လားရှိုးရောက်စစ်ရှောင်များကို သျှမ်းပြည်ဝန်ကြီးချုပ် က ဆန်၊ဆီ ဟန်ပြ လာလှူ

သျှမ်းပြည် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များအတွက် သျှမ်းပြည်ဝန်ကြီးချုပ် လှူဒါန်းခဲ့သည့် ဆန်အိတ်နှင့် ဆီပုံးများကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လှူဒါန်းခဲ့သည့် ဆန်အိတ် (၁၄၀) ထဲမှ (၂၀) အိတ်သာ ချန်ထားပြီး ကျန် (၁၂၀) အိတ်ကို ၎င်းလက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း လားရှိုးရောက်စစ်ဘေးရှောင်များက ပြောသည်။

“ဖော်ရှိုးလုပ်ပြသွားပြီး လှူထားတာကို မထိနဲ့လို့ ပြောတာ၊ မနေ့က လာလှူထားတဲ့ဟာကို ပြန်လာယူသွားတယ်။ လာလှူတုန်းက ၁၄၈ သိန်းဖိုးလို့ ကြေညာတယ်၊ မနေ့က ဆန်အိတ် ၂၀ ချန်ထားပြီး ၁၂၀ ပြန်သယ်သွားတယ်။ စားဆီလည်း အထဲက ဆီတွေကို သွန်ခဲ့ပြီး ဗူးခွံပြန်ယူသွားတာ။ ဆန်ဂိုထောင်ကတောင် အလုပ်သမား တင်ခချခ ၁၀ သိန်းကျော် ကုန်လို့ ဘယ်သူ့ဆီ ပြန်တောင်းရမလဲ မသိဘူး”ဟု လားရှိုးရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်တွင် လားရှိုးမြို့သို့ ရောက်လာသည့် စစ်ကော်မရှင်ခန့် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် သည် သျှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ စစ်ဘေးရှောင်များအတွက် ဆန် (၁၄၀) အိတ်၊ စားသုံးဆီ (၇၀) ပိဿာ၊ ခေါက်ဆွဲ (၄၅) ဖာနှင့် ကြက်ဥ (၄၅) ကဒ် ထောက်ပံ့ပေးခဲ့ကြောင်း ဆိုသည်။

လားရှိုးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ စစ်ဘေးရှောင်များ (ဓာတ်ပုံ-FYO)

သို့သော် အဆိုပါပစ္စည်းများကို ယူငင်အသုံးပြုခြင်း မပြုလုပ်ရန် မှာထားခဲ့ပြီး ယမန်နေ့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများမှ ဆန်အိတ် (၁၂၀) နှင့် ဆီပုံးခွံများကို ပြန်လည်သယ်ယူသွားခဲ့ပြီး အမှန်တကယ် ထောက်ပံ့ခြင်း မရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ဖြစ်ပွားနေသည့် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား မြေပြင်တိုက်ပွဲများအပြင် လေကြောင်းအန္တရာယ် စိုးရိမ်ရသည့် ကျောက်မဲနှင့် သီပေါမြို့ဒေသခံများသည် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ်၌ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၊ အထက်မန်အိုင် ဘုန်းကြီးကျောင်း၊ မေတ္တာအောင်ကျောင်းတိုက်၊ မန်ဆူ(ဗမာ)ကျောင်း၊ အထက(၃) စာသင်ကျောင်းတို့တွင် စစ်ဘေးရှောင် (၁၀၀၀) ကျော် လက်ခံထားပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...