ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – Local (ဘူဒိုဇာကားဖြင့် ဆိုင်းဘုတ်တွေကို ဖျက်ဆီး)

ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ ၊ ကောင်းခါးကျေးရွာ ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ ရွာသစ်ကျေးရွာ တို့မှ တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်များကို စစ်ကောင်စီက လာရောက်ဖျက်စီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်အားကိုး နဲ့ တစ်ဖက်သတ် အနိုင်ကျင့်နေတာ။ ကိုယ့်နေရာ ကိုယ့်ဒေသ အတွက်ရေးတဲ့ ဆိုင်းဘုတ်၊ ရွာလမ်းညွှန်တွေကို ကိုယ့်တအာင်းစာ နဲ့ ရေးတာ သူတို့က လာဖျက်စီးနေတာ။ လားရှိုးမြို့နယ်ထဲမှာတင် ရွာ ၅ ရွာက ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်၊ အသစ်တွေ လုပ်ထားတာတွေချည်းပဲ” ဟု ဖြစ်စဥ်ကို သိရှိသည့် တအာင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Local (စစ်ကောင်စီမှ ဆိုင်းဘုတ်များကို ဖျက်ဆီး)

တအာင်းစာ ပါသည့် ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန် ဆိုင်းဘုတ်များကို စစ်ကောင်စီတပ်ဖွဲ့က ကား နှစ်စီးဖြင့် လူအင်အား၊ စစ်အင်အားဖြင့် အတူ တူရွင်း၊ သံချောင်း နှင့် တခြား လက်နက်ပစ္စည်းများ အသုံးပြုကာ ဖျက်ဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် တောင်နောင်ကျေးရွာမှ ဆောက်ပြီးလက်စ ရွာအဝင်ဆိုင်းဘုတ်ကို ဘူဒိုဇာကားဖြင့် စစ်ကောင်စီ တပ်ဖွဲ့ လာရောက် ဖြိုခွဲခြင်းဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

ဖြိုဖျက်ခံရသည့် တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ်များသည် လောလောလတ်လတ် အသစ်စက်စက် ဆောက်လုပ်ပြီးစီးသည့် ဆိုင်းဘုတ်များဖြစ်ကြပြီး တစ်ခုလျှင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ နီးပါး ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Local (စစ်ကောင်စီမှ ဆိုင်းဘုတ်များကို ဖျက်ဆီး)

“ကျနော်တို့ ရွာသားတွေ တစ်အိမ်နည်းနည်းစီ စုပြီး ဆောက်လုပ်ထားတာတွေပါ။ အခုလို ဖျက်ဆီးခံရတော့ စိတ်မကောင်းဘူးပေါ့၊ ရွာအဝင်ဆိုင်းဘုတ်တွေ၊ လမ်းညွှန်တွေကို ပြန်ဆောက်ပေးစေချင်ပါတယ်၊ သူတို့ပိုက်ဆံ နဲ့ သူတို့ လုပ်ပေးပြီး သူတို့စာရေးလည်း ရတယ်၊ အဓိက ကတော့ ဆိုင်းဘုတ်တွေ ပြန်ဆောက်ပေးစေချင်တယ်” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ရွာဆိုင်းဘုတ်များကို ဖျက်ဆီးသည့် အပြင် ရွာလူကြီးများကိုပါ စခန်းသို့ ခေါ်သွားပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ယူနီဖောင်း နဲ့ လက်နက်နဲ့ ရွာလူကြီးကို ခေါ်ပြီးတော့ ခံဝန်လက်မှတ်ရေးထိုးထားတယ်။ နောက်ခါဆိုရင် တအာင်းစာ နဲ့ ဆိုင်းဘုတ်တွေ၊ ရွာလမ်းညွှန်တွေကို မမြင်ချင်ဘူးတဲ့၊ ရေးချင်ရင် သူတို့စာ (မြန်မာစာ) နဲ့ပဲ ရေးရမယ်တဲ့၊ ရွာလူကြီးတွေ အားလုံးနီးပါး ခံဝန်ထိုးထားရတယ်” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာအဝင်ဆိုင်းဘုတ် နှင့် လမ်းညွှန်ဆိုင်းဘုတ်ပါ စာတန်းများအားလုံးကို မြန်မာစာဖြင့်သာ ရေးသားရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...