သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ကျန်ရှိခဲ့သည့် စစ်လက်ကျန်ဗုံး ပေါက်ကွဲခဲ့သဖြင့် ကလေး နှစ်ဦး အပါအဝင် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“ဗုံးကို လူကြီးတစ်ယောက်က သူတို့ရဲ့ လယ်ယာထဲကို ကောက်ယူလာခဲ့တာ။ ကလေးတွေက တွေ့ပြီး ဆော့ရာကနေ ‌ပေါက်ကွဲမှုဖြစ်သွားတာပါ။မိန်းကလေးငယ်တစ်ယောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာရထားတယ်” ဟု သိန္နီမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများသည်  သိန္နီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး၊ ထိခိုက်ဒဏ်ရာပြင်းထန်သည့် ကလေးငယ်တစ်ဦးကို လောက်ကိုင်မြို့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထိခိုက်သူများသည် အသက် ၄၁နှစ်အရွယ်ရှိ  ဦးကြာဝ၊ အသက် ၄၂နှစ်အရွယ်ရီိ ဒေါ်နာတီ နှင့် ကလေးဖြစ်သူ မသကိ ၇နှစ်အရွယ်ရှိ ဒေးဗစ် ဖြစ်ပြီး၊  ထိခိုက်မှုပြင်းထန်ပြီး ခြေထောက်ဖြတ်လိုက်ရသည့် သူသည် အသက် ၁၀နှစ်အရွယ်ရှိ  အက်စတာ ဖြစ်ကြောင်းသိရသည်။​

အလားတူ ပြီးခဲ့သည့် (မေလ ၁၁ ရက်)တွင်လည်း ကျောက်မဲမြို့နယ် ပန်ဟိုက်ကျေးရွာတွင် အမျိုးသားတစ်ဦး အာပီဂျီ အမျိုးအစား လက်နက်ကြီးကို ဝမ်ရေးအတွက် ပြန်လည်ရောင်းချရန် သယ်လာပြီး ဖြုတ်တပ် စမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ နေရာတွင်တင် ခြေထောက်နှစ်ဖက် နှင့် ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုကြောင့် စစ်လက်နက်ကျန် ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများတွေ့လျှင် မထိမကိုင်သင့်ကြောင်းနှင့် နေအိမ်သို့ မယူပြန်သင့်ကြောင်း အန္တရာယ်ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ၏ သတိပေးချက်များကို လိုက်နာသင့်သည်။

သျှမ်းပြည်နယ်တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ကျန် ပစ္စည်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ (၂၄၅)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၃၆ ရာခိုင်နူန်းရှိခဲ့ပြီး မြန်မာနိုင်ငံ၌ အများဆုံးထိခိုက်သေဆုံးသော ပြည်နည်တစ်ခုဖြစ်ကြောင်း UNICEF Myanmar မှထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...