ချင်းမိုင်မြို့ တရုတ်နှစ်သစ်ကူးပွဲတော်မြင်ကွင်း
ထိုင်းနိုင်ငံမြောက်ပိုင်း၏ အဓိကခရီးသွားမြို့တော်ဖြစ်သော ချင်းမိုင်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ချင်းမိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး Mr. Chatchawal Panya၊ တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Hai Long နှင့် ချင်းမိုင်ဒုတိယမြို့တော်ဝန် Mr. Sunthorn Yamsiri တို့က ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်)တွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ယခု...
SHAN -
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့ (Valentine's Day) သည် ကမ္ဘာတစ်ဝန်းတွင် ချစ်ခြင်းမေတ္တာကို ဖော်ပြသည့်နေ့အဖြစ် ကျင်းပကြသည်။ သို့သော်လည်း ချစ်သူများနေ့၏ နောက်ကွယ်တွင် ရှည်လျားသော သမိုင်းကြောင်း၊ ကြီးမားသော စီးပွားရေးဈေးကွက်နှင့် လူငယ်များအတွက် အထူးသတိပြုရမည့် ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။ ချစ်သူများနေ့...
လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။
သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း ခါးပိုက်နှိုက်သောင်းကျန်း
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခါးပိုက်နှိုက်ခြင်းနှင့် ပစ္စည်းလုယက်ခံရသူများ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို မူလက ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ရက်ကို နိုဝင်ဘာလ...
တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ
သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော "Pine Garden...
မူဆယ်မြို့ လွယ်တိန်ခမ်း သာသနာ့နယ်မြေကို ပွဲစားများ ကျူးကျော် မြေကွက်ရိုက်ပြန်ရောင်း
SHAN -
သျှမ်းပြည် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ရှိ သာသနာ့နယ်မြေကို ပွဲစားများ ပိုင်နက်ကျူးကျော်ကာ တရုတ်လုပ်ငန်းရှင်များထံ အကွက်ရိုက် ပြန်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ တိုက်ပွဲကြား အခွင့်ကောင်းယူပြီး မြေပွဲစားများနှင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပြင်နှင့် အနီးအနားရှိ မြေလွတ်မြေရိုင်းများကို ခွဲတမ်းကျ အကွက်ရိုက်ပြီး...
ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယူနက်စကို (UNESCO) စာရင်းဝင် တင်သွင်းရန် ကြိုးစားနေ
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းရန် ကြိုးစားနေကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေနှစ် စာရင်းဝင်နိုင်ရန်အတွက် ကြိုးစားလျှက်ရှိကြောင်းနှင့် ယခင်နှစ်များထက် ယခုနှစ်တန်ဆောင်တိုင် ပွဲတော်သည် ပို၍ စည်ကားလာနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက တာဝန်ရှိသူ...





