မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း မိုင်းရှူးမြို့ဒေသခံ အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်လည်း အရင်ကတည်းက နာမည်စာရင်းတွေ ပါထားတော့ အနေအထိုင်၊ အသွားအလာ ကတော့ သတိထားရတယ်။သူတို့ ဆွဲတာ၊ မဆွဲဘူးဆိုတာမျိုးက ပြောလို့မရဘူး။ပေါ်တာဆွဲခံရရင် နောက်မှ ဖြေရှင်းဖို့ ဆိုတာမျိုးက မလွယ်ဘူးလေ။ဒီရက်ပိုင်း ပေါ်တာဆွဲမယ်တွေလည်း ကြားနေတော့ နည်းနည်းတော့ စိုးရိမ်ရတာပေါ့”ဟု မိုင်းရှူးမြို့ ဒေသခံ အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုင်းရှူးမြို့၌ ပြည်သူ့စစ်မှုထမ်းရန် အမည်စာရင်းပါဝင်သူများကို စစ်ကော်မရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း မရှိသေးသော်လည်း အမည်စာရင်းပါဝင်သူများအကြား ပေါ်တာဆွဲခံရမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် တွင် အသက်သွင်းကာ သျှမ်းပြည်တောင်ပိုင်း အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ခရီးသွားလူငယ်များကို ပေါ်တာဆွဲခြင်း၊ နေအိမ်အတွင်း ဧည့်စာရင်းစစ်ကာ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခြင်း စသည့် အကြောင်းအမျိုးမျိုးပြကာ ပေါ်တာဆွဲဖမ်းဆီးခြင်းများ ရှိနေသည်။

လက်ရှိ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင်တပ်အပြင် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တို့ သွားလာလှုပ်ရှားမှုရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...