အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။

ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့် ဒေသခံများကို ရောဂါကူးစက်မည်ကို စိုးရိမ်ကြပြီး ဝက်သေများကို အမြန်ဖယ်ရှားရန် လိုအပ်နေကြောင်း သိရသည်။

“ဒီလဆိုရင် ရေကတက်နေကြပဲ ၊အခုလည်း ရေတက်လာပီ ၊ရေတက်လာတော့ အရင်က ဝက်နာကြောင့် သေလို့ ဝက်တွေမြှုပ်ထားတာ အခုပြန်ပေါ်လာပြီး ရေကြီးတော့ မျောပါလာတာ၊ ကျွန်းမျှောနဲ့ ခံပြီး ပုတ်နေတာ ရေဆိုနံကလည်း နံနဲ့ အဲကနေ တဆင့် ရောဂါတွေ ပြန်ကူးမှာ စိုးရိမ်တယ်၊ နောက်ပြီး တချို့အိမ်သာဆိုလည်း စနစ်တကျ မလုပ်ထားတော့ ရေကြီးရင် အကုန်မျောဆိုတော့ ရေက ပိုညစ်ညမ်းတယ်။”ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ဝက်သေများကို နီးစပ်ရာ ကျေးရွာများက ဆယ်ယူ၍ သွားရောက်စွန့်ပစ်မှုများ ရှိသော်လည်း တချို့သော ကျေးရွာများတွင် ဆယ်ယူသူမရှိသောကြောင့် ပုတ်သိုးနေကြောင်း ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ ဝက်သေများမှတဆင့် ငါးများကိုပါ ကူးစက်ရောဂါများ ဖြစ်ပွားပြီး ဖမ်းယူစားသောက်မိလျှင် လူတွေကိုပါ အသက်အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ဒေသခံများ အနေဖြင့် အတူတကွ ပူးပေါင်းထိန်းချုပ်ရန် လိုအပ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက အကြံပြုပြောထားသည်။

“ဝက်တွေက အရေခွံတွေကျွတ်ကျပြီး သေဆုံးကုန်တာများတယ်၊ ဝက်နာရောဂါလို့ ဆရာဝန်တွေက ပြောတယ်၊ အဲဒီဝက်သေတွေက အခု ရေထဲမှာ မျှောနေတော့ ငါးတွေက စားတယ်၊ ငါးတွေကနေတဆင့် လူတွေကို ကူးစက်တာမျိုးလည်း ဖြစ်နိုင်တယ် ဝက်သေတွေကို သွားမြုပ်ဖို့ တချို့ ဂိတ်တွေကလည်း သွားလာခွင့် ပြုပေးဖို့ လိုအပ်တယ်။ဒီတိုင်းဆို ရေညစ်ညမ်းမှုက ပိုဆိုးလာမှာ။”ဟု အဆိုပါ ဒေသခံ အသက် (၃၀)ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး အင်းလေးတွင် ရေတက်လာသောကြောင့် စပါးခင်းနှင့် ခရမ်းစိုက်ခင်းများ နစ်မြုပ်ပျက်စီးကုန်ပြီး အရင်းနှီးများ ဆုံးရှုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေ ရရှိမှုခက်ခဲပြီး သုံးစွဲရန် ရေများသည် သန့်ရှင်းမှုမရှိသောကြောင့် ငှက်ဖျားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားသူများလာကြောင်း သိရသည်။

အင်းလေးဒေသသည် ရေဘေး၊ လေဘေး နှင့် ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ အများဆုံးခံရသော ဒေသဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...