ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍ နေရပ်ပြန်လာသူများ ရှိကြောင်း သတင်းရရှိသည်။

ရွာငံမြို့နယ် အတွင်း သြဂုတ် ၁၆ရက်မှစတင်ကာ စစ်ကော်မရှင်တပ်က ဝင်ရောက်ကာ တပ်စွဲခဲ့ပြီး၊ ကျေးရွာ ဒေသခံများကိုလည်း ၃ရက်အတွင်း အပြီးပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

ထို့နောက် ရွာငံမြို့နယ် ရေဉီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင်လည်း စစ်တပ်က တပ်စွဲကာ ဒေသခံများ အခြားသို့ ထွက်ပြေး တိမ်းရှောင်ရန် ယမန့်(သြဂုတ် ၁၇)ရက် ညနေပိုင်းတွင် ပြုလုပ်နေစဉ် လူငယ် (၅)ဉီးကို တွေ့ရှိပြီး သေနတ်ဖြင့် ပစ်ကာ၊ထိုထဲတွင် တဉီး ကျည်ဒဏ်ရာရရှိပြီး လက်ရှိ မြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။

ကျန် လူငယ်(၄)ဉီးကိုလည်းစစ်ကော်မရှင်တပ် က ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွှတ်လိုက်သည်။

“ အဓိက လူငယ်တွေမလို့ သေနတ်နဲ့ပစ်လိုက်တဲ့သဘောပဲ။ တယောက်ကတော့ ရွာငံမြို့ပေါ်ဆေးရုံကိုပို့လိုက်တယ်။ ကျန် ၄ယောက်တော့ ရိုက်ခံထားရတော့ ညိုမဲလောက်ပဲ။ ကျနော်တို့လည်း စစ်တပ်ကိုမြင်တော့ ပြန်လှည့်လာရတာ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ ဒေသခံ တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာအုပ်စု၊ ရေဉီးကျေးရွာအုပ်စု မြိုင်ကျေးရွာအုပ်စု အတွင်း နေထိုင်သည့် ပြည်သူများသည် အခြားလွတ်ရာသို့ ထွက်ပြေးနေကြပြီး၊ အချို့သက်ကြီးသည့်သူများသည် နေအိမ်ကို သူခိုးဝင်ရောက်မည်ကို စိုးရိမ်သဖြင့် အိမ်စောင့်ကျန်ခဲ့ကြောင်း သိရသည်။

“ လူငယ်တွေကတော့ လွတ်ရာသို့ ပြေးကြပြီ။ လူငယ်ဆိုရင် တပ်က ပိုပြီး စိုက်ကြည့်တယ်။ အိမ်ကိုလည်း ထားပြီး သွားလို့မရဘူး။ စစ်တပ်က လာခိုးတက်လို့ အိမ်စောင့်လည်းကျန်ထားရသေးတယ်။” ဟု သိမ်ကုန်းကျေးရွာမှ ဒေသခံအမျိုးသားတဉီးကပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သားများသည်လည်း မြိုင်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြစေတီကျေးရွာဘက်တွင် အင်အား အများပြား တပ်စွဲထားကြောင်း ၎င်းအမျိုးသားက ထပ်ပြောသည်။

ဆက်လက်ပြီး ဓနု‌ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်းဘက်မှလည်း စစ်ကော်မရှင်တပ်က ဒေသခံများကို ရှောင်တိမ်းခိုင်းပြီး နေအိမ်မှ ပစ္စည်းများကို ယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ် စားသောက်ခြင်းများ လုပ်ဆောင်လေ့ ရှိကြောင်း ထုတ်ပြန်ထားသည်။

“တော်လှန်ရေးဘက်က ထုတ်ပြန်ထားသလိုပဲ ရွာကနေရှောင်ရင် တန်ဖိုးကြီး ပစ္စည်းကို တစ်ခါတည်းယူ သွားသင့်တယ်၊ မှတ်ပုံတင်တို့ အရေးကြီး စာရွက်စာတမ်းတွေကို ယူသွားဖို့လိုတယ်၊ ခနရှောင်ခိုင်းတယ် ဆိုပေမဲ့ ရှေ့ဆက် ဘာဖြစ်လာမယ် မသိဘူးလေ ၊ စစ်တပ်ကလည်း ဖမ်းဆီးမှုတွေ လုပ်နေတာကို လည်း သတိထားစေချင်တယ်။” ဟု ရွာငံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA )တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာငံမြို့နယ်အတွင်း စစ်တပ်မှ စစ်ဆေးဖမ်းဆီး မှုများမကြာခဏ ပြုလုပ်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...