“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM) တို့၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် မေလ၁၅ ရက်အထိ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင် မြို့ပေါင်း ၈၇ မြို့ခန့် ရှိနေဆဲဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ခဲ့သည့် မြို့ပေါင်း ၁၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက စစ်အစိုးရ လိုလားသော မီဒီယာများနှင့် ဗမာသတင်းကွန်ရက် (Burma News Network) ၏ ဗီဒီယိုပေါ့ဒ်ကတ်စ် (Video podcasts) များတွင် မြို့များ၏ “ငါးပုံတစ်ပုံ” ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းသည် စစ်ရေးအရှိန်အဟုန် အပြောင်းအလဲဖြစ်ခြင်း၏ သက်သေပြချက်ဖြစ်သည်ဟု ကြွေးကြော်နေကြသည်။

ယခုထွက်ပေါ်နေသော ခေါင်းကြီးပိုင်း သတင်းများက စစ်တပ် သို့မဟုတ် တပ်မတော်သည် ပြည်တွင်းစစ်၏ အလှည့်အပြောင်းကို ဖော်ဆောင်နေပြီး၊ စစ်ရေးဦးဆောင်မှုကို ပြန်လည်ရယူကာ ကြံ့ကြံ့ခံနိုင်သော စစ်တပ်အဖြစ် ပြန်လည်ပေါ်ထွက်လာနေကြောင်း ပုံဖော်နေကြသည်။

သို့သော်လည်း လွတ်လပ်သော ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ အတည်ပြုချက်များနှင့်အတူ စစ်မြေပြင်ရုပ်လုံးကို ပိုမိုနက်ရှိုင်းစွာ ဆန်းစစ်ကြည့်ပါက ယခုပြောဆိုချက်များသည် ဝါဒဖြန့်မှုသက်သက်သာဖြစ်သော “တံလျှပ်” သို့မဟုတ် “ထင်ယောင်ထင်မှားမှု” (Illusion) တစ်ခုဖြစ်ကြောင်း ပေါ်လွင်နေသည်။

စစ်တပ်၏ ထင်ရှားနေသော အရှိန်အဟုန်သည် မဟာဗျူဟာကျကျ အောင်ပွဲတစ်ခုမဟုတ်ဘဲ ဗဟိုချက်မ ဒေသများနှင့် မြောက်ပိုင်းနယ်စပ်တစ်လျှောက်ရှိ ပိုမိုကျယ်ပြန့်သော စစ်ရေးကို ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေမှု အခြေအနေ နှင့် နက်ရှိုင်းသော အားနည်းချက်များကို ဖုံးကွယ်ရန် လုပ်ဆောင်သည့် နည်းဗျူဟာမြောက် ပြန်လည်နေရာယူမှု (Tactical repositioning) မျှသာ ဖြစ်သည်။

၁။ စစ်ရေးအရ အောင်ပွဲမဟုတ် ခေတ္တနလန်ထူမှုသာ

သတင်းခေါင်းစီးများ၏ နောက်ကွယ်က အမှန်တရားကို နားလည်ရန်အတွက် သတင်းရင်းမြစ်များကို ဂရုစိုက် ချင့်ချိန်ကြည့်ရမည်ဖြစ်သည်။

“စစ်ရေးအရှိန် ရလာပြီ” ဟူသည့် ဇာတ်လမ်းကို အခိုင်အမာ ထောက်ခံပေးသည့် အဖွဲ့မှာ လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်စဉ်အချက်အလက် (ACLED) စီမံကိန်းတခုဖြစ်သည်။

၎င်းတို့က စစ်တပ်သည် ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းအင်အား၊ ဒရုန်းစစ်ဆင်ရေးများနှင့် “သွေးခွဲအုပ်ချုပ်ရေး” သို့မဟုတ် “သပ်လျှို ဖြိုခွဲ” နည်းဗျူဟာများကို ပြင်းပြင်းထန်ထန် အသုံးပြုကာ တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသည်အချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

သို့သော်လည်း ACLED ကိုယ်တိုင်က ယင်းအခြေအနေကို အလှည့်အပြောင်း (Turning point) ဟု ခေါ်ဆိုရန် ဝန်လေးနေဆဲဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သတိကြီးကြီးဖြင့် ဘက်မလိုက်ဘဲဆန်းစစ်ထားသည့် လေ့လာချက်များက လက်ရှိစစ်ပွဲသည် ရုန်းမထွက်နိုင်သည့် ရွှံ့နွံအိုင်ကြီး သဖွယ် “ရုန်းလေနစ်လေအခြေအနေ” (Quagmire) တွင် ရှိနေကြောင်း ညွှန်ပြနေသည်။

နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) က ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းကဲ့သို့သော ဒေသအလိုက် အောင်မြင်မှုအချို့ကို အသိအမှတ်ပြုသော်လည်း၊ လက်ရှိစစ်ပွဲသည် မည်သည့်ဘက်ကမျှ အဓိက အချိုးအကွေ့ တခုကို ဖော်ဆောင်ခြင်းမရှိနိုင်သေးသည့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေတွင်သာ ရှိနေသည်ဟု ကောက်ချက်ချသည်။

ဘာတယ်လ်စမန်း အသွင်ကူးပြောင်းရေးအညွှန်းကိန်း (BTI) နှင့် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန (IISS) တို့က ပိုမိုမြင်သာသော အမြင်ကို တင်ပြထားသည်။

စစ်တပ်သည် လေကြောင်းအသာစီးရမှုကို ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေအများအပြားကို လိုက်လံ တိုက်ခိုက်နိုင်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိတော့ပေ။

၂၀၂၅ နှင့် ၂၀၂၆ ခုနှစ် IISS ၏ အစီရင်ခံစာများတွင် စစ်တပ်၏ စစ်ရေးအရ “တိုးတက်မှုများ” သို့မဟုတ် “နယ်မြေရယူမှုများ” သည် ရာသီအလိုက်၊ ဒေသအလိုက် တန်ဖြန်ထိုးစစ်များမျှသာဖြစ်ပြီး၊ ကာလရှည် နိုင်ငံရေး သို့မဟုတ် မဟာဗျူဟာကျကျ စိုးမိုးမှုကို ဖော်ဆောင်နိုင်ခြင်း မဟုတ်ကြောင်း အလေးပေးဖော်ပြထားသည်။

ဆန်းစစ်လေ့လာသူများအကြား ဘုံသဘောထားများမှာ ရှင်းလင်းသည်။ စစ်တပ်သည် အကန့်အသတ်ရှိသော စစ်ရေးအရ ပြန်လည်နာလန်ထူမှုကိုသာ ပြသနိုင်ခြင်းဖြစ်ပြီး၊ စစ်ပွဲတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့် မဟာဗျူဟာမြောက်် ဦးမော့လာမှုမျိုး မဟုတ်ကြောင်း ဖော်ပြကြသည်။

၂။ စစ်တပ်၏ “မြို့စောင့်ဗျူဟာ” နှင့် ကျေးလက်များ၏ လက်တွေ့အခြေအနေ

အာဏာသိမ်း စစ်တပ်၏ “အောင်မြင်မှု” ၏ အနှစ်သာရမှာ အလွန်ရင်းနှီးပေးဆပ်ရသည့် အထူးနည်းဗျူဟာ တခုပေါ်တွင် အခြေတည်နေသည်။

၎င်းမှာ မြို့ပြဗဟိုချက်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများ အလွန်အကျွံ အသုံးပြု၍ ပြန်လည်သိမ်းပိုက်ခြင်း ဖြစ်သည်။

အပူပိုင်းဇုန် (Dry Zone) ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ် အစိတ်အပိုင်း အချို့တွင် တော်လှန်ရေးအဖွဲ့များ (PDF များနှင့် ဒေသခံမဟာမိတ်တပ်များ) သည် သပိတ်ကျင်း၊ တကောင်းနှင့် ဖလမ်း ကဲ့သို့သော မြို့ကြီးများမှ အမှန်တကယ်ပင် ဆုတ်ခွာပေးခဲ့ကြသည်။

သို့သော်လည်း ယခုကဲ့သို့ ဆုတ်ခွာခြင်းသည် ဗျူဟာကျရှုံးခြင်းထက် နည်းဗျူဟာမြောက် လိုအပ်ချက်အရ ဆုတ်ခွာခြင်းသာ ဖြစ်သည်။

စစ်တပ်၏ တိုးမြှင့်လာသော လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ကျည်မိုးများအောက်တွင် မြို့ပြအထိုင်နေရာများကို ဆက်လက်ထိန်းထားရန်မှာ မဖြစ်နိုင်တော့ဘဲ အရပ်သား ထိခိုက်သေဆုံးမှုနှင့် အခြေခံအဆောက်အအုံ ပျက်စီးမှုများကိုသာ အလွန်အမင်း မြင့်တက်စေသည်။

ထိုသို့ ဆုတ်ခွာပေးခြင်းဖြင့် တော်လှန်ရေးအင်အားစုများသည် ရှင်သန်နိုင်ရေးနှင့် နယ်မြေကို ထိရောက်စွာ လဲလှယ်လိုက်ခြင်းဖြစ်ပြီး၊ ကျေးလက်ဒေသများသို့ ပြောက်ကျားစစ်စနစ်အသွင်ဖြင့် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

၎င်းတို့သည် မိမိတို့၏ စစ်ရေးအင်အားကို ထိန်းသိမ်းရန် မြေပုံပေါ်ရှိ “အစက်အပြောက်” (မြို့များ) ကိုသာ စွန့်လွှတ်ခဲ့သော်လည်း၊ စစ်အစိုးရ အာဏာမသက်ရောက်နိုင်သည့် ကျေးလက်ဒေသများ၊ တောတောင်များနှင့် တောင်တန်းဒေသများဟူသော “ပတ္တူစ” ခေါ် “နောက်ခံနယ်မြေအကျယ်အဝန်းကြီးတစ်ခုလုံး” (Canvas) ကိုမူ ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

စစ်တပ်သည် ပြန်လည်သိမ်းပိုက်ထားသည့် မြို့တော်ခန်းမများပေါ်တွင် ၎င်း၏အလံကို လွှင့်ထူထားနိုင်သော်လည်း၊ ၎င်းမြို့များသို့ ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများကိုမူ လုံခြုံအောင် မလုပ်နိုင်သကဲ့သို့ တော်လှန်ရေး အင်အားစုများ ပြည်သူလူထုနှင့် ရောနှောနေထိုင်ရာ ပတ်ဝန်းကျင်ကျေးရွာများကိုလည်း ထိန်းချုပ်ခြင်းမရှိနိုင်ပေ။

ဥပမာအားဖြင့် မန္တလေးတိုင်းတွင် စစ်တပ်က တကောင်းမြို့ကို ပြန်လည်ရယူထားသော်လည်း တော်လှန်ရေး အင်အားစုများသည် ဆက်စပ်နယ်မြေများတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ခြင်းနှင့် ကျေးလက်ဒေသများတွင် ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများကို ဆက်လက် ထိန်းထားလျက်ရှိသည်။

ထို့ကြောင့် ယခု “အောင်ပွဲ” ဆိုသည်မှာ အုပ်ချုပ်ရေးဆိုင်ရာ အခွံမျှသာဖြစ်ပြီး လက်တွေ့လုပ်ငန်းလည်ပတ်နိုင်သော ထိန်းချုပ်မှုမျိုး မဟုတ်ပေ။

၃။ မြောက်ပိုင်းနှင့် အနောက်ပိုင်းစစ်မျက်နှာ – ခံစစ်အခြေအနေ (The Northern and Western Fronts: A Defensive Stalemate)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ် ပြန်လည်အရှိန်ရလာသည်ဟူသော ဇာတ်ကြောင်းသည် ရခိုင်၊ ကချင်နှင့် ကရင်နီ (ကယား) ပြည်နယ်များ၏ အခြေအနေကို စစ်ဆေးကြည့်သည့်အခါတွင် လုံးဝပြိုလဲသွားပြီဖြစ်ပြီး ထိုနေရာများတွင် စစ်တပ်သည် ခံစစ်သက်သက်ဖြင့်သာ ရုန်းကန်နေရသည်။

• ရခိုင်ပြည်: ရက္ခိုင့်တပ်တော် (AA) သည် မဟာဗျူဟာကျ ဆိပ်ကမ်းမြို့ဖြစ်သည့် ကျောက်ဖြူမြို့နှင့် မြို့တော်စစ်တွေ (စစ်တပ်က သေးငယ်သော ပိတ်ဆို့ခံ နေရာလေးတစ်ခုကိုသာ ထိန်းချုပ်ထားနိုင်သည်) အပါအဝင် ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည်။ AA သည် ၎င်း၏စစ်ဆင်ရေးများကို မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့အထိ တိုးချဲ့လာခဲ့ပြီး စစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်ထားသည်။ မကြာသေးမီက စစ်တပ်၏ နယ်မြေပြန်လည်ရယူရန် ကြိုးပမ်းမှုများမှာ ခြေမှုန်းခံလိုက်ရပြီး ထိုးစစ်အသစ်များ ဆင်နွှဲမည့်အစား အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို တောင်းခံရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

• ကချင်ပြည်: ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ဖားကန့် ကျောက်စိမ်းတွင်းဒေသနှင့် ပန်ဝါရှိ ရှားပါးမြေဒြပ်စင် (REE) နယ်မြေများ အပါအဝင် အဓိက စီးပွားရေးဇုန်များကို ခိုင်မာစွာ ထိန်းချုပ်ထားသည်။ စစ်တပ်၏ ကြိုးပမ်းမှုများ ရှိသော်လည်း KIA ကို ယခု မဟာဗျူဟာနယ်မြေများမှ ဖယ်ရှားနိုင်ခြင်း မရှိသေးချေ။ စစ်တပ်သည် ဗန်းမော်စင်္ကြံလမ်းကြောင်းကို လုံခြုံအောင်လုပ်ရန် ရုန်းကန်နေရပြီး တရုတ်နယ်စပ်တစ်လျှောက်တွင် ခံစစ်အနေအထားဖြင့်သာ ပိတ်မိနေသည်။

• ကရင်နီပြည်: လွိုင်ကော်မြို့အား ဆက်လက်ဝိုင်းရံပိတ်ဆို့ထားမှုရှိနေပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် အရေးပါသော နယ်မြေများကို ဆက်လက်ထိန်းချုပ်ထားသည်။ စစ်တပ်သည် ဝိုင်းရံပိတ်ဆို့မှုကို ဖြတ်တောက်ရန် သို့မဟုတ် ပြည်နယ်မြို့တော်ကို ပြန်လည်ရယူရန် ထိရောက်သောအပြောင်းအလဲတစ်ခုကို မဖော်ဆောင်နိုင်သေးပေ။

ယခုဒေသများတွင် စစ်ကောင်စီသည် “စစ်ရေး အရှိန်အဟုန်ရလာနေခြင်း” မဟုတ်ဘဲ ပြတ်သားပြီး စွမ်းဆောင်ရည်ရှိသော ရန်သူကို ခံစစ်စည်းဖြင့်သာ တောင့်ခံနေရခြင်း ဖြစ်သည်။ ထိုနေရာများက မည်သည့် “တန်ပြန်ထိုးစစ်” မဆို အကန့်အသတ်ရှိနေပြီး၊ ဒေသအလိုက်သာလုပ်ရှားနေရပြီး ပြန်လည်တွန်းလှန်ခြင်းကိုသာ ခံနေရသည်။

စစ်ရေးအရှိန်ရလာသည်ဟူသော ပြောဆိုချက်သည် ဗဟိုချက်မဒေသများက အောင်မြင်မှုအချို့ကိုသာ ကွက်ကာ ထုတ်ပြပြီး နယ်စပ်ဒေသများက ဆုံးရှုံးမှုများနှင့် ရှေ့မတိုးနောက်မဆုတ်သာဖြစ်မှုများကို ဥပေက္ခာပြုထားသည့် ရွေးချယ်ပြသထားသော အမှန်တရား (Selective truth) မျှသာ ဖြစ်သည်။

၄။ ဝါဒဖြန့်ချိရေး ယန္တရား – “တံလျှပ်” သို့မဟုတ် “ထင်ရောင်ထင်မှား” ခြင်းအကြောင်းအရင်း
သို့ဆိုလျှင် စစ်ကောင်စီသည် ယခုကဲ့သို့ အောင်မြင်နေသည်ဟူသော ဇာတ်ကြောင်းကို အဘယ်ကြောင့် အတင်းအကျပ် ပုံဖော်နေရသနည်း။ အဖြေမှာ နိုင်ငံရေးအရ ရှင်သန်ရေးနှင့် ပြင်ပမှ တရားဝင်မှု ရရှိရေးတို့ကြောင့် ဖြစ်သည်။

  1. ပြည်တွင်းတရားဝင်မှု: “ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်” နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသော ရွေးကောက်ပွဲများနှင့်အတူ စစ်တပ်သည် တည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှု ပုံရိပ်ကို ပြသရန် လိုအပ်သည်။ ကျေးလက်ဒေသများ ဆုံးရှုံးနေရခြင်းနှင့် တော်လှန်ရေးအဖွဲ့များ၏ အားကောင်းမှုကို ဝန်ခံလိုက်ခြင်းသည် ၎င်းကိုယ်၎င်း တစ်ခုတည်းသော တရားဝင်အာဏာပိုင်အဖြစ် အခိုင်အမာပြောဆိုနေမှုကို ပျက်ပြားစေလိမ့်မည်။
  2. နိုင်ငံတကာဆက်ဆံရေး: တရုတ်နှင့် အခြားဒေသတွင်း အင်အားကြီးနိုင်ငံများသည် “နိုင်ခြေရှိနေသော” သို့မဟုတ် အနည်းဆုံး နိုင်ငံကို တည်ငြိမ်အောင်လုပ်နိုင်စွမ်း ရှိပုံရသော အစိုးရတစ်ရပ်နှင့်သာ ပိုမိုထိတွေ့ဆက်ဆံလိုကြသည်။ အရှိန်အဟုန်ရနေသည်ဟူသော ဇာတ်လမ်းသည် အထူးသဖြင့် ဒီမိုကရေစီစံနှုန်းများထက် နယ်စပ်တည်ငြိမ်ရေးကို ပိုမိုဦးစားပေးသည့် ပေကျင်းအစိုးရထံမှ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုများ ဆက်လက်ရရှိစေရန် ကူညီပေးသည်။
  3. စစ်သည်စွမ်းဆောင်ရည်နှင့် စစ်မှုထမ်းစနစ်: စစ်ကောင်စီသည် ယိုယွင်းလာသော တပ်အင်အားကို ဖြည့်တင်းရန်အတွက် အစုလိုက်အပြုံလိုက် အဓမ္မစစ်မှုထမ်းစနစ်ကို အကြီးအကျယ် အမှီပြုနေရသည်။
    ထို့ကြောင့် အများစုက မျှော်လင့်ချက်မရှိတော့ဟု ရှုမြင်ထားသည့်် စစ်ပွဲများအတွင်း အသစ်ထပ်ရောက်လာမည့် စစ်သားသစ်များနှင့် လူထုအမြင်တွင် စစ်ပွဲရှုံးနေပြီဟု မမြင်နိုင်စေရန် စိတ်ဓာတ်မကျဆင်းစေရန် နှင့် သေကြေပျက်စီးခဲ့မှုများကို တရားမျှတအောင်လုပ်ဆောင်နိုင်ရန်ဟူသည့် ဝါဒဖြန့်ဇာတ်ကြောင်းအတွက် “ငါတို့နိုင်နေပြီ” ဆိုသည့် ဇာတ်ကြောင်းမှာ စစ်တပ်အတွက် မရှိမဖြစ်လိုအပ်နေခြင်းဖြစ်သည်။

၅။ “အောင်ပွဲ” ၏ အရင်းအနှီး


ယခု “အောင်ပွဲများ” အတွက် ရင်းနှီးပေးဆပ်ရမှုမှာ မိုးထိအောင် ကြီးမားနေသည်။

ဖလမ်းနှင့် မြဝတီကဲ့သို့သော မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းသည် များပြားလှစွာသော ပြည်သူလူထု အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊ အခြေခံအဆောက်အအုံ ပျက်စီးမှုနှင့် ကြီးမားပျံ့နှံ့နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများဟူသော တန်ဖိုးများနှင့် လဲလှယ်ခဲ့ရခြင်း ဖြစ်သည်။

စစ်တပ်၏ လေကြောင်းအင်အားနှင့် လက်နက်ကြီးများအပေါ် အလွန်အမင်း အမှီပြုမှုကြောင့် မြို့အများအပြားမှာ ပြာပုံ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး ရေရှည်စီမံခန့်ခွဲနိုင်သည့် မြို့ပြ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်တော့ပေ။

ထို့အပြင် ယခု “အောင်ပွဲများ” မှာ ခေတ္တခဏမျှသာ ဖြစ်လေ့ရှိသည်။ ယခင်ဖြစ်စဉ်များအရ စစ်တပ်သည် မြို့တစ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်သော်လည်း၊ တပ်အင်အားမလုံလောက်မှုနှင့် တော်လှန်ရေးအဖွဲ့များ၏ ကြံ့ကြံ့ခံနိုင်မှုတို့ကြောင့် အမြဲတမ်းခြေကုပ်ယူထားနိုင်ခြင်း မရှိဘဲ ရေရှည်ထိန်းထားနိုင်ခြင်းမရှိကြောင်း ပြသနေသည်။

နိဂုံး – အဆုံးမဖြတ်မဟုတ်၊ နှစ်ဖက်အင်အားပြုန်း အချိန်ဆွဲတိုက်ပွဲ

စစ်တပ်၏ စစ်ရေးအရှိန်ရလာသည်ဟူသော အခိုင်အမာပြောဆိုချက်သည် အမှန်တရားတစ်ဝက် (Half-truth) သာ ဖြစ်သည်။ ၎င်းမှာ ဒေသများ၏ဗဟိုချက်ဖြစ်သော မြို့ပြနယ်နိမိတ်အချို့ကိုသာ ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြင့် ထင်ယောင်ထင်မှားမှုကိုသာ ပြရန် ဖန်တီးထားသည့် နည်းဗျူဟာကျ အောင်နိုင်မှုများသာဖြစ်ပြီး၊ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ နယ်နိမိတ်ကြီးများမှာ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေများဖြင့် အပြန်အလှန် အင်အား ချွေတာနေရသည့် အချိန်ဆွဲတိုက်ပွဲ အဖြစ်သာ ရှိနေဆဲဖြစ်သည်။

တော်လှန်ရေးအင်အားစုများသည် စစ်တပ်၏ သမရိုးကျ စစ်ရေးအသာစီးရမှုများကို အချည်းနှီးဖြစ်စေသည့် ပြောက်ကျားစစ်နည်းဗျူဟာများသို့ ပြောင်းလဲကျင့်သုံးကာ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။

စစ်တပ်က မြို့များကို ထိန်းချုပ်ထားနိုင်သော်လည်း၊ တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများနှင့် ဖြစ်လာနိုင်သည့် အနာဂတ်လမ်းကြောင်းများကို ထိန်းချုပ်ထားသည်။

“မြို့များ၏ ငါးပုံတစ်ပုံ” ဟူသော ကိန်းဂဏန်းသည် စာရင်းအင်းအရ အရှိတရားတစ်ခု ဖြစ်နိုင်သော်လည်း၊ ၎င်းသည် ခြုံငုံသုံးသပ်ရမည့် အောင်မြင်မှုကို အမြင်လွဲသွားစေနိုင်သော စံနှုန်းတစ်ခု ဖြစ်သည်။

သို့သော် စစ်တပ်၏ ကိန်းဂဏန်းများသည် ၎င်းကိုယ်တိုင်ဆုံးရှုံးသွားရသည့် ကျရှုံးများ၊ တရားဝင် အုပ်ချုပ်ရေး ပြိုလဲသွားခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ ကြံ့ကြံ့ခံနိုင်မှုတို့ကို တမင်မျက်ကွယ်ပြုထားသည်။

စစ်တပ်အနေဖြင့် ပဋိပက္ခများ၏ မြစ်ဖျားခံရာ အကြောင်းရင်းများကို မဖြေရှင်းနိုင်ဘဲ စစ်မှန်သော နိုင်ငံရေးအရ အဖြေရှာမှုကို မကမ်းလှမ်းနိုင်သရွေ့ ၎င်း၏ “အောင်ပွဲများ” သည် အနှစ်သာရမရှိဘဲ အပေါ်ယံသာ ဖြစ်နေမည်။

စစ်ရေးအရှိန်အဟုန်ဆိုသည်မှာလည်း လက်တွေ့အရှိတရားကို ထင်ဟပ်ခြင်းမရှိဘဲ ဝါဒဖြန့်ချိရေး ကိရိယာတခု အဖြစ်သာ ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

စစ်ပွဲသည် ပြီးဆုံးရန် ဝေးကွာနေဆဲဖြစ်ပြီး၊ စစ်တပ်၏ စစ်ပွဲမှရရှိနေသော အမြတ်အစွန်းများဆိုသည်မှာ ဆန့်ကျင်ဘက် တော်လှန်ရေးအရှိန်အဟုန်၏ ရှေ့တိုးလာနိုင်မှုအကြားတွင် ယာယီဦးမော့လာနိုင်သော ခေတ္တနလန်ထူမှုတခုသာ ဖြစ်ပြီး အဆုံးအဖြတ်ပေးနိုင်သည့် အလှည့်အပြောင်းတခု မဟုတ်ပေ။

ဤဆောင်းပါးပါ အချက်အလက်နှင့် သုံးသပ်ချက်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်နှင့် ရှုမြင်ချက်သာဖြစ်သည်။

*အထက်ပါဆောင်းပါးမှာ စိုင်းဝမ်းဆိုင် ရေးသားထားသော THE ILLUSION OF MOMENTUM: Why the Junta’s “Victories” Are a Strategic Mirage ၏ အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...