အသတ်ခံရ
ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...
ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...
တာချီလိတ် ဆိုင်ကယ် တက္ကစီသမားသတ်ခံရပြီးနောက် ဆိုင်ကယ်သမားများပိုစိုးရိမ်မှုဖြစ်လာ
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းနေသည့် လူငယ်တစ်ဉီး အသတ်ခံရပြီနောက်တွင် စားဝတ်နေရးအတွက် ရုန်းကန်လုပ်ကိုင်နေသည့် ဆိုင်ကယ်သမားများလည်း စိုးရိမ်စိတ်ဖြင့် လုပ်စားနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီ ၁၆ ရက်)တွင် အသက် (၂၃)နှစ်ရှိသည့် ဆိုင်ကယ် တက္ကစီသမားတစ်ဉီးသည် ခရီးသည်ကို မြို့အပြင်ထိ လိုက်ပို့ပေးရာကနေ အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူသွားကြောင်း...
ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်၎င်း၏ဇနီးသတ်ခံရပြီး ဒေသခံ သက်ကြီးနှစ်ဦးဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး သတ်ခံရပြီးနောက် ဒေသခံ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးသွားရာ ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးတို့အသတ်ခံခဲ့ရပြီး၊ ကျေးရွာဒေသခံ အသက် ၅၀အရွယ်ရှိ ဒေါ်ထွေးနှင့်...
အိပ်မောနေသည့် ဇနီးဖြစ်သူပါးစပ်ထဲ ၎င်းအမျိုးသားက ဗြောက်အိုးထည့် ဖောက်ခဲ့
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦးသည် အိပ်မောနေသည့် ဇနီးဖြစ်သူ၏ ပါးစပ်ထဲသို့ ဗြောက်အိုးထည့်ပြီး ဖောက်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့နယ် မောက်စံပယ်အုပ်စုရှိ ရပ်ကွက် ၄ တွင် ဖြစ်ပွားခဲ့ပြီး တိုင်းကြားမှုအရ ရဲတပ်ဖွဲ့များက ယမန်နေ့ (သြဂုတ် ၆ )ရက်တွင်...
ညောင်ရွှေမြို့နယ်ရောက်စစ်ဘေးရှောင်လူငယ် တစ်ဦး သတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လွိုင်ကော်မှ စစ်ဘေးရှောင်လာသော လူငယ်တစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အသတ်ခံရပြီး သေဆုံးသွားသည့် စစ်ရှောင်လူငယ်သည် အေးသာယာမြို့ နည်းပညာတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်ပြီး ဩဂုတ်လ ၂ ရက် သောကြာနေ့ညနေတွင် အေးသာယာမြို့မှ စစ်ရှောင်ရင်းနေထိုင်ရာ ညောင်ရွှေမြို့သို့ ပြန်လာစဉ် လမ်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ “ရဲတွေကတော့...
ကျေးသီးမြို့နယ်အတွင်း အမျိုးသမီး တဦး သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အမျိုးသမီးတဦး ကားပေါ်တွင် လည်ပင်းညစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်တွင် ထိုအမျိုးသမီးသည် ကျေးသီးမြို့နယ် ဟာဝမ်းကျေးရွာမှ ကားမောင်း ထွက်ခွာခဲ့ပြီးနောက် ကျေးသီးမြို့ အကျော် ၁ မိုင် အကွာတွင် သတ်ခံရတာဖြစ်ကြောင်း သိရသည်။ “ဘာကြောင့် သတ်ခံရတာလည်း မသိရဘူး။ ကျမတို့...
ကျိုင်းတုံမြို့နယ် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကုန်ကျောင်းကျေးရွာ ရပ်ကွက်(၁) နေ အမျိုးသမီးတစ်ဦးသည် ယနေ့(ဇွန် ၃၀)ရက် မနက်ပိုင်းတွင် ဓားမြတိုက်ခံရပြီး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်အစောပိုင်းအချိန်၊ မိုးရွာသွန်းနေချိန်တွင် အသက် (၂၉ )နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ဈေးသွားရန် ပြင်ဆင်နေစဉ် ဓားပြမှ နေအိမ်ထဲသို့ဝင်ကာ ဓားပြတိုက်ခဲ့ပြီး၊...
ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် မူဆယ်မြို့ က အမျိုးသမီးအလောင်း ယနေ့ထိရှာမတွေ့သေး
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇွန် (၁၉) ရက်တွင် ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် အမျိုးသမီးအလောင်းကို ယနေ့ထိ မတွေ့ရသေးကြောင်းသိရသည်။ ပိုက်ဆံနှစ်သိန်း လက်ဝယ်ထားရှိတဲ့ အမည်နေရပ်လိပ်စာမသိရတဲ့ အမျိုးသမီးတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ် သူများ သည် အမျိုးသား သုံးဦးဖြစ်ကြပြီး တရားခံတစ်ဦးကိုတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းများက...
ကွတ်ခိုင်-သိန္နီကြား ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - သိန္နီ ကြားပြည်ထောင်စုကားလမ်းမကြီးပေါ် ကားသမားတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇွန် ၆ရက် ည ၈နာရီတွင် မူဆယ်-လာရှိုး လိုင်းကားမောင်းသည့် အသက် (၄၀)ကျော် အရွယ်ရှိ စိုင်းစံညွန့်သည် ကွတ်ခိုင်-သိန္နီ ကြား ဓားပြတိုက်ခံရပြီး အသတ်ခံလိုက်ရကြောင်း သေဆုံးသူနှင့်...





