တန်ဆောင်တိုင်
ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး
SHAN -
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း ခါးပိုက်နှိုက်သောင်းကျန်း
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခါးပိုက်နှိုက်ခြင်းနှင့် ပစ္စည်းလုယက်ခံရသူများ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို မူလက ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ရက်ကို နိုဝင်ဘာလ...
တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ
သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော "Pine Garden...
တန်ဆောင်တိုင်ကာလ တောင်ကြီးမြို့တွင်း ကုန်တင်ကားများ သွားလာခွင့်ယာယီပိတ်
သျှမ်းပြည် တောင်ကြီးမြို့တွင် လာမည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ကုန်တင်ကား နှင့် တွဲကားများကို မြို့အတွင်း သွားလာဖြတ်သန့်ခွင့် ယာယီပိတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လာမည့် (အောက်တိုဘာလ ၂၉ ရက် မှ နိုဝင်ဘာလ ၅ ရက်) အတွင်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင့်ပသွားမည်ဖြစ်ကြောင်း...
တောင်ကြီး တန်ဆောင်တိုင်ကာလ ဖမ်းဆီးခံလူငယ်(၁၄၀)ကျော် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့
SHAN -
တောင်ကြီး တန်ဆောင်တိုင်ကာလ အတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၁၄၀)ကျော်ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စတင်ပြီး တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများပါ ထပ်မံပြုလုပ်ခဲ့ပြီး တန်ဆောင်တိုင်ကာလတွင် ဖမ်းဆီးခံရသူ...
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အရပ်သား ၁၄၀ ကျော် ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ကာလအတွင်း ပြည်သူ၁၄၀ ကျော်ဖမ်းဆီးခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တောင်ကြီး မြို့ပေါ်တွင် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညဘက်ပေါ်တာဆွဲဖမ်းဆီးခံရမှုများ ပိုများပြားလာကြောင်း မြို့ခံများထံမှ သိရသည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများမှာ စဝ်စံထွန်းရပ်ကွက်တွင် (၁၀) ဦး၊ ညောင်ဖြူစခန်း...
တောင်ကြီးတွင် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဆိုင်ကယ်များပျောက်
SHAN -
ေသျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွင်း လုံခြုံရေးတင်းကြပ်ထားသည့် ကြားမှ ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ဟု မြို့ခံများပြောပြချက်အရသိရသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွင်း ဆိုင်ကယ်များအပ်နှံထားသည့်နေရာတွင် ဆိုင်ကယ် အစီး(၂၀) ကျော်ကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ပျောက်ဆုံးသွားပြီး ဖုန်းနှင့် အခြားသော တန်ဖိုးကြီး ပစ္စည်းများပါ ပျောက်ဆုံးသွားကြောင်း ဖြစ်စဉ် သိရှိသူ...
တောင်ကြီးရှိ ဟိုတယ်နှင့်တည်းခိုခန်း တည်းမည့်သူများ မှတ်ပုံတင်မိတ္တူနှင့် ရုပ်ပုံပါ စစ်ကောင်စီကိုပို့ရ
SHAN -
တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းသို့ သွားရောက်တည်းခိုမည့် ဧည့်သည်များကို မှတ်ပုံတင် မိတ္တူ အရှေ့နောက် နှင့် ဧည့်သည်၏ပုံကို ရိုက်ပြီး ဌာနဆိုင်ရာ များထံသို့ပို့ ဆောင်ပေးရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တော်ကြီးမြို့ ရှိ ဟိုတယ်နှင့်တည်းခိုခန်း များတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ နိုဝင်ဘာ လကုန်ထိ...
တန်ဆောင်တိုင်မီးပုံပျံပွဲတော် ဝင်ရောက်ယှဥ်ပြိုင်မည့်သူ နည်းပါး
SHAN -
စစ်ကောင်စီဦးစီးပြီး ပြုလုပ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အချို့သော မီးပုံးပျံပြိုင်ပွဲ ဝင်များက ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက် မှ နိုဝင်ဘာ ၂၇ရက်ထိ ၇ ရက်ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းပြည် တောင်ပိုင်း ရိုးရာမီးပုံးပျံအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၁၉ခုနစ်...
တောင်ကြီး တန်ဆောင်တိုင် ရိုးရာပွဲတော်ကို ပြန်လည်ကျင်းပမည်
သျှမ်းပြည် တောင်ကြီးမြို့တွင် နာမည်ကြီး တန်ဆောင်တိုင်ရိုးရာပွဲ (မီးပုံးပျံပွဲတော်) ကို ယခု ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ် - ၁၉ ကူးစက်မှုရောဂါ ဖြစ်ပွားချိန်မှစပြီး ၃ နှစ်ကြာ ရပ်နားခဲ့ရသည့်...





