ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်၎င်း၏ဇနီးသတ်ခံရပြီး ဒေသခံ သက်ကြီးနှစ်ဦးဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး သတ်ခံရပြီးနောက် ဒေသခံ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးသွားရာ ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးတို့အသတ်ခံခဲ့ရပြီး၊ ကျေးရွာဒေသခံ အသက် ၅၀အရွယ်ရှိ ဒေါ်ထွေးနှင့် အသက် ၆၀ အရွယ်ရှိ ဦးရဲဝင်းတို့ကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားခဲ့သည်။

“ သူတို့ နှစ်ယောက်ကို ဖမ်းသွားတာ နှစ်ရက်ရှိပြီ၊ ပြန်မလွှတ်သေးဘူး။ သူတို့ ၂ယောက်က အသက်တွေလည်း ကြီးနေပြီလေ။ သူတို့နှစ်ယောက် နှိပ်စက်ခံရမှာပဲကြောက်တာ” ဟု သိမ်ကုန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးရသည့်အကြောင်းရင်းမှာ ဒေါ်ထွေးသည် ရွာအစွန်တွင်နေထိုင်ပြီး သေနတ်လာပစ်သူများကိုသိရှိနိုင်သည်ဟု အထင်ဖြင့် ဖမ်းဆီးသွားကြောင်း၊ ဦးရဲကို မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။

“ လာသတ်သွားတဲ့ အဖွဲ့က ဒေါ်ထွေးအိမ်ဘက်ကို သေနတ်တွေနဲ့ ဖောက်ပြီး ပြေးထွက်သွားတာ။ ဒေါ်ထွေးအိမ်က ရွာအစွန်မှာ ရှိတော့ သူတို့ သိမယ်အထင်နဲ့ ဖမ်းသွားတာထင်တယ်။ ကိုရဲဝင်းတော့ ဘာလို့ဖမ်းခေါ်ခံရလဲတော့မသိဘူး။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထိုစစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီး သတ်ခံရပြီးနောက် ရွာငံမြို့တွင်း စစ်ဆေးမှုများ ပိုပြီးတင်းကျပ်လာကာ ဒေသအတွင်း သွား၊လာမှုလည်း ကန့်သတ်ခံနေရကြောင်း သိရသည်။

“ အရင်လိုလွတ်လွတ်လပ်လပ်သွားချင်သလို သွားလို့မရဘူး။ သူတို့စစ်ဆေးမှုလည်း ပိုကျပ်လာတယ်။ သွားလာတာတွေလည်း ကန့်သတ်တာတွေရှိတယ်။” ဟု ရွာငံမြို့မှ ဒေသခံအမျိုးသမီးတစ်ဉီးက ပြောသည်။

ရွာငံဒေသခံများသည် သဘာဝဘေးကြောင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲကာ စားသုံးကုန်စည်များ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုကြောင့် စိုးရိမ်မှုတွေပါ ရှိနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...