MNDAA ထိန်းချုပ်ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းများကို အခွန် အဆမတန်ကောက်ခံမည်

သျှမ်းပြည် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသော ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းအမျိုးမျိုးကို အခွန်အခ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းရှိ ကုန်စုံဆိုင်အမျိုးမျိုး၊ ဟိုတယ်(Hotel) နှင့် KTV စသည့် ဆိုင်ခန်းနှင့် လုပ်ငန်းအမျိုးမျိုးကို အခွန်ကောက်သွားမည်ဟု ထုတ်ပြန်လာသည်။

“ဖေဖော်ဝါရီလ အစတုန်းကတော့ ကားဂိတ်ဖွင့်ဖို့ ဈေးသွားမေးကြည့်တာ ၉ သိန်းတဲ့ ဈေးအရမ်းကြီးလို့ မဖွင့်ဖြစ်ဘူး။ ကုန်စုံဆိုင်အခွန်အခတွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်ထဲမှာ လာပြောသွားတယ် သူတို့ဆီမှာ အခွန်ဆောင်ဖို့ပေ့ါ။ ၁ လကို အနည်းဆုံး ၅ သိန်းပေးရမယ်လို့ပြောတယ်။ တချို့ကလည်း သွားပေးပြီးပြီ၊ တချို့ကလည်း မပေးရသေးဘူး”ဟု လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြို့ပေါ်တွင် ဖွင့်ထားသည့် အလှပြင်ဆိုင် ၊ KTV ၊ Hotel တို့သည် အခွန်အခများကို လစဉ်ပေးဆောင်ရမည် ဖြစ်ပြီး အခြားသော ဆိုင်ခန်းနှင့် ကုန်စုံဆိုင်များသည် အခွန်အခကို ၁ နှစ် တစ်ကြိမ် ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လားရှိုးမြို့အဝင်

ထို့အပြင် လားရှိုးမြို့အတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းနှင့် ကုန်စုံဆိုင်အမျိုးမျိုးတို့၏ အခန်းအခများကို ဆိုင်ခန်းပေါ် မူတည်၍ တစ်လလျှင် အခွန်အခ မည်မျှ ကောက်ခံမည်၊ ၁ နှစ်လျှင် အခွန်အခ မည်မျှ ပေးဆောင်ရမည်ကို MNDAA တာဝန်ရှိသူများက ပြန်လည်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်လများတွင် အခွန်ပေးဆောင်ထားသည့် ဒေသခံများကိုလည်း လာမည့် ဇွန်လတွင် ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများမှ အခွန်အခဈေးနှုန်းအသစ် ပြန်လည်သတ်မှတ်မည့်ဖြစ်သည့်အတွက် ပြန်လည် သတ်မှတ်သည့် ဈေးနှုန်းအတိုင်း အခွန်အခ‌များကို ပေးဆောင်ရမည်ဟု ဆိုသည်။

အလားတူ လားရှိုးမြို့မှ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ဟိုပန်စသည့်မြို့တို့ကို တင်သွင်းသည့် စက်သုံးဆီတင်ယာဉ်များကို မတ်လ ပထမပတ်မှစ၍ သိန္နီမြို့ အဝင်အထွက် Aisa World ဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အခွန်ပေးဆောင်နေရကြောင်း သိန္နီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ စက်သုံးဆီတင်တဲ့ ကားတွေကို အဲ့ Asia World မှာ ကောက်နေတာ ပန်လော့ကနေ ကွတ်ခိုင်သွားတဲ့ လမ်းပေါ့။ သိန်းနဲ့ချီပြီး တောင်းနေတာ။ အဲ့လိုတွေ ဂိတ်ဖွင့်ပြီး ကောက်နေတော့ တခြားမြို့ကို စက်သုံးဆီတင်ပို့တဲ့ ယာဉ်တွေက အဲ့သိန္နီတံတားတွေနားမှာ ရပ်ထားနေရတာလည်း ရှိတယ်။ ဂိတ်တွေကလည်း များတယ်။ တချို့ နေရာမှာဆို သူတို့ကို စက်သုံးဆီပေးရတယ် ပုံးအဝါနှစ်ပုံး”ဟု သိန္နီမြို့ ဒေသခံ၎င်းအမျိုးသားက ပြောသည်။

လားရှိုးမြို့ MNDAA လုံခြုံရေး

ယခုကဲ့သို့ သျှမ်းမြောက်လမ်းပိုင်းတကြောတွင် လက်နက်ကိုင်အဖွဲ့များမှ ဂိတ်ကြေးများတောင်းခြင်း၊ အခွန်များ တောင်းခံခြင်း တို့ကြောင့် စက်သုံးဆီ ဈေးနှုန်း များ တရိပ်ရိပ်မြှင့်တက်နေရကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့၊ သိန္နီမြို့တွင်းတွင် MNDAA ထံ အခွန်ပေးဆောင်ကာ လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားပြီး၊ လက်ရှိ MNDAA ထိန်းချုပ်ထားသော ဒေသများတွင် လောင်းကစားဝိုင်းများအပြင် KTV နှင့် မာဆက် အနှိပ်ဆိုင်များ ပိုမိုပေါများလာကြောင်း ဒေသခံများက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင်လည်း ဆိုင်ခန်း၊ ကုန်စုံဆိုင်အမျိုးမျိုးနှင့် ဆေးခန်းတို့ကိုလည်း အခွန်ကောက်ခံခြင်းကြောင့် ဒေသခံများ ပေးဆောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...