ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲတိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ခရီးသည်တင် ယာဉ်ပေါ်တွင် စုစုပေါင်း (၁၇) ဦး လိုက်ပါလာပြီး တောင်ကြီးမြို့မှ မန္တလေးမြို့သို့ အပြန်လမ်းတွင် ကလောမြို့နယ်အတွင်း ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ကျန်ခရီးသည်များ ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒဏ်ရာရထားတဲ့ ၁၀ ယောက်ကျော်ကိုတော့ ကလောဆေးရုံကို ပို့ထားတယ်။ ၃ ယောက်က ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတယ်၊ မြေးအဖွား ၂ ယောက်နဲ့ အန်တီတစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်”ဟု ကလောမြို့မှ လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ခရီးသည် (၃) ဦးထဲတွင် (၇) နှစ်အရွယ်ခန့် ကလေးငယ် (၁) ဦးနှင့် အဖွားဖြစ်သူသည် ရွှေညောင်မြို့တွင် နေထိုင်ပြီး အခြားအမျိုးသမီးတစ်ဦးသည် မိတ္ထီလာမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလောမြို့နယ်အတွင်း တိမ်းမှောက်ခဲ့သည့် “ဖြိုးရတနာအောင်” ယာဉ်လိုင်းမှ Jinbei အမျိုးအစား ခရီးသည်တင်ကားနှင့် ယာဉ်မောင်းတို့ကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အလားတူ ယခုလ နိုဝင်ဘာ (၂) ရက်တွင်လည်း ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား (၂) ဉီး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း ခါးပိုက်နှိုက်သောင်းကျန်း

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် ကျင်းပနေသည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခါးပိုက်နှိုက်ခြင်းနှင့် ပစ္စည်းလုယက်ခံရသူများ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို မူလက ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် ပွဲတော်ရက်ကို နိုဝင်ဘာလ...
tazaungdaing-festival

တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ

0
သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော "Pine Garden...

တန်ဆောင်တိုင်ကာလ တောင်ကြီးမြို့တွင်း ကုန်တင်ကားများ သွားလာခွင့်ယာယီပိတ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် လာမည့် တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ကုန်တင်ကား နှင့် တွဲကားများကို မြို့အတွင်း သွားလာဖြတ်သန့်ခွင့် ယာယီပိတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လာမည့် (အောက်တိုဘာလ ၂၉ ရက် မှ နိုဝင်ဘာလ ၅ ရက်) အတွင်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင့်ပသွားမည်ဖြစ်ကြောင်း...