ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။

ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏ တောင်ဘက်တွင် တရုတ်နိုင်ငံသားများ ဉီးဆောင် ဖွင့်လှစ်ထားသည့် အွန်လိုင်ငွေလိမ်လည် သည့်နေရာတစ်ခုကို စစ်ကော်မရှင်တပ်က သွားရောက်ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးမှုတွင် တရုတ်နိုင်ငံသားများအပါအဝင် ကျားဖြန့်သမား ၄၉ဉီးနှင့် လက်နက်ခဲယမ်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျားဖြန့်တွေက အဲ့ဘက်မှာ လှုပ်ရှားနေတာ ၃နှစ်ဝန်းကျင်လောက်ရှိပြီ။ အခုလည်း ဟန်ပြဖမ်းတာပါပဲ။ဖမ်းမိတာတောင် လက်နက်တွေပါတယ်လေ။လက်နက်ကိုင် တပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး လုပ်နေတဲ့သဘောပဲ။အခုနမ့်စန်မှာဖမ်းမိတဲ့ နေရာဟာဆိုရင် နားရိုင်းပြည်သူ့စစ်တွေရဲ့ နယ်မြေပါ” ဟု နမ့်စန်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးမှုတွင် တရုတ်နိုင်ငံသား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၄၉ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် P-365 အမျိုးအစား ပစ္စတိုတစ်လက်၊ UZI အမျိုးအစား ပစ္စတိုတစ်လက်၊ AK-47 မောင်းပြန် ရိုင်ဖယ် နှစ်လက်၊ ကျည်အိမ်များနှင့် ကျည်ဆန်များအပြင် ဖုန်းမျိုးစုံ ၆၇ လုံး၊ All in One ကွန်ပျူတာ ၄ လုံး၊ CPU တစ်လုံးနှင့် Starlink စက် ၆ စုံတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခု ဖမ်းဆီးရမိသည့် နမ့်စန်မြို့နယ် နားရိုင်းရွာသစ်ကျေးရွာသည် နားရိုင်း ပြည်သူ့စစ်နယ်မြေဖြစ်ပြီး စကျားဖြန့်တိုက်ဖျက်ရေး ကိစ္စနှင့်ပတ်သက်ပြီး စစ်ကော်မရှင်၏ လက်အောက်ခံပြည်သူ့စစ်များက တစ်စုံတရာ ထွက်ပေါ်ပြောဆိုခြင်း၊ ကျားဖြန့် တားဆီးမှုများပြုလုပ်ခြင်းမရှိကြပေ။

“ကျားဖြန့်တွေ အများစုက ပြည်သူ့စစ်ထိန်းချုပ်တဲ့နယ်မြေမှာလုပ်နေတာများတယ်။ ပြည်သူ့စစ်တွေက ကျားဖြန့်တိုက်ဖျက်မယ်ဆိုပြီး ပြောဆိုတာ မရှိဘူး။ပြည်သူ့စစ်အုပ်စုတွေကလည်း စစ်ကော်မရှင်ရဲ့လက်အောက်ခံ အဖွဲ့တွေပဲလေ။ဒါဆိုရင် ချိတ်ဆက်တာကြည့်လို့ရပါတယ်” ဟု နမ့်စန် ဒေသခံ အမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ တရုတ်နယ်နိမိတ်အတွင်း လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် တရုတ်နိုင်ငံက ဖိအားပေးခဲ့သည်။

သို့သော် ကျားဖြန့်လုပ်ငန်းများသည် “ဝ” တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများမှ သံလွင်မြစ် အနောက်ဘက်ခြမ်းသို့ ရွှေ့ပြောင်းလာကာ သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှိမ်းကို ဆက်လက် ပျံ့နှံ့လာကြောင်း သျှမ်းပြည် နိုင်ငံရေးလေ့လာသုံးသပ်သူတဉီး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆိုရင် ကျားဖြန့်လုပ်ငန်းက သျှမ်းပြည်ကနေ ရန်ကုန်၊ မန္တလေး၊ ကရင်နဲ့ တနင်္သာရီတိုင်းအထိ လှုပ်ရှားနေကြတယ်လေ” ဟု ၎င်းက ပြောသည်။

ကျားဖြန့်လုပ်ငန်းများကို တစ်ဖက်တွင် တိုက်ဖျက်နေသည်ဟု ပြောဆိုနေသော်လည်း အခြားတစ်ဖက်တွင် သက်ဆိုင်ရာ အာဏာရှိ လက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံကာ အကာအကွယ်ပေးနေခြင်းနှင့် အကျိုးစီးပွားဆက်နွယ်မှုများရှိနေခြင်းကြောင့် ယင်းလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ခြင်း မရှိသေးကြောင်း သျှမ်းပြည် နိုင်ငံရေး လေ့လာသုံးသပ်သူက ထောက်ပြပြောဆိုသည်။

“လက်တွေ့ကျတော့ ကျားဖြန့်တိုက်ဖျက်နေတယ်လို့ ပြောပေမယ့် တစ်ဖက်ကလည်း ကူညီဖေးမ နေတယ်လို့ မြင်မိတယ်။အာဏာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တနည်းတဖုံနဲ့ ကျားဖြန့်လုပ်ငန်းတွေကို လက်ခံထားတဲ့ အနေအထားကြောင့် ပျောက်ကွယ်မသွားတာပါ။ ဒီလိုနည်းနဲ့ ဆက်သွားရင် ကျားဖြန့်က ဘယ်လိုမှ အမြစ်ပြတ်ပပျောက်သွားနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ ဖြစ်ပြီး နိုင်ငံရေးရပ်တည်ချက်ထက် စီးပွားရေးအကျိုးစီးပွားအတွက် လက်နက်ကိုင်ထားသည့် အဖွဲ့များဖြစ်ကြောင်း၊ စစ်တပ်က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းလိုစိတ်ရှိလျှင် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်မည်ဟု ပြောဆိုနေသော်လည်း တစ်ဖက်တွင် ယင်းလုပ်ငန်းများကို လက်ခံထားကာ ငွေကြေးအကျိုးအမြတ်များ ရယူနေကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း အတွင်း ၂၀၂၃ခုနစ် အောက်တိုဘာ ၂၇ တွင် ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”သည်လည်း ကျားဖြန့်အမြစ်ဖြတ် တိုက်ဖျက်မည်ဆိုသည် အချက်တခုအပါအဝင် ညီနောင်မဟာမိတ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့က စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် ’ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်များနှင့် အခြား လက်နက်ကိုင်များသည့် စစ်ကော်မရှင် အစိုးရနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံရာတွင်လည်း အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပူးပေါင်းလုပ်ဆောင်မည်ဟု ပြောဆိုဆွေးနွေးခဲ့ပြန်သည်။
3m

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။ ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။ ယခုဖြစ်စဉ်သည်...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...