တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း ခါးပိုက်နှိုက်သောင်းကျန်း

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခါးပိုက်နှိုက်ခြင်းနှင့် ပစ္စည်းလုယက်ခံရသူများ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို မူလက ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ရက်ကို နိုဝင်ဘာလ ၈ ရက်နေ့အထိ ထပ်တိုးသတ်မှတ်လိုက်သည်။

ပွဲတော် စတင်ကျင်းပခဲ့သည့် ၈ ရက်မြောက်နေ့အထိ အဆိုပါ ပွဲတော်ရက်အတွင်း ပိုက်ဆံအိတ်နှင့် ဖုန်းများ ခါးပိုက်နှိုက်ခံရသူ ၃၀ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

“ပိုက်ဆံအိတ်ကို လွယ်သွားတာ ဘယ်အချိန် အိတ်ဖောက်ပြီး ယူသွားလဲ မသိလိုက်ဘူး။ ငွေသား ၁၃ သိန်း ပါသွားတယ်။ လူကလည်း အရမ်းများတော့ ဒါကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာပါ။ ပွဲသွားရင် ပိုက်ဆံအများကြီး မယူသွားစေချင်ဘူး၊ တန်ဖိုးကြီး ပစ္စည်းလည်း မယူသွားစေချင်ဘူး”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၅ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်

ထို့အပြင် ပွဲခင်းထဲတွင် ပျောက်ဆုံးသွားသော ဖုန်းကို ငွေကျပ် ၈ သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း၊ အချို့သော ဖုန်းပျောက်ဆုံးသူများမှာ ပြန်မရတော့ဘဲ အများစု ပျောက်ဆုံးသွားသော ဖုန်းများမှာ အိုင်ဖုန်း (iPhone) အမျိုးအစားများ ဖြစ်ကြောင်း ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

တန်ဆောင်တိုင်ပွဲတော် လာရောက်လည်ပတ်သူများသည် ဆိုင်ကယ်ရပ်နားခ ဈေးကြီးပေးရခြင်း၊ အစားအသောက်များကို ဈေးကြီးပေး ဝယ်စားနေရခြင်း စသည့် အဆင်မပြေမှုများနှင့်ပါ ကြုံတွေ့ နေရကြောင်း ရန်ကုန်မှ လာရောက်သည့် ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

“ပွဲတော်ကတော့ ပျော်ဖို့ကောင်းပါတယ်။ အစားအသောက်တွေဆို တစ်ခါစားရင် သိန်းဂဏန်းနဲ့ ရှင်းရတာ။ ကားထားဖို့ နေရာဆိုလည်း ရှာရခက်သလို၊ တစ်ခါထားရင် ငွေကျပ် ၅ သောင်းလောက် ပေးရတယ်။ ပါလာတဲ့ ငွေနဲ့က မလောက်ငှတာမျိုး ကြုံရတာပေါ့။ ဒီကြားထဲ ခါးပိုက်နှိုက်တွေကိုလည်း သတိထားနေရသေးတယ်”ဟု အဆိုပါ ခရီးသွား အမျိုးသားက ပြောသည်။

အဆိုပါ တန်ဆောင်တိုင် ပွဲတော်အတွင်း ဆိုင်ခန်းငှားရမ်းခအဖြစ် တစ်ခန်းလျှင် ငွေကျပ် သိန်း ၄၀ ပေးငှားထားရသောကြောင့် အစားအသောက်များ ဈေးတင်ရောင်းရခြင်း ဖြစ်ကြောင်း ဈေးသည်အများစုက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်း အမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးကာ ငွေလိမ်ယူခဲ့ခြင်းကြောင့် အလိမ်ခံရသူ ငါးဦးထက်မနည်း ရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၂၈ ရက်တွင် တောင်ကြီးမြို့နယ်၊ ဖါမွန်း ကျေးရွာအုပ်စုရှိ ကောင်ရွေးရွာ၌ မီးရှူးမီးပန်းများ ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...