Friday, May 3, 2024

ဒေသခံ

သီပေါမြို့နယ် ဒေသခံများ မှတ်ပုံတင်ပြုလုပ်ရန် ငွေကျပ် ၁ သိန်းအထိပေးဆောင်ရ

သျှမ်းပြည် သီပေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ပြုလုပ်ရန် ငွေကျပ် ၁ သိန်းအထိ ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်အတွင်းက သီပေါမြို့နယ် နမ့်ရမ်းကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက ဝန်ထမ်းများနှင့် ကျေးရွာအုပ်စု ထွေအုပ်စာရေးတို့ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးနှင့်...

ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ ၊ ကောင်းခါးကျေးရွာ ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ...

နမ္မ မြစ်ပေါ် ရေကာတာတည်ဆောက်မှုအား ဒေသခံများကန့်ကွက်လက်မှတ်ထိုး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်မှုအား ဆန့်ကျင်ကန့်ကွက်သူဒေသခံများ၏ လက်မှတ်များအား ကောက်ယူကာ သက်ဆိုင်ရာသို့ပေးပို့သွားမည် ဟု သိရသည်။ သီပေါမြို့နယ် အတွင်းရှိ နမ္မမြစ်ပေါ် ရေကာတာ တည်ဆောက်ရန်ကြိုးစားနေသော Unienergy ကုမ္ပဏီ မှဒေသခံ ပြည်သူအား တွေ့ဆုံရန်ကြိုးစားနေမှုကို ကန့်ကွက်သည့် အနေဖြင့်...

ကျောက်မဲခရိုင်အတွင်း လက်ဖက်ခြံရှင်းရင်း မြေမြုပ်မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် ပန်ဆန်ကျေးရွာအုပ်စု တွင် လက်ဖက်ခြံ သွားရှင်းသည့်ဒေသခံများ မြေမြုပ်မိုင်းနင်းမိရာ အမျိုးသားတဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၈  ရက် ယမန်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က တောင်ပလို့ရွာနှင့် ပန်ဆန်ရွာကြားရှိ လက်ဖက်ခြံကို အသက်...

မူဆယ်ဒေသခံ ရိုက်နှက်ခံရမှု ကျူးလွန်သူ ပြည်သူ့စစ်မှ တောင်းပန် ၂ ဖက်ကျေအေးရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အရပ်သားတဦးအား လက်နက်ကိုင် ဌာနေပြည်သူ့စစ်အဖွဲ့က ရိုက်နှက်မှုဖြစ်ပွားခဲ့ရာ မြို့မိမြို့ဖများမှခေါ်ယူဆွေးနွေးသဖြင့် ထပ်မံမဖြစ်ပွါးစေရန် ၀န်ခံကတိပြုပြီးနောက် ၂ ဦး ၂ ဖက်ကျေအေးလိုက်ရကြောင်း သတင်းရရှိသည်။ မေ ၁၁ ရက် ရ နာရီခွဲ ဝန်းကျင်က မူဆယ်မြို့ မန်ဝိန်းရပ်ကွက်တွင် နမ့်ခမ်းမြို့မ (ပြည်သူ့စစ်)ဌာနေ မှ...

ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့

ယမန်နှစ်ကတည်းက စစ်ဘေးရှောင်နေခဲ့ရသော သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်ဒေသခံလူထုမှာ  နေရပ်ပြန်ကာ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တပ် ၂ ဖက်မှခေါင်းဆောင်များအမြန်ဆုံးတွေ့ဆုံကာအပစ်ရပ်ပေးရန် စာရေးလက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြောင်းသိရသည်။ သီပေါမြို့နယ် ဆီထောက်အုပ်စုမှ ဒေသခံ  ၃၀၅၄ ဦးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးကာ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်ထံ ပေးပို့လိုက်ခြင်းဖြစ်သည်။ “သီပေါမြို့နယ် ကျားခေါင်းပါတီရုံးကိုပေးပို့ထားပါတယ်။ ...

Latest news