ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ နီးစပ်ရာ မြို့နယ်နှင့် ကျေးရွာဘက်သို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

“စစ်တပ်က မြိုင်မှာရော တောင်ကြား ကျေးရွာဘက်မှာရော အင်အားအများကြီး ချထားတယ်၊ ကျေးရွာတော်တော်များများ ပြောင်းကုန်ကြပြီ၊ လေယာဉ်တွေနဲ့ဗုံး ကြဲမှာကြောက်တယ်၊ စစ်မဖြစ်ဖို့ပဲ ဆုတောင်းနေရတယ်၊ စစ်တပ်ကတော့ တော်လှန်ရေးဘက်နဲ့ စထိတွေ့ရင် ကျေးရွာကို ပြာချပစ်မယ်လို့ ပြောထားတယ်။”ဟု ရွာငံ စစ်ရှောင် အမျိုးသားတဦးက ပြောသည်။

ထို့အပြင် ရွာငံမြို့နယ်ရှိ မျှားကလေး ကျေးရွာဘက်တွင်လည်း လမ်းများစတင် ပိတ်နေပြီ ဖြစ်သောကြောင့် ဒေသခံများ ကြိုရှောင်ထားရန် လိုအပ်ကြောင်း၊ စက်သုံးဆီဆိုင်များလည်း အလုအယက်ဝယ်ယူပြီး ဘေးလွှတ်ရာသို့ စတင်စစ်ရှောင်နေကြကြောင်းလည်း စစ်ရှောင်အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လမ်းမှာဆို အထုတ်တွေကိုယ်စီနဲ့ ကားမှာဆိုလည်း လူအပြည့်ပဲ၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ကားပေါ်တင်ပြီး ရှောင်နေတာ တွေ့ခဲ့တယ်၊ စစ်ဖြစ်ခဲ့ရင် အိမ်တွေလည်း ဗုံးထိခံရမှာဆိုတော့ စစ်မဖြစ်စေချင်ဘူး၊ အနှစ်နှစ် အလလ စုဆောင်းထားသမျှတွေ အကုန် ပြာဖြစ်တော့မှာ စစ်မဖြစ်ဖို့ပဲ ဆုတောင်းရတော့မယ်။”ဟု ၎င်းအမျိုးသမီးဆိုသည်။

ထို့အပြင် ယမန်နေ့ ဩဂုတ်လ ၁၆ ရက် ညနက်ပိုင်းအချိန်တွင် ဂျက်လေယာဉ်သံများဖြင့် ကင်းလှည့် စောင့်ကြည့်နေသောကြောင့် ဒေသခံများ ကြောက်လန့်ခဲ့ရသည်ဟု သိရသည်။

“ညက အိပ်မပျော်ဘူး ဂျက်လေယာဉ်တွေ ဝဲနေတာ၊ ဗုံးတွေ ရုတ်တရက် ချမှာ မတွေးရဲဘူး၊ စစ်သားတွေလည်း အရပ်ဝတ်နဲ့ ကင်းလှည့်တယ်၊ ရုတ်တရက်ဆိုရင် စစ်သားမှန်း မသိသာဘူး သူတို့ပုံစံက ရုပ်သေချာ ကြည့်မှ လူစိမ်းဖြစ်နေတာ ဆံပင်ပုံစံလည်း စစ်သားပုံစံပဲ၊ သူတို့က ရွာထဲ ညတိုင်း ကင်းလှည့်တယ်။”ဟု ၎င်းအမျိုးသမီးက ပြောသည်။

ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ် ၊ စစ်ကော်မရှင်တပ် လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားကြကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ ဒေသခံ အမျိုးသား ၁၀ဉီး ကျော်ကို သြဂုတ် ၂ရက်တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး တိုက်ပွဲရှေ့တန်း စစ်ကြောင်းသို့ ပို့ဆောင်ခြင်းနှင့် တပ်စွဲထားသည့် နေရာသို့ ခေါ်ဆောင်သွားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...