ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။ 

နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။

 ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင် ဉီးဇင်း၏ ရုပ်အလောင်းကို  ပွေးနဖား- နွားဘန်းကြီး သွားလမ်းတွင် ပြန်တွေ့ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်က ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖား ကျေးရွာသို့ စစ်အင်အား အလုံးရင်းဖြင့် ဝင်ရောက် တပ်စွဲ၍ စစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံများ ခြံမသွားရဲကြကြောင်း သိရသည်။

“စစ်သားတွေ တစ်ခါလာရင် တရာလောက်ရှိတယ်၊ ရွာထဲမှာ တပ်စွဲထားတယ် ၊ တောဘက်ကို စစ်ကြောင်း နေ့တိုင်းသွားတယ်၊ သူတို့က နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေတော့ တောင်ယာခြံတောင် မသွားရဲဘူး၊ ခုတလော ရွာငံမှာ ဖမ်းဆီးကြမ်းနေတော့ ကိုယ့်လည်း ဖမ်းမှာကြောက်နေရတာ။”ဟု နွားဘန်းကြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ရွာငံမြို့ပေါ် ရပ်ကွက်များတွင်လည်း အမျိုးသမီးအပါဝင် မြို့ခံ (၄)ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

အလားတူ ရေဦးကျေးရွာဘက်တွင်လည်း ဇနီးမောင်နှံ နှစ်ဦးကို စစ်ကော်မရှင်တပ်က စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆို၍ ဖမ်းဆီးသွားပြီး ယနေ့အထိ အဆက်သွယ်မရသေးကြောင်း ဒေသခံများ ထံမှ သိရသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင်လည်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာသို့ စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ဝင်ရောက်၍ ရွာသားများကို ဖမ်းဆီးရိုက်နှက်ခဲ့ရာ အမျိုးသားတစ်ဦးက သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ အခုကတော့ ကျောက်ငှက်မှာ နဲနဲလေး အခြေနေငြိမ်နေတယ်၊ စစ်သားတွေတော့ ရှိတယ်၊ ရွားသားတွေ နည်းသွားတယ်၊ ရှောင်နေကြတဲ့သူလည်း ရှိတော့၊ စစ်တပ်က ဖမ်းပြီး ရိုက်လို့ ရွာသား တစ်ဦး သေသွားတယ် ဘာမှ တာဝန်ယူမှုမလုပ်ပေးဘူး၊ သတင်းလည်း ပေးမထွက်ဘူး၊ အလောင်းကိုတောင် သူတို့ရှေ့မှာ တန်းမြှုပ်ရတယ်။”ဟု ဖြစ်စဉ် သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူသည် ကျောက်ငှက်ကျေးရွာမှ အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်း မည်သည့် လက်နက်ကိုင်နှင့်မျှ ပတ်သက်ဆက်နွှယ်ခြင်း မရှိသူဖြစ်ကြောင်းနှင့် အနေအေးသူဖြစ်ကြောင်း အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး ကျေးရွာများတွင်လည်း အင်အားအလုံးရင်းဖြင့် တပ်စွဲထားနေကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ် ၊ စစ်ကော်မရှင်တပ် လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားမှုရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...