ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင် ဉီးဇင်း၏ ရုပ်အလောင်းကို  ပွေးနဖား- နွားဘန်းကြီး သွားလမ်းတွင် ပြန်တွေ့ခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဉီးလုံးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

အဆိုပါ ဦးဇင်း၏ ရုပ်အလောင်းတွင်  ဓားဒဏ်ရာနှင့် သေနတ်ဒဏ်ရာများ တွေ့ရှိခဲ့ပြီး လမ်းမကြီးပေါ်တွင် မှောက်လျှက် အနေထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဉီးလုံးက ပြောသည်။

“ အဲ့ဉီးဇင်းက တကယ်တော့ ဟန်ဆောင်ပြီး သူ့အပြစ်တွေလွတ်အောင် သင်္ကန်းခြုံထားတာ။ တကယ်တော့ သူက လူသတ်တယ်။ မုဒိမ်းကျင့်တဲ့သူပါ။ သင်္ကန်းခြုံတာ မကြာသေးဘူး” ဟု ၎င်းက ဆိုပြန်သည်။ 

အဆိုပါ ဦးဇင်းဝတ်ဖြင့် အသတ်ခံရသူမှာ (ကိုဂေါ်လီ)ဟု ခေါ်ဆိုပြီး ဦးဇင်းဝတ် ဘွဲ့နာမည်မှာ (ဦးဝိလာသ)  ဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောသည်။

အသတ်ခံရသူ ဦးဇင်းသည် ၎င်း၏ အပြစ်များကို ဖုံးကွယ်ရန် ရွာမှ ရှောင်ပြေးပြီး ရွာငံမြို့နယ် မြသိန်းတန် ကျေးရွာတွင် ဦးဇင်းဝတ်နေခြင်း ဖြစ်ကြောင်းနှင့် ပွေးနဖားကျေးရွာသို့ အလည်ပြန်စဉ် ယခုကဲ့သို့ ခေါ်ယူ အသတ်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ဦးဇင်းဝတ်နေစဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သတိပေးစာ နှစ်ကြိမ်တိတိ ရဖူးကြောင်းနှင့် စစ်ကော်မရှင်တပ်နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိကြောင်း သိရသည်။ 

“ဦးဇင်းအလောင်းကို တွေ့တော့ ရွာငံမြို့ ဆေးရုံကို ခေါ်သွားကြတယ်၊ စစ်တပ်ကလည်း သူတို့နဲ့ အနီးနားမှာ ဖြစ်တော့ စစ်ကြောင်းတွေ တောက်လျှောက် သွားနေတယ်၊ စစ်ဆေးမှုတွေက တင်းကြပ်ရင်း တင်းကြပ်နေတယ်၊ ပြည်သူတွေလည်း သတိထားသွားလာဖို့ လိုတယ်။”ဟု ရွာငံ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်သည် ပွေးနဖား-နွားဘန်းကြီး လမ်းနှင့် ရွာငံမြို့ စစ်တပ်ဂိတ်နေရာသည် ဆယ်မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက် ရွာငံမြို့ ညောင်ပင်ခွ ကျေးရွာဘက်တွင်လည်း ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီဝင် တစ်ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံခဲ့ရသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းလက်နက်ကိုင်များ နယ်မြေစိုးမိုးထားပြီး အုပ်ချုပ်‌ရေးမှူးများ၊ ဒလန်များ၊ ပျူစောထီးများ အပါဝင် အရပ်သားများ အသတ်ခံရမှု မကြာခဏ ဖြစ်ပေါ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...