မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့် ဝင်ငွေမရှိကြောင်း UNDP နှင့် UN Women ထုတ်ပြန်

မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် မည်သည့်ဝင်ငွေမျှ မရှိကြောင်း UNDP နှင့် UN Women တို့၏ ပူးတွဲ အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် ကိုယ်ပိုင်ဝင်ငွေ လုံးဝ မရှိဘဲ ၂၃ ရာခိုင်နှုန်းသာ ဝင်ငွေမရှိသည့် အမျိုးသားများထက် နှစ်ဆနီးပါး မြင့်မားနေကြောင်း လူပေါင်း ၅၄၀၀ ကျော်ကို စစ်တမ်းကောက်ယူထားသည့် “မမျှတသော ဝန်ထုပ်ဝန်ပိုးများ- မြန်မာ့အကြပ်အတည်း စီးပွားရေးအတွင်းရှိ အမျိုးသမီးများ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်းခွင် ပြင်ပရှိ အမျိုးသမီး ၁၀ ဦးတွင် ၈ ဦးနီးပါးက အခကြေးငွေ မရသော ပြုစုစောင့်ရှောက်မှုနှင့် အိမ်မှုကိစ္စများအတွက် အမျိုးသားများထက် နေ့စဉ် အချိန်နှစ်ဆ ပိုမိုသုံးစွဲနေရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ထို့ပြင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများသည် အမျိုးသားများ ရရှိသည့် ဝင်ငွေ၏ ၇၉ ရာခိုင်နှုန်းသာ ရရှိကြပြီး အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အိမ်တွင်းအလုပ်များနှင့် ပြုစုစောင့်ရှောက်ရေးကဲ့သို့သော အခကြေးငွေမရသည့် ဝန်ထုပ်ဝန်ပိုးများကို အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုထမ်းဆောင်နေရသည်။

ပဋိပက္ခ ပြင်းထန်သော ဒေသများတွင် အမျိုးသားများ၏ အလုပ်အကိုင် ရရှိမှု ၈၂ ရာခိုင်နှုန်း ရှိသော်လည်း အမျိုးသမီးများမှာ ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းကြောင့် ကွာဟချက်မှာ ၂၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သုတေသနအရ သိရသည်။

ကယားပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ကျား၊ မ အလုပ်အကိုင် ကွာဟချက် အကြီးမားဆုံးဖြစ်ပြီး အမျိုးသမီး ၁၂ ရာခိုင်နှုန်းသာ လုံလောက်စွာ စားသောက်နေရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီး ထက်ဝက်ကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေရကြောင်း ဆိုသည်။

နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် ၎င်းဖိအားများသည် ပိုမိုဆိုးရွားလာပြီး မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃.၇ သန်း ရှိသည့်အနက် ထက်ဝက်ကျော်မှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်ကြောင်း UNDP နှင့် UN Women တို့၏ ပူးတွဲ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

ယနေ့ … ဈေးနေ့ … ဖြစ်သည်

0
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...

နိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်များ အလုအယက်ကြိုးပမ်း

0
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။ သျှမ်းပြည် တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ...

မြန်မာ့လူငယ်များ၏ “အနာဂတ် ရပ်တန့်ခံ” နေရကြောင်း UNDP က အသိပေး

0
မြန်မာနိုင်ငံရှိ လူငယ်များသည် ပညာရေးနှင့် အလုပ်အကိုင် အကျဉ်အတည်း ပိုမို နက်ရှိုင်းလာသောကြောင့် ၎င်းတို့၏ “ အနာဂတ် ရပ်တန့်ခံ” နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၂ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သော လူငယ်များသည် မကြုံစဖူးသော...