သိန္နီ

သိန္နီမြို့ MNDAA ပြုလုပ်ပေးသည် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား သတ်မှတ်နယ်မြေအတွင်းသာအသုံးဝင်

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများကို ပြုလုပ်ပေးပြီး ၎င်းတို့ သတ်မှတ်ထားသည့် နယ်မြေအတွင်းသာ အကျုံးဝင်ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်ကာ သိန္နီမြို့အဝင်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)က ၎င်းတို့ ပြုလုပ်ပေးသည့် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများကို စစ်ဆေးမှုများ...

ကွတ်ခိုင်မြို့ မြေငလျင် (၇)ကြိမ် လှုပ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် အခြားမြို့နယ်အများစု မြေငလျင် (၇)ကြိမ် လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။  ယနေ့( ဒီဇင်ဘာလ ၉) ရက် နံနက် (၃)နာရီခန့်တွင် ကွတ်ခိုင်မြို့၊ သိန္နီမြို့၊ လားရှိုးမြို့ အရှေ့မြောက်ဘက်တွင် ငလျင် (၇)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုသည် အင်အားမပြင်းထန်သော်လည်း သျှမ်းမြောက်ဒေသခံများအတွက် ထိတ်လန့်စေခဲ့ပြီး...

သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်။ သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်သခင်ဝင်ရောက်စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA...

လေးလအတွင်း စစ်ကောင်စီလေကြောင်းဗုံးဒဏ်ကြောင့် အရပ်သား(၃၈) ဦးသေ၊ တစ်ရာကျော် ဒဏ်ရာရဟု MNDAA ပြော

သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးပြီး (၁၂၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ယနေ့(နိုဝင်ဘာ ၁ ရက်)တွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လမှ အောက်တိုဘာလအထိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း...

သိန္နီမြို့ စစ်ကောင်စီ အပြင်းအထန် ဗုံးကြဲမှု ထပ်မံပြုလုပ်

စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊...

ခြောက်ခြားဖွယ် နေ့ရက်များ

ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြား ခန္ဓာကိုယ်တစ်စစီ ပြတ်လွှင့်စဉ်နေပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းတောင် သိဖို့ ခက်နေပါတယ်။  စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု မဖြစ်ခင် စက္ကန့်ပိုင်းထိ စျေးရောင်းသူနဲ့ ဝယ်သူကြား ဆူညံသံ ရီမောသံတွေဟာ သိန္နီမြို့မစျေးတစ်ခုလုံးကို လွှမ်းမိုးနေပါတယ်။  အဲ့နေ့ဟာ သိန္နီစျေးရဲ့ အဖိတ်နေ့ဖြစ်ပြီး ဝါတွင်း၊ဝါဝင် ဥပုလ်နေ့အတွက် ဘုန်းကြီးကျောင်း လှူဒါန်းရန် စျေးသို့ ကြိတ်ကြိတ်တိုး...

MNDAA အပစ်ရပ်ထားသည့် လေးရက်အတွင်း သိန္နီမြို့နှင့် လားရှိုးမြို့ကို စစ်ကောင်စီ အပြင်းအထန် လေကြောင်းဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့နှင့် လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အပစ်ရစ်ကြေညာထားသည့် လေးရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းကြောင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ဇူလိုင်လ ၁၅...

သိန္နီ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများနှင့် ပညာရေးမှူးရုံးသို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်ကျော် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် သိန္နီမြို့ပေါ် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် အထက-(၁)၊ ပညာရေးမှူးရုံးနှင့်...

သိန္နီမြို့နယ် မိုင်းလီ ကွင်းလမ်း ပျက်စီး၊ ကားများနွံနစ်မှုဖြစ်

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းလီလမ်း ပျက်စီး၍ ကားများနွံနစ်ကာ ကားသမားများ အခက်အခဲများစွာ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွားလမ်း မိုင်းလီရွာအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးကာ ကားနွံနစ်မှု၊ ကားပျက်စီးမှု ကြုံတွေ့နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ...

သိန္နီမြို့နယ် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ်တွင် နှစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၁၄ ရက် နံနက် ၁၀ နာရီကျော်တွင် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စုရှိ ဟိုတာ့ကျေးရွာမှ အသက် ၃၁ နှစ်အရွယ်ရှိ စိုင်းဆိုင်လျန်း သည် တောင်ယာရှင်းလင်းနေစဉ်...

Latest news