သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့် တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း သိန္နီဒေသခံများက ပြောသည်။

“၁၀ ရက်နေ့က ကိုးကန့်စစ်သားတွေ သေနတ်ပြင်ပြီး စယ်အူ စာသင်ကျောင်းမှာ သွားစုကြတာ။ အဲ့တာပြီးတော့ သိန္နီမြို့ပေါ်ကနေ MNDAA တဖြည်းဖြည်း တပ်ဆုတ်သွားမယ်၊ ပြီးရင် စစ်တပ် ပြန်ဝင်လာမယ်လို့ သတင်းထွက်လာတာ။ တချို့ကလည်း လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ကျကွဲပြီးတော့ သိန္နီက ရုံးတွေထဲမှာ မနေရဲလို့ မြို့ပြင်ဘက် ခနရှောင်နေတယ် ပြောတယ်” ဟု သိန္နီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA ဘက်မှ သိန္နီမြို့နယ်အတွင်း ဇူလိုင်လ (၁၀) ရက် တစ်ရက်တည်းတွင် ထိုသို့ စစ်ရေးလှုပ်ရှားခဲ့ပြီး ၎င်းနောက်ပိုင်းတွင် မူလအတိုင်း မြို့ပေါ်နေရာများ၌ ပြန်လည်နေရာယူ တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဇူလိုင်လ ဒုတိယပတ်အတွင်း သိန္နီဒေသခံများကို အစည်းအဝေးခေါ်ယူပြီး MNDAA ဘက်မှ နှစ်ဝက်ရှင်းတမ်း ပြောကြားခဲ့ပြီး သိန္နီမြို့ကို နှစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အုပ်ချုပ်ရေးလုပ်ငန်းများကို ပြည်သူထံ ပြန်လည်လွှဲအပ်ပြီး ၎င်းတို့က နောက်ကွယ်မှ စီမံခန့်ခွဲမည်ဟု ဒေသခံများကို စည်းရုံးနေကြောင်း ဆိုသည်။

“ကိုးကန့်စစ်သားကတော့ တပ်မဆုတ်ဘူးလို့ ပြောတာပေါ့၊ မြို့ပေါ်က အုပ်ချုပ်ရေးလုပ်ငန်းကို ပြည်သူဆီ လွှဲပေးပြီး သူတို့က အနောက်က ကူညီထောက်ပံ့ပေးမယ်လို့ ပြောတယ်။ မြို့ပေါ်က ရပ်ကွက်ရုံးတွေကို ပြည်သူတွေဆီ အပ်ပေးပြီး အုပ်ချုပ်ရေး ပြန်လည်ပတ်ခိုင်းမယ်။ အရင်နေ့ကတောင် အစည်းအဝေး ခေါ်ပြီး နှစ်ဝက်ရှင်းတမ်း လုပ်သေးတယ်၊ နောက်နှစ်ဝက်လည်း ဘာဆက်လုပ်မယ် ပြောသေးတယ်” ဟု အဆိုပါ သိန္နီဒေသခံ အမျိုးသားက ဆက်ပြောသည်။

သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ စက်တင်ဘာလကုန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ချင်းရွှေဟော်မြို့နည်းတူ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။

“လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ပစ်ခံရတာနဲ့ သိန္နီက ကိုးကန့် တပ်ဆုတ်မယ်လို့ သတင်းထွက်တာကလည်း အဲ့နယ်မြေကို ဘယ်သူ ထိန်းချုပ်ထားလဲဆိုတာ ပြချင်တာပဲ။ တရုတ်ကတော့ ဘယ်နည်းနဲ့ရရ စီးပွားရေး ပြန်စလို့ရအောင် လုပ်လာမယ်လို့ မြင်တယ်၊ အဓိကတော့ စစ်တပ်က တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့တွေကို ပြန်လိုချင်နေတာ” ဟု လားရှိုးမြို့နေ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ သိန္နီမြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး MNDAA လက်အောက်ရှိ အထူးဒေသ(၁) ရေပေးဝေရေးနှင့် လျှပ်စစ်စွမ်းအားကုမ္ပဏီမှ လျှပ်စစ်မီး (၂၄) နာရီ ဖြန့်ဖြူးပေးနေပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန်နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လည်ပတ်နိုင်ရန် ရည်ရွယ်ကြောင်း ကိုးကန့်သတင်းကွန်ရက်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...