ရွာငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ ဖမ်းမိပြီးနောက် ရဲလက်မှ ထွက်ပြေးလွတ်မြောက်နေ

“ သက်ငယ်မုဒိမ်းကျူးလွန်တဲ့သူ ဖမ်းမိပြီး၊ ပြန်လွှတ်သွားတယ်”

ပြီးခဲ့သည့် မေ ၇ ရက်တွင် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တပင်ပျော်ကျေးရွာနေ အသက် ၁၄နှစ် အရွယ်ရှိ မဖြူ(အမည်လွှဲ)ကို အသက် (၄၀)အရွယ်ရှိ မောင်တူးက သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည်။

ဖြစ်စဉ်မှာ အသက် (၁၄)နှစ်အရွယ် မဖြူသည် တောထဲရှိ လက်ဖက်ခြံသို့ လက်ဖက်ခူးရန် သွားနေစဉ် တရွာတည်း နေသည့် မောင်တူးက နောက်ယောင်ခံလိုက်ကာ တောထဲ၌ မုဒိမ်းကျင့်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသည့် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာနေ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ခြံကို ကလေးမက သွားနေတုန်း တရွာတည်းနေတဲ့ မောင်တူးက နောက်ယောင်ခံပြီး တောထဲမှာ မုဒိမ်းကျင့်တာ၊ ပြီးတော့ ရိုက်နှက်ခဲ့တယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသမီးက ဆိုသည်။

မုဒိမ်းကျူးလွန်သည်ဟု မောင်တူးကို ရွာငံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး၊ ရဲစခန်းတွင် ၎င်းကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

သို့သော် မောင်တူးကို ရဲတပ်ဖွဲ့များနှင့် ရွာငံမြို့ ဆေးရုံမှ ဆေးဝန်ထမ်းများက ၎င်းကို စစ်ဆေးနေစဉ် ထွက်ပြေး လွှတ်မြောက်သွားသည်။

“ မုဒိမ်းကျင့်တဲ့သူ လွှတ်မြောက်နေတယ်။ အဲ့နေ့က ဆေးရုံမှာ ရဲတွေ ဆရာမတွေက စစ်ဆေးမှုပြုလုပ်နေတုန်း ထွက်ပြေးသွားတာ။ မဖြူရဲ့ ခန္ဓာကိုယ်တခုလုံး ညိုမဲနေတယ်။ ပြီးတော့ အသက်ငယ်တော့ ငိုပဲငိုနေတယ်” ဟု ၎င်းအမျိုးသမီးကဆိုပြန်သည်။

လက်ရှိ အချိန်ထိ မုဒိမ်းကျူးလွန်သည့် မောင်တူးသည် ယနေ့ထိထွက်ပြေးလွှတ်မြောက်နေသဖြင့် ရွာငံမြို့နယ်ရဲစခန်းမှ ၎င်း၏ မိသားစုဝင်ဖြစ်သည် ဇနီးနှင့် အသက် (၈)နှစ်အရွယ်ရှိ သမီးဖြစ်သူကို ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

ထို့ပြင် မောင်တူးသည် တပင်ပျော်ကျေးရွာတွင် နှစ်ပေါင်း ၂၀ ဝန်းကျင် နေထိုင်ခဲ့ပြီး ကျူးလွန်ခံရသူ မဖြူ၏ မိသားစုများနှင့် ရင်းနှီးမှု ရှိကြသည်။

“မုဒိမ်းမှုကျူးလွန်သူကို တွေ့အောင် ဖမ်းမိအောင် ရှာပြီး ပြစ်ဒဏ်ပေးဖို့လိုအပ်တယ်။ မဟုတ်ရင် မဖြူအတွက် အန္တရာယ်များတယ်။ မလုံခြုံဘူး။ အခုထိ မရှာနိုင်တာတော့ စဉ်းစားစရာပဲ” ဟု တပင်ပျော်ကျေးရွာ က ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ မုဒိမ်းမှုကျူးလွန်သူသည် တောထဲတွင် သစ်များခုတ်ကာ ရောင်းချသူဖြစ်သဖြင့် တောတောင် ကျွမ်းကျင်သူ ဖြစ်ကြောင်းလည်း ၎င်းအမျိုးသားက မှတ်ချက်ပြုသည်။

ရွာငံမြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများ၏ လုံခြုံရေးသည် အလွန်ပင်စိုးရိမ်လာကြောင်း၊ အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရလျှင်လည်း မပြောရဲသည့် အနေအထား ဖြစ်နေကြောင်း ဓနုအမျိုးသမီးအရေးလှုပ်ရှားသည့် သူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုနောက်ပိုင်း အမျိုးသမီးအတွက် ဘယ်နေရာမှ မလုံခြုံပါဘူး။ နောက် တကယ်လို့ ကိုယ်က အဓမ္မပြုကျင့်ခံ ရတာတွေ ဆိုရင်လည်း အသံမထွက်ရဲတဲ့အချိန် အမျိုးသားတချို့က ဒါကို အခွင့်ကောင်းယူပြီး ပိုအနိုင်ကျင့် လာကြတယ်” ဟု ၎င်းကဆိုပြန်သည်။

လက်ရှိ တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်အချိန် နယ်မြေ အနေအထားမငြိမ်းချမ်းသည်အနေအထားကို အခွင့်ကောင်းယူပြီး သက်ငယ်မုဒိမ်းကျူးလွန်နေကြောင်း ၎င်းက ပြောသည်။

“ အခုက အမျိုးသမီးတွေအတွက် ကလေးတွေအတွက် တရားဉပဒေစိုးမိုးမှု ကမရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး မုဒိမ်းကျူးလွန်တယ်လို့မြင်တယ်။ အရင်က ရွာငံမှာ မုဒိမ်းမှုဆိုတာ မကြားဖူးဘူး၊ အခုဆိုရင် ညမှောင်ရင် အိမ်သာတောင် မသွားရဲတော့ဘူး” ဟု ဓနုအမျိုးသမီးအရေး ဆောင်ရွက်သူက ဆိုသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးနှင့် PDF များကြားလည်း အပြန်အလှန် သတ်ဖြတ်မှုများမကြာခဏရှိသည့် ဒေသတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...