၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။

အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (NSPNC) နှင့်တွေ့ဆုံခဲ့ပြန်သည်။

ထို့နောက် “၁၀၂၇ စစ်ဆင်ရေး”တွင် ၂၀၂၃ခုနစ် ဒီဇင်ဘာ ၁၅ ရက်တွင် မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန် (၁၀၅)မိုင်ကို ညီနောင်မဟာမိတ် တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ထိန်းချုပ်နိုင်ခဲ့သည်။

သို့ပေမယ့် တရုတ် ၏ဖိအားမျိုးစုံနှင့် အာဏာသိမ်း သမ္မတ ဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်နောက်ပိုင်းတွင် စစ်ကော်မရှင်လက်အောက်ခံအဖွဲ့အစည်းများက မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန် အမြန်ဆုံးပြန်ဖွင့်နိုင်ရန် အတွက် “၁၀၂၇ စစ်ဆင်ရေး”ကာလတွင် ပျက်စီးခဲ့သည့် စစ်ဆေးရေးဂိတ်များကို ပြန်လည်ပြင်ဆင်ရန် ကားသမားများထံ ငွေကြေး အတင်းအဓမ္မကောက်ခံနေကြောင်း မူဆယ်မြို့ ကားသမား၏ ပြောပြချက်အရသိရသည်။

“ ဒီတနှစ်အတွင်း ကုန်သွယ်ရေးဇုံ ပြန်ဖွင့်နိုင်အောင် သူတို့( စစ်ကော်မရှင်)ကကြိုးစားနေတယ်။ အခုက စစ်ဆေးရေးဂိတ်ကို အရင်ပြင်နေတယ်။ အဲ့ပြင်ဖို့ ကုန်ကား၊လိုင်းကားတွေက အစ အိမ်သုံးကားတွေဆီပါ ငွေကောက်တာ။ ကုန်ကားတစီးဆိုရင် ၅သောင်းကျပ်ကနေ ကျပ်တသိန်းပေးရတယ်” ဟု ကုန်ကားသမား ကိုမျိုးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအနေအထားအရ မူဆယ်မြို့အထွက် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဌာနအနီးရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်ကို စတင်ပြင်ဆင်နေပြီး ၊ မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန် (၁၀၅)မိုင် လမ်းတကြောကို တဖြည်းဖြည်းပြင်ရန်နှင့် အမြန်ပြန်ဖွင့်နိုင်ရန်အတွက် ညှိနှိုင်းနေကြောင်း ကိုမျိုးက ဆိုပြန်သည်။

“သူတို့ အချင်းချင်း (စစ်ကော်မရှင်နဲ့ ညီနောင်မဟာမိတ်) ကြား ညှိမယ်ထင်တယ်။ တရုတ်ရဲ့ စကားတခွန်းပါပဲ။ ဒီလမ်းကြောကို တရုတ်ကလည်း အမြန်ဖွင့်စေချင်ပြီဆိုတော့ မကြာခင်ဖွင့်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

တရုတ်–မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုသည့် မူဆယ်–၁၀၅ မိုင်လမ်းပိုင်းရှိ မူဆယ် (၁၀၅ မိုင်) နယ်စပ်ကုန်သွယ်ရေးဇုန် နှင့် ကျင်စန်းကျော့ဂိတ်တို့မှာ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပိတ်ထားခဲ့ရသည်။

ထို့နောက် အာဏာသိမ်း သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီးနောက် အစိုးရသစ် “ရက် ၁၀၀ စီမံကိန်း” ဟုဆိုပြီး တရုတ်နိုင်ငံထုတ်ကုန် တင်သွင်းခွင့်ကို ပိတ်ဆိုင်းလိုက်သော်လည်း စစ်ကော်မရှင်လက်အောက်ခံဂိတ်များက လာဘ်စားမှုဖြင့် ကုန်ကားများထံ ငွေကြေး အဆမတန် ကောက်ယူများလည်းရှိကြောင်း သျှမ်းပြည်မြောက်ပိုင်း ကုန်သည်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီလမ်းကြော ကတော့ မှောင်ခိုလမ်းပေါ့။ အခုက တရားဝင်မဖွင့်ရင် စစ်တပ်ရော လက်နက်ကိုင်ရော လုပ်စားလို့ ရတဲ့နေရာပဲ။ အားလုံးက ပြည်သူတွေဆီ ငွေလုနေကြတာ။ ပြည်သူတွေပဲနစ်နာတယ်။ လက်နက်ကိုင်တဲ့ သူတွေ ကတော့ အသာစီးပါပဲ” ဟု မူဆယ်မြို့ ကုန်သည် အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းနေထိုင်သည့် လူထုများသည် စစ်ကော်မရှင်တပ်၏ ဖိအား၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဖိအားတို့ကို ခံနေရကြောင်း၊ လက်နက်ကိုင်အချင်းချင်းကြား ပြေလည်မှုမရှိသည့်အခါ လူထုသည်သာ အကြပ်ရိုက်ကြောင်း လည်း ၎င်းအမျိုးသမီးက ဆိုသည်။

“အခုက လက်နက်ကိုင်ဖြေရှင်းကြ၊ ကိုယ်ကျိုးလုပ်ကြတော့ လူထုကပိုခံရတာပဲ။ လူထုကို ကြည့်တဲ့ လက်နက်ကိုင်ဆိုတာ မရှိဘူး။ လူထုဆီ ဘယ်လိုရနိုင်လဲဆိုတာပဲ စောင့်ကြည့်နေကြတာ။ လူထုကိုဖိနှိပ်ဖို့လက်နက်ကိုင်နေကြတာလားပေါ့” ၎င်းကုန်သည် အမျိုးသမီးက ထပ်လောင်းပြောသည်။

တရုတ်ဖိအားကြောင့် “၁၀၂၇ စစ်ဆင်ရေး” ရပ်တန့်လိုက်ရကြောင်း၊ တရုတ်ဖိအားကြောင့် ညီနောင်မဟာမိတ် တပ်ဖွဲ့က စစ်ရေးအရ အနိုင်ရသည့် မြို့များကို စစ်ကော်မရှင်ထံ ပြန်လည် အပ်နှံရကြောင်း၊ တရုတ်ဖိအားကြောင့် မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း၊ အလားတူ တရုတ်ဖိအားကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန် မကြာမီ ပြန်ဖွင့်လာနိုင်ကြောင်း သျှမ်းမြောက် နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုလိုက်သည်၊

“ကျနော်တို့ မြန်မာနိုင်ငံက က တရုတ်လက်ဝါးအောက်မှာပဲ။ တရုတ်ရဲ့လွှမ်းမိုးမှုပဲ။ တရုတ်ကြောင့် တိုက်ပွဲတွေရပ်ရတယ်။ တရုတ်ကြောင့် ရွေးကောက်ပွဲကျင်းပတယ်။ တရုတ်ကြောင့် လွှတ်တော်ပြန်စတယ်။ အခုလည်း ပြည်ထောင်စုလမ်းကြောထိန်းချုပ်နေရာယူထားတဲ့လက်နက်ကိုင်တွေကိုလည်း တရုတ်က ဖယ်ပေးဖို့ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်အောင် လုပ်မှာပဲ” ဟု သျှမ်းနိုင်ငံရေးလေ့လာသူ တဉီးက ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ဇုန် (၁၀၅)မိုင်ထဲတွင် TNLA၊ MNDAA နှင့် AA ၏ မီးနဂါးတပ်ဖွဲ့လည်း ရှိနေသေးသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းရှိ ကုန်တင်ကားများနှင့် ပြည်သူများခံ စစ်ကောင်စီတပ်ဖွဲ့များအပြင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ဆေးရေးဂိတ်များတွင်လည်း အခွန်အခနှင့် ငွေကြေးများ ပေးဆောင်နေရသော်လည်း လူထုလုံခြုံရေးကို မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...