ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်ရန် ဆက်လက် အကောင်အထည်ဖော်ရေး အရိပ်အမြွက် ပြောကြားခဲ့သည်။

မူဆယ်-မန္တလေး ရထားလမ်းသည် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း စီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက် ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအတွင်း တည်ဆောက်နေသည့် ဘေဂျင်း-ကူမင်း-ရွှေလီ လမ်းပိုင်းနှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ဆက်သွယ်မည့် လမ်းပိုင်းသည် တရုတ်၏ မလက္ကာရေလက်ကြားအပေါ် မှီခိုနေရမှုကို ကျော်လွှားနိုင်မည့် အဓိကထွက်ပေါက် ဖြစ်လာမည် ဖြစ်သည်။

သို့သော် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မြေပြင်အခြေအနေများအရ မြန်မာနိုင်ငံသည် တရုတ်အတွက် ယုံကြည်စိတ်ချရသော ပင်လယ်ထွက်ပေါက်တစ်ခု အမှန်တကယ် ဖြစ်လာနိုင်ခြေ မရှိသေးကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar China Studies က သုံးသပ်သည်။

“လက်ရှိအချိန်မှာ စိတ်ချရတဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လို့ တိတိပပ ပြောနိုင်ဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ နယ်မြေထိန်းချုပ်ထားတဲ့ (EAOs) တွေနဲ့ ရေရှည်မှာ တည်မြဲနိုင်မယ့် နိုင်ငံရေးသဘောတူညီမှုတစ်ခု မရမချင်း စိတ်ချရတဲ့ ထွက်ပေါက်တစ်ခု ဖြစ်ဖို့ ခက်ခဲပါတယ်”ဟု ISP-Myanmar အဖွဲ့မှ China Studies Head ဖြစ်သူ မနန်းလွင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မဟာဗျူဟာမြောက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို ဖြတ်သန်းရန်မလိုဘဲ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက်ရရှိရန် ရည်ရွယ်သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လာရောက်တွေ့ဆုံချိန်အတွင်း တရားဝင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရေး ဆိုသည်မှာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တစ်ခုတည်းကို တည်ဆောက်ရုံဖြင့် အပြည်အဝ အသက်ဝင်လာမည် မဟုတ်ကြောင်း ISP-Myanmar အဖွဲ့မှ China Studies Head ဖြစ်သူ မနန်းလွင်က ထောက်ပြသည်။

ကျောက်ဖြူဆိပ်ကမ်းမှသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကုန်စည်များ ချောမွေ့စွာ စီးဆင်းနိုင်ရန် လမ်းကြောင်းတစ်လျှောက်ရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် နယ်စပ်စီးပွားရေးဇုန်များ အားလုံး ပုံမှန်လည်ပတ်နိုင်သော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တစ်ခု အစီအရီ ရှိနေရန် မဖြစ်မနေ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ရန် တရုတ်အစိုးရနှင့် ကတိပြုထားသော်လည်း လက်တွေ့တွင် အဆိုပါလမ်းကြောင်းကြီးတစ်ခုလုံး လုံခြုံချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ချင်းရွှေဟော်၊ သိန္နီနှင့် လားရှိုး စသည့် အချက်အချာကျသော နေရာများကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

အလားတူ စီမံကိန်း၏ အဆုံးသတ်ဖြစ်သော ရခိုင်ပြည်နယ်တွင်လည်း အာရက္ခတပ်တော် (AA) သည် မြို့နယ်အများစုကို ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နှင့် ဆိပ်ကမ်းစီမံကိန်း တည်ရှိရာ ဒေသတစ်ဝိုက်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် အနေအထားတွင် ရှိနေသည်။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိက ဝင်ပေါက်ထွက်ပေါက်များကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ISP-Myanmar အဖွဲ့မှ China Studies Head ဖြစ်သူ မနန်းလွင်က ရှင်းပြသည်။

“လက်တွေ့မှာရော မြန်မာဟာ တရုတ်အတွက် စိတ်ချရတဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်တစ်ခု အမှန်တကယ် ဖြစ်လာနိုင်သလား ဆိုတာကတော့ လက်ရှိ စီးပွားရေးစင်္ကြံ စီမံကိန်းရဲ့ အရင်းအဖျားက တိုင်းရင်းသား လက်နက်ကိုင်တွေက ထိန်းချုပ်ထားပါတယ်”ဟု မနန်းလွင်က ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို ရေရှည်ပြေလည်အောင် မဖြေရှင်းနိုင်သရွေ့ ဒေါ်လာ ဘီလီယံချီ တန်ကြေးရှိသော တရုတ်၏ ပိုးလမ်းမစီမံကိန်း (BRI) အိပ်မက်နှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်စီမံကိန်းများမှာ မြန်မာ့မြေပေါ်တွင် ဆက်လက် ရပ်တန့်နေဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်များက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးနှင့် စီးပွားရေး အကြပ်အတည်းများကြားတွင် စစ်ကောင်စီသည် ၎င်း၏ အာဏာတည်မြဲရေးအတွက် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာနေရသဖြင့် ရေရှည်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာအပေါ် ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သတိပေး ပြောဆိုနေကြသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖော်ဆောင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းထက် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမည့် အန္တရာယ်ရှိနေကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သုံးသပ်ပြောဆိုသည်။

“တကယ်တော့ ရခိုင်ပြည်နယ် ကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမှာပါ။ အထူးသဖြင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက သူတို့ရဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ဖို့အတွက် တရုတ်ကို အလိုလိုက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဆိုရင် ပိုပြီးတော့တောင် ထိခိုက်နိုင်ပါတယ်”ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်ပွဲများကြောင့် အထီးကျန် ဖြစ်နေချိန်တွင် တရုတ်နိုင်ငံ၏ ထောက်ခံမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရယူရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၏ စီမံကိန်းများသည် ကြီးမားသော ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အခြေခံထားသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကြွေးမြီကျော့ကွင်းအတွင်း ကျရောက်နိုင်ကြောင်း၊ အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းအချို့ကို စီမံခန့်ခွဲပိုင်ခွင့် လက်လွတ်ရမည့် အခြေအနေကိုလည်း စိုးရိမ်မှုများ ရှိနေကြောင်း ဆိုသည်။

“ရေရှည်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေ ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှိလာမယ်ဆိုရင်တော့ အခြေအနေတွေဟာ တရုတ်ရဲ့ အကျိုးစီးပွားဘက်ကိုပဲ အသာစီး ရသွားနိုင်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း ထိခိုက်လာနိုင်တယ်” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ဆက်ပြောသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ ရှိသော်လည်း အာဏာချိန်ခွင်လျှာသည် တစ်ဖက်စောင်းနင်း ဖြစ်သွားနိုင်သလို အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်သည့်နေရာမှာလည်း မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းကို ကန့်သတ်သွားစေနိုင်ကြောင်း ၎င်းက သတိပေးသည်။

အဆိုပါ စီမံကိန်းများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာရခြင်း၊ လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းများ စသည့် လူမှုရေး မငြိမ်သက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ဆိုသည်။

ထိုသို့ မတည်ငြိမ်မှုများကြောင့် ပြည်ပအင်အားကြီး နိုင်ငံများအတွက် မြန်မာပြည်တွင်းရေးတွင် ပါဝင်စွက်ဖက်ရန် လမ်းစများ ဖြစ်လာနိုင်ကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သတိပေး ပြောဆိုလိုက်သည်။

“အချုပ်ပြောရရင်တော့ ဒီစီမံကိန်းတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ရှိနေပမယ့် မြန်မာ့အချုပ်အခြာ အာဏာအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံအနေနဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းရင်း ဒီလိုဆက်ဆံရေးမျိုးကို ဘယ်လိုပုံစံနဲ့ စီမံခန့်ခွဲ သွားမလဲဆိုတဲ့အပေါ်မှာပဲ အများကြီး မူတည်နေတယ်” ဟု တရုတ်လွှမ်းမိုးမှုကို သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းက ထောက်ပြပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...