Sunday, February 5, 2023

MNDAA

စစ်ကောင်စီ နှင့် MNDAA ထိတွေ့တိုက်ပွဲဖြစ်၊ ဒေသခံ တချို့ စစ်ရှောင် ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ တချို့က စစ်ရှောင် ထွက်ပြေး နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်မှ စတင်ပြီး ယနေ့အထိ...

စစ်ကောင်စီ နှင့် ကိုးကန့်တပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အကျများ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်တွင် အပစ်အခတ် တစ်နှစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အကျအဆုံး များခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အနီး...

တရုတ် အထူးကိုယ်စားလှယ် အသစ် နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EAOs (၇) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) နှင့်...

မုံးကိုးဒေသ MNDAA တပ်စခန်းကို စစ်ကောင်စီလေကြောင်းတိုက်၊ MNDAA တပ်သားတစ်ဦး ကျဆုံး ၅ဦးထိခိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသတွင် စစ်ကောင်စီမှ ကိုးကန့်တပ် (MNDAA) ရှိသည့်နေရာကို Su-30 တိုက်လေယာဥ်ဖြင့် ပစ်ခတ်သဖြင့် MNDAA ဘက်မှ တပ်သားတစ်ဦးကျဆုံးခဲ့ပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၂၆ရက် နံနက် ၁နာရီကျော်တွင် စစ်ကောင်စီဘက်မှ Su-30 တိုက်လေယာဦဖြင့် MNDAA တပ်စခန်းကို...

စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် စစ်ကောင်စီဘက် (၃) ဦးကျဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် နှင့် မုံးကိုးကြားရှိ ဝိန်းဆိုင်ကျေးရွာအနီး စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၃) ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာ (၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်က MNDAA တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့...

မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီနှင့် MNDAA ထိတွေ့တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် နှင့် မုံးကိုးကြားရှိ ဝိန်းဆိုင်ရွာ အနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၁) ရက် မွန်းလွဲပိုင်း ၂...

လောက်ကိုင် ကားဂိတ်များ ကားခ ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ညွှန်ကြားစာထွက်

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မြို့နယ်ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ ကားခ ယာဥ်နှုန်း ထားများကို သတ်မှတ်နှုန်းထားဖြင့် ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်လာသည်။ ယမန်နေ့ (ဒီဇင်ဘာ ၇) ရက်စွဲဖြင့် လောက်ကိုင်မြို့နယ် ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီက ခရီးသည် တစ်ဦးအတွက် ကားခများကို သတ်မှတ်နှုန်းထားအတိုင်း...

ရွှေလီမြစ်ဝှမ်း ဆက်ကြေး (အခွန်) ကောက်မှု လျှော့ချရန် လက်နက်ကိုင်တပ်ဖွဲ့များ တိုင်ပင်ဆွေးနွေးနေ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ကမ်းတစ်လျှောက် ထုန့်မောဝ်ဒေသကို ဆက်ကြေး (အခွန်) ကောက်မှု လျှော့ပေါ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့မှ တိုင်ပင်ဆွေးနွေးနေကြောင်း သတင်းသိရသည်။ ထုန့်မောဝ်ဒေသ မူဆယ်မြို့၊ နမ့်ခမ်းမြို့ အပါအဝင် လားရှိုး - ကွတ်ခိုင် - မူဆယ် လမ်းပိုင်းမှ အခွန်ကောက်ယူ နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည်...

တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် ကားငှားရမ်းခ မြင့်တက်လာ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ထဲ တိုက်ပွဲဖြစ်ပွားမည်ဆိုသည့် သတင်း လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့မှုကြောင့် တရုတ်ယွမ်ငွေဈေး ကျပြီး ကားငှားရမ်းခ ဈေးနှုန်းများ မြင့်တက်လာကြောင်း သတင်းသိရသည်။ ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ...

လောက်ကိုင်မြို့တွင်း တိုက်ပွဲဖြစ်မည့် သတင်းကြောင့် ကားများ အလုအယက်ငှားရမ်းနေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ အလုအယက် ငှားရမ်းပြီး ကားမလုံလောက်မှု ဖြစ်နေကြောင်း သတင်းသိရ သည်။ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် လောက်ကိုင်မြို့တွင်း တိုက်ပွဲပြင်းထန်လာနိုင်မည့် သတင်းကြောင့် လောက်ကိုင် ရောက် အလုပ်သမားများက...

Latest news