Wednesday, January 28, 2026

ရွာငံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်၎င်း၏ဇနီးသတ်ခံရပြီး ဒေသခံ သက်ကြီးနှစ်ဦးဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီး သတ်ခံရပြီးနောက် ဒေသခံ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးသွားရာ ယနေ့ထိတိုင် ပြန်မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီးတို့အသတ်ခံခဲ့ရပြီး၊ ကျေးရွာဒေသခံ အသက် ၅၀အရွယ်ရှိ ဒေါ်ထွေးနှင့် အသက် ၆၀ အရွယ်ရှိ ဦးရဲဝင်းတို့ကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားခဲ့သည်။

“ သူတို့ နှစ်ယောက်ကို ဖမ်းသွားတာ နှစ်ရက်ရှိပြီ၊ ပြန်မလွှတ်သေးဘူး။ သူတို့ ၂ယောက်က အသက်တွေလည်း ကြီးနေပြီလေ။ သူတို့နှစ်ယောက် နှိပ်စက်ခံရမှာပဲကြောက်တာ” ဟု သိမ်ကုန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ သက်ကြီးနှစ်ဉီးကို ဖမ်းဆီးရသည့်အကြောင်းရင်းမှာ ဒေါ်ထွေးသည် ရွာအစွန်တွင်နေထိုင်ပြီး သေနတ်လာပစ်သူများကိုသိရှိနိုင်သည်ဟု အထင်ဖြင့် ဖမ်းဆီးသွားကြောင်း၊ ဦးရဲကို မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။

“ လာသတ်သွားတဲ့ အဖွဲ့က ဒေါ်ထွေးအိမ်ဘက်ကို သေနတ်တွေနဲ့ ဖောက်ပြီး ပြေးထွက်သွားတာ။ ဒေါ်ထွေးအိမ်က ရွာအစွန်မှာ ရှိတော့ သူတို့ သိမယ်အထင်နဲ့ ဖမ်းသွားတာထင်တယ်။ ကိုရဲဝင်းတော့ ဘာလို့ဖမ်းခေါ်ခံရလဲတော့မသိဘူး။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထိုစစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ဇနီး သတ်ခံရပြီးနောက် ရွာငံမြို့တွင်း စစ်ဆေးမှုများ ပိုပြီးတင်းကျပ်လာကာ ဒေသအတွင်း သွား၊လာမှုလည်း ကန့်သတ်ခံနေရကြောင်း သိရသည်။

“ အရင်လိုလွတ်လွတ်လပ်လပ်သွားချင်သလို သွားလို့မရဘူး။ သူတို့စစ်ဆေးမှုလည်း ပိုကျပ်လာတယ်။ သွားလာတာတွေလည်း ကန့်သတ်တာတွေရှိတယ်။” ဟု ရွာငံမြို့မှ ဒေသခံအမျိုးသမီးတစ်ဉီးက ပြောသည်။

ရွာငံဒေသခံများသည် သဘာဝဘေးကြောင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲကာ စားသုံးကုန်စည်များ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုကြောင့် စိုးရိမ်မှုတွေပါ ရှိနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...