စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့ အသက် ၅၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူခိုးရော လုယက်သူတွေရော အရမ်း များတယ်။ မိန်းကလေး တစ်ယောက်တည်း ဆိုင်ကယ်စီးမယ် ဆိုရင်တောင် အဝေးကြီး မသွားရဲဘူး။ အခုကသူခိုးတွေကိုလည်း ကိုယ့်ဟာကိုယ် ဖမ်းနေရတာ။ ဖမ်းမိရင်တောင် ရဲတွေက မရိုက်ရဘူးလို့ ပြောတယ်။ ရိုက်ရင်လည်း အရေးယူမယ်လို့လည်း ပြောနေတယ်။အွန်လိုင်းပေါ်လည်း မတင်နဲ့တဲ့”ဟု လားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ သူခိုးများကို လူထုက ကိုယ်ထူကိုယ်ထ ဖမ်းဆီးလျှင်လည်း ဖမ်းဆီးခံရသူများအား ရိုက်နှက်ခြင်းမပြုရန် နှင့် ထိုသို့ပြုလုပ်ပါက အရေးယူမည်ဟု စစ်ကော်မရှင်လက်အောက်ခံ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများက ပြောဆိုထားကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ဖြစ်စဉ်အကြောင်းအရာများကို၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို အွန်လိုင်းပေါ်တွင် မဖြန့်ဝေရန်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုထားကြောင်း သိရသည်။

ထိုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများ တားမြစ်ထားသော်လည်း မြို့တွင်း လုံခြုံရေးအခြေအနေများ အပေါ် ထိရောက်စွာ ကိုင်သွယ်ဖြေရှင်းနိုင်ခြင်းမရှိသည့် အတွက်ကြောင့် ဒေသခံများ စိုးရိမ်နေကြဆဲ ဖြစ်ကြောင်း ခိုးဆိုးလုယက်မှုများ လျော့နည်းစေရန် ထိရောက်သည့် လုံခြုံရေး ဆောင်ရွက်မှုများ လိုအပ်နေကြောင်း လားရှိုးမြို့ အသက် ၅၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ထဲကလည်း လုံခြုံရေးကို သေချာယူနိုင်လားဆို မယူနိုင်ဘူး။ သေသေချာချာ လုပ်နိုင်တာက ဦးထုပ်မဆောင်းတဲ့လူတွေကို ဖမ်းတာ အဲဒါပဲ ရှိတယ်။ အဲ့လို ဖမ်းတာတွေကို သေချာလုပ်သလို မြို့ထဲမှာ ခိုးဆိုး နေတာတွေကိုလည်း သေချာအရေးယူပေးရင် ကောင်းတာပေါ့” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) လားရှိုးမြို့ ရပ်ကွက် (၅) ၌ ပိုက်ဆံအိတ်ခိုးယူကာ ထွက်ပြေးသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၂၂ ရက်တွင် မူးယစ်ဆေး သုံးစွဲထားသည့် အမျိုးသားတဉီးသည် သေနတ်ဖြင့် လမ်းသွားလမ်းလာပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို ကိုယ်တိုင်ဂရုစိုက်နေရကြောင်းနှင့် မြို့တွင်း လုံခြုံရေးအခြေအနေ ပိုမိုကောင်းမွန်လာရန် မျှော်လင့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...