင့်...