“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။

တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။

သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။

အထူးသဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ရေဘေးသည် ကလောမြို့ သမိုင်းတွင် နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး စံချိန်တင်ဖြစ်ရပ် ဖြစ်ခဲ့သည်။

မြို့လယ်ခေါင် ရပ်ကွက် (၂)၊ (၃)၊ (၄) နေရာတို့တွင် ရေအနက် ၁၅ ပေမှ ပေ ၂၀ အထိ နစ်မြှုပ်ခဲ့ပြီး အိုးအိမ်ပေါင်း ရာနှင့်ချီ မျောပါပျက်စီးခဲ့ရ၍ မိုးရာသီရောက်တိုင်း စိုးရိမ်သောက ဖြစ်နေကြရသည်။

ကလောရေကြီးမှု

“မိုးတသိမ့်သိမ့်နဲ့ ရက်ရှည်လာရင် အထုတ်ပြင်ထားရပြီ” ဟု ကလောချောင်းဘေး၊ ရပ်ကွက် (၃) တွင် နေထိုင်သူ ကိုဘုန်းကျော် (၄၀) နှစ်က ‌ပြောသည်။

ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၂၅၀ တွင် တည်ရှိသော ကလောမြို့၌ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဖြစ်ပွားသည့် စံချိန်တင် ရေကြီးခဲ့သည့် အဖြစ်အပျက်သည် ချောင်းဘေး ရပ်ကွက်များတွင် နေထိုင်သည့် ဒေသခံများအား ခြောက်လှန့်နေဆဲ ဖြစ်သည်။

ချောင်းသုံးချောင်း

ကလောမြို့နယ်၊ တောင်လားကျေးရွာအုပ်စု ပြင်သာရွာတောင်ဘက်ရှိ တောင်လားချောင်း၊ သစ်လှချောင်းနှင့် မြင်းတိုက်ချောင်းတို့ ပေါင်းစည်းထားသည့် မိုင် ၃၀ ကျော်ခန့် အရှည်ရှိ ချောင်းသည် ကလောမြို့လယ်ကို ဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။

ယင်းနောက် ကလောမြို့နယ်၊ ငုတ်ရွာအနီး၌ မြေအောက်သို့ စီးဝင်ကာ ထိုမှတစ်ဆင့် အင်းလေးကန် အတွင်းသို့ ရောက်ရှိသွားသည်ဟု ခန့်မှန်းကြသည်။

၂၀၂၄ ခုနှစ် ရေကြီးမှု ဖြစ်ပွားပြီးနောက် ချောင်းရိုးတလျှောက် ရေကြောင်း ချဲ့ထွင်မှုများ ပြုလုပ်ခဲ့သည်။ ရေးကြောင်းချဲ့ထွင်မှုသည် မလုံလောက်ဟု ကလောမြို့ ချက်မြုပ် ဘူမိဗေဒ ပညာရှင် တဉီးက ဆိုသည်။

ကလောမြို့အား ချစ်မြတ်နိုးသည့် ပညာရှင်များ ပါဝင်သည့် အဖွဲ့တခုကို စုစည်း၍ ချောင်းရိုး တလျှောက်နှင့် မြေပြိုမှုများအား လေ့လာကာ စာတမ်း တစောင် ပြုစုထားသည်ဟု သိရသည်။ ယင်းစာတမ်းတွင် ရေတို၊ ရှေရှည် ဆောင်ရွက်ရမည့် အချက်များ ပါဝင်သည်ဟု အဆိုပါ ဘူမိဗေဒ ပညာရှင်က ပြောသည်။

“ချောင်းချဲ့တာ တခုတည်းနဲ့ မလုံလောက်ဘူး။ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ ဘယ်လို ယှဉ်တွဲ နေထိုင်မလဲ။ ဘာတွေ လုပ်သင့်လဲ ဆိုတာ အဖြေရှာဖို့ ဒီလေ့လာမှုကို လုပ်ဖြစ်တာ” ဟု ၎င်းက ဆိုသည်။

ယင်းစာတမ်း တွင် ကနဉီး အနေဖြင့် ကလောချောင်း အစ အဆုံးနှင့် ရေဝေရေလဲဒေသ တစ်ခုလုံး၌ “မူလဇလဗေဒဆိုင်ရာ လေ့လာဆန်းစစ်ချက် (Stream course and it’s catchment area analysis) စတင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းကရှင်းပြသည်။

ကလောရေကြီးမှု

၎င်းမူလဇလဗေဒဆိုင်ရာ လေ့လာဆန်းစစ်ချက်ကို မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ အချက်အလက်များ (Meteorology and Hydrology data) ဖြင့် ပေါင်းစပ်ရန်၊ လေ့လာဆန်းစစ်ချက်သည် ပညာရပ်ဆိုင်ရာ (Academic) နှင့် လက်တွေ့အသုံးချမှု (Applied) တန်ဖိုး နှစ်ရပ်စလုံး ပါဝင်ရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု လျှော့ချနိုင်ရေးနှင့် တားဆီးနိုင်ရေးဆိုင်ရာ တည်ဆောက် ပြုပြင်ရေး စီမံကိန်း (Master Plan) ရေးဆွဲရန်၊ ၎င်းစီမံကိန်းတွင် ကာလအားဖြင့် ရေတို၊ ရေလတ်နှင့် ရေရှည် စီမံကိန်းများ စသည်ဖြင့် ပါဝင်ရန်၊ မြို့ပြဒေသ၊ ကျေးလက်ဒေသ၊ စိုက်ပျိုးရေးမြေ၊ သစ်တောမြေ စသည်ဖြင့် ပိုင်းခြားသတ်မှတ်ထားရန် စသည်ဖြင့် ပါဝင်သည်။

ကလောမြို့အား ချစ်မြတ်နိုးသူများ ပါဝင်သည့် ယင်းအပညာရှင်များ၏ လေ့လာတွေရှိချက်များအား စာတမ်းရေးသား ပြုစု၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကလောမြို့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ဆောင်ခဲ့သူများအား ပေးအပ်ထားသည်ဟု ၎င်းကဆိုသည်။

လာလည်တဲ့ ဧည့်သည်တွေနဲ့ သစ်ပင်စိုက်မယ်

အဆိုပါ စာတမ်းပါ အကြံပြုချက်များနှင့် ပတ်သက်၍ လေ့လာစမ်းစစ်မှုများ ပြုလုပ်နိုင်ရေးနှင့် တကွ လက်တွေ့ကျသည့် လုပ်ငန်းစဥ်များ၊ စီမံချက်များ ချမှတ်နိုင်ရန် ချိတ်ဆက် ဆွေးနွေးမှုများ စတင်နေပြီဟု ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ ကိုဘုန်းကျော်က ဆိုသည်။

အထူးသဖြင့် ကလောမြို့သို့ လာရောက် လည်ပတ်သည့် ဧည့်သည် အများစုသည် သစ်တောများ အတွင်း လမ်းလျှောက်၍ ကျေးရွာများသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ် များကို စိတ်ဝင်တစား သွားလာလေ့ရှိကြောင်း ကိုဘုန်းကျော် ကဆိုသည်။

ကလော

“မိုးဉီးကာလ လာတဲ့ ဧည့်သည်တွေဆိုရင် ခရီးစဉ်သွားရင်း သစ်ပင်စိုက်ဖို့ တိုက်တွန်းမယ်။ စိုက်ပြီး ထိမ်းသိမ်းဖို့ အလှူငွေ ထည့်ရင်လည်း လက်ခံမယ်။ သူတို့ စိုက်ခဲ့တာတွေကို google map နဲ့ စာရင်းလုပ်ထားမယ်။ အမှတ်တရပေါ့။ ဆောင်းရာသီ နွေရာသီ လာတဲ့ ဧည့်သည်တွေကိုတော့ စိုက်ထားတဲ့ အပင်တွေ ထိမ်းသိမ်းတဲ့ လုပ်ငန်းတွေမှာ ပါဝင်ဖို့ စည်းရုံးမယ်။ လူကိုယ်တိုင် မလာနိုင်တဲ့သူတွေ စိုက်ချင်ရင်လည်း အလှူငွေထည့်ပြီး စိုက်ပေးတာမျိုး။ စဉ်းစားထားတာတွေတော့ အများကြီးပဲ” ဟု ကိုဘုန်းကျော်က ထပ်လောင်း ရှင်းပြသည်။

ပြီးခဲ့သည် နှစ် ၁၀၀ ကျော် ကာလ မြို့တည် စကပင် ကလောချောင်း ရေလျှံမှုကို ကာကွယ်ရန် မြို့တွင်း မြို့ပြင် ရေထိန်းကန်များ ထည့်သွင်း တည်ဆောက်ခဲ့ပြီး ချောင်းဘေး တလျှောက် လူနေထိုင်ခွင့် မပြုခဲ့ဟု ကလောမြို့နှင့် ပတ်သက်၍ မှတ်တမ်းများ ပြုစုနေသူ အသက် ၆၀ အရွယ် မြို့ခံက ဆိုသည်။

‘ချောင်းရေလျှံတာက မြို့တည်ကတည်းက၊ ခုကျတော့ ချောင်းဘေးမှာ၊ ရေထိမ်းကန် နေရာတွေမှာက လူနေရပ်ကွက်တွေ ရုံးတွေ ဖြစ်ကုန်ပြီ။ သစ်တော မထိန်းသိမ်းနိုင်တော့ ရေလျှံတာက ပိုပိုဆိုးလာ တော့ပေါ့၊ အားလုံး ဝိုင်းလုပ်မှ ရမယ်” ဟု ၄င်းက မှတ်ချက်ပြုသည်။

ကလော ရေဘေး

၂၀၂၄ ခုနှစ် ရေဘေး၏ သက်ရောက်မှုသည် ခရီးသွား လုပ်ငန်းကို အမှီပြုနေရသည့် ဒေသခံများအား ရိုက်ခတ်မှု ကြီးမားခဲ့သည်ဟု ဟိုတယ် ဖွင့်လှစ် လုပ်ကိုင်နေသူ ကိုထွန်းထွန်းဝင်း ကဆိုသည်။

ယင်းအကျိုးဆက်ကြောင့် ရေးကြီးပြီးနောက် လအတန်ကြာ ခရီးသွား ဝင်ရောက်မှု နည်းပါးနေရာ ယခုတိုင် ပုံမှန် အခြေအနေ ပြန်မရောက်သေးဟု ၄င်းကရှင်းပြသည်။

အိမ်ယာများကြောင့် သစ်တောများ ပြုန်းတီးသည့် နည်းတူ အိမ်ယာအတွင်း တည်ဆောက်နေသည့် အိမ် အတွင်းပိုင်းအား ထင်းရှူးသားများဖြင့် အလှဆင်နေသဖြင့် အခြေအနေ ပိုဆိုးလာခြင်း ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။

အစုအဖွဲ့ပိုင်သစ်တော

ယင်းကိစ္စနှင့် ပတ်သက်၍ စည်းကမ်းချက်နှင့် ညီညွတ်မှု မရှိသည့် အစုအဖွဲ့ပိုင် သစ်တောများ ဥပဒေနှင့် အညီ ပြန်လည်သိမ်းဆည်း၍ သစ်တော ပြန်လည် ပျိုးထောင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေပြီး ချောင်းဘေးနှင့် ရထားလမ်းဘေး ကျူးကျော်များ ရှင်းလင်းနေပြီ ဖြစ်ကြောင်း ကလောြမို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဉီးက ကဆိုသည်။

“ကလောမြို့ ကောင်းဖို့က အားလုံး ဝိုင်းလုပ်ရမယ်။ အခုလည်း ချောင်းထပ်ချဲ့နေပါတယ်။ သစ်ပင်ခုတ်တာ သတင်းရတာနဲ့ ချက်ချင်း စစ်ဆေး အရေးယူပေးဖို့ သစ်တောဌာနကိုလည်း ပြောပါတယ်။ သစ်ပင် စိုက်ချင်တာမှ မဟုတ်ပါဘူး အများကောင်းဖို့ဆို ဘာလုပ်ကြမလဲ လာတိုင်ပင်ဆွေးနွေးပါ။ တတ်နိုင်သမျှ ပေါင်းစပ် ညှိနှိုင်း ပေးပါမယ်” ဟု ၎င်းပြောသည်။

ကလောမြို့က ထင်းရှူးခုတ်ရောင်းစားသည့်ပုံ

ပြီးခဲ့သည့် ငါးနှစ်ကျော် ကာလ အတွင်း ကလောချောင်း၏ အဓိက ရေဝေရေလဲ ဒေသဖြစ်သည့် ရေအေးကန် ကြိုးဝိုင်း အတွင်းရှိ ထောင်နှင့်ချီသည့် သက်တန်းရင့် သစ်ပင်ပေါင်းစုံ ခုတ်လှဲခံခဲ့ရပြီး မြို့ပတ်ပတ်လည် အနီးအနား ထင်းရှူးတောများမှ သစ်ပင် ရာပေါင်းများစွာ ခုတ်လှဲ ခံခဲ့ရသည်ဟု မြို့ခံ လူငယ် ကိုဇော်ဇော်ဝင်း ကဆိုသည်။

“အစုအဖွဲ့ပိုင် သစ်တော လုပ်ကွက် ပိုင်ရှင်တွေကလည်း မသိမသာ ခုတ်တာပဲ။ သစ်ဆွဲတဲ့ သူတွေကတော့ အပင်ကြီးတွေကြီးပဲ လှဲပြီး တခါတည်း ချိန်းဆောနဲ့ ပျဥ်ချပ်ရအောင် ခွဲသွားတာမျိုး။ သစ်တော တကွက်လုံး အ‌ပြောင်ရှင်းတာမျိုးတော့ မဟုတ်ဘူး။ အပင် ထောင်ချီ ကုန်သွားတာတော့ သေချာတယ်။ တောတွေကို ပြန်လေ့လာပြီးမှပဲ ခန့်မှန်းလို့ရမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၀ ခုနှစ် သမ္မတ ဉီးသိန်းစိန် လက်ထက်တွင် တည်ရှိပြီး သစ်တောများ ပြုန်းတီးမှုကို ကာကွယ်ရန် ရည်ရွယ်၍ ဒေသခံ အစုအဖွဲ့များအား နှစ် ၃၀ လုပ်ကိုင်ခွင့်ပြုခဲ့ရာ ကလောမြို့ ပတ်ပတ်လည် ပတ်ဝန်းကျင်တွင် ၆,၈၀၉ ဧကနှင့် ကျေးရွာများတွင် ဧက ၂၄၀၀၊ စုစုပေါင်း ဧက တသောင်းကျော် ရှိသည်ဟု သစ်တောဌာနနှင့် နီးစပ်သူ တဉီး ဆိုသည်။

ကလောမြို့က ထင်းရှူးတောခုတ်ရောင်းသည့်ပုံ

ယင်းပြဿနာများအား ဦးစွာ ဖြေရှင်းနိုင်ခြင်း မရှိပါက ကလောချောင်း ရေကြီးရေလျှံမှု ကာကွယ်ရေး ရေရှည် အစီအမံများ ပြုလုပ်ရန် ခက်ခဲမည်ဟု ၎င်းကအကြံပြုသည်။


ယခင်က ကလောမြို့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက် ကလောမြို့ကို ချစ်မြတ်နိုးသည့် လူငယ်များ စုပေါင်း၍ ရေအေးကန်ကြိုးဝိုင်းနှင့် တောင်မင်းကြီးတောင် အပါအဝင် သစ်ပင် စိုက်ပျိုး ပြုစုနိုင်သည့် နေရာများတွင် စုပေါင်း စိုက်ပျိုးမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ငါးနှစ်ကျော် ကာလ အတွင်း လုံးဝ မရှိတော့ဟု ကလောဒေသခံ လူငယ် ကိုအောင်ကျော်မင်းစိုး ကဆိုသည်။

“အခုနှစ်မိုးဉီး ပြန်စိုက်ဖို့ တိုင်ပင်သေးတယ်။ ဒါပေမဲ့ နိုင်ငံရေးက ဘာမှန်းမသိတော့ စောင့်ကြည့်တာပဲ ကောင်းတယ် ဆိုပြီး မလုပ်ဖြစ်တာ။ ဒီနှစ်မိုးတွင်း တိုမှာဆိုတော့ မမှီတော့ဘူး။ ရှေ့နှစ်ပေါဗျာ” ဟု ၎င်းကရှင်းပြသည်။

ကလောမြို့ ပတ်ဝန်းကျင် ကောင်းမွန်ရေး အတွက် ဆိုပါက ပူးပေါင်း လုပ်ဆောင်မည့် လူငယ်များစွာ ရှိနေသည်ဟု ၎င်းကဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ပြီးခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း ဆူညံခဲ့သည့် သစ်ပင်ခုတ်လှဲသည့် ချိန်းဆော သံများ တဖြည်းဖြည်း တိတ်ဆိတ် လာသည်မှာ ကလောမြို့ အတွက် မျှော်လင့်ချက်ဟု မြို့ခံများက တညီတညွတ်ထဲ ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်၊ ကားတစ်စီး မျှောပါပြီး လူနှစ်ဦး ရှာမတွေ့သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ...