Wednesday, January 28, 2026

သိန္နီ

သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်

သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...

သိန္နီမြို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံသစ် တည်ဆောက်နေပြီး MNDAA တပ်မဆုတ်ဟုဆို

သျှမ်းပြည် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာမည်မဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီမြို့မဈေးနေရာ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့်...

သိန္နီတွင် MNDAA တပ်သားနှင့် အကြည့်ချင်းဆုံရာမှ လူငယ် ၄ ဦး ဖမ်းဆီးရိုက်နှက်ခံရ

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA ၏ တပ်သားများ အရက်သောက်နေစဉ် လူငယ်များနှင့် စကားများရန်ဖြစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန်...

အခြားသူတွေ …

နင့် အဘွား မွေးရပ်မြေလည်း မဟုတ်ဘူး … ငါ့ မွေးရပ်မြေလည်း မဟုတ်ဘူး … နင့် မွေးရပ်မြေလည်း မဟုတ်ဘူး … ။ ဒါပေမယ့် ငါ့အမေ ခေါင်းချသွားတဲ့ မြို့ … ငါနဲ့ နင့်အဖေ စတင်တွေ့ခဲ့တဲ့မြို့ … နင့်ဘဝရဲ့ ပထမဆုံးခရီးစဉ်။ ရွာအသေးလေးတွေ...

သိန္နီတွင် စစ်ရှောင်သွားသည့် နေအိမ်နှင့် ဆိုင်ခန်းကို တရုတ်က လိုက်လံငှားရမ်းနေ

သျှမ်းပြည် သိန္နီမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာပြီးနောက် တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာပြီး စစ်ဘေးရှောင်သွားသည့် နေအိမ်များနှင့် ဆိုင်ခန်းများအား လိုက်လံငှားရမ်းနေ ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သိန္နီမြို့ပေါ်ရှိ...

အခွန်ကောက်ခံမှုကြား ဈေးသည်တွေရဲ့ သောက

နန်းစိမ်း(အမည်လွှဲ) တစ်ယောက် ဆိုင်ကယ်ကို မောင်းနှင်ရာမှာ အာရုံပင် ကောင်းစွာမစိုက်ဘဲ ဦးတည်ရာမဲ့ ဖြစ်နေသည်။ အကြောင်းမူကား ယခင်ရောင်းနေကျ သိန္နိမြို့ ရှိ ဈေးဟောင်း (မြို့မဈေး) ထဲတွင် ကိုးကန့်တပ် MNDAA မှ ဈေးမရောင်းချရန် တားမြစ်ပိတ်ပင်လိုက်သဖြင့် နန်းစိမ်းမှာ ဈေးရောင်းဖို့အတွက် ဆိုင်ခန်းအသစ် ထပ်ရှာနေရခြင်း ဖြစ်သည်။ အားကိုးစရာ...

သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်သည့် ဈေးသည်များကို MNDAA လာရောက်နှင်ထုတ်

သျှမ်းပြည် သိန္နီမြို့ရှိ ပျက်စီးသွားသည့် မြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၅ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင်...

သိန္နီမြို့မဈေးလူသတ်မှု မသင်္ကာသူအဖြစ် MNDAA ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံး

သျှမ်းပြည် သိန္နီမြို့မဈေးထဲ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မသင်္ကာသူအဖြစ် ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၂) ရက် ညပိုင်းတွင် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) ၌ ငါးခြောက်ရောင်းချသည့် အသက် (၅၀)...

Latest news