သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ စိုင်းစံ(ခ)စိုင်းဆာစံမှ တစ်ရွာတည်းနေ အသက် (၁၄) နှစ်အရွယ် ညီမဝမ်းကွဲ တော်စပ်သူ နန်းစံဟွမ်ကို အလုပ်သွားရှာပေးမည်ဟု အကြောင်းပြ ခေါ်ဆောင်သွားသည်။

၎င်းနောက်တွင် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောစိုက်ခင်း တစ်နေရာတွင် နန်းစံဟွမ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ စိုင်းစံ၏ ထွက်ဆိုချက်နှင့် SSPP စုံစမ်းစစ်ဆေးချက်အရ သိရသည်။

နန်းစံဟွမ် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၎င်းမိဘများက အမှုမှန်ပေါ်ပေါက်ရေးအတွက် ဇွန်လ (၂၅) ရက်တွင် SSPP ထံ တိုင်ကြားခဲ့ရာ အဆိုပါနေ့အတွင်း ပြစ်မှုကျူးလွန်သူ စိုင်းစံ အား ဖမ်းဆီးရမိခဲ့ကြောင်း SSPP Info သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့နောက် SSPP/SSA ဗဟိုဌာနချုပ် အထက်တရားရုံးတွင် ဖမ်းဆီးရမိသူကို စစ်ဆေးစီရင်ခဲ့ပြီး ပြစ်မှု ပြင်းထန်မှုနှင့် တရားရုံး စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်ခဲ့ကြောင်း၊ သေဒဏ်စီရင်ခြင်းကို ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်) နေ့လယ် ၂ နာရီအချိန်တွင် SSPP ဗဟိုဌာနချုပ်တွင် ဆောင်ရွက်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

SSPP ၏ စုံစမ်းစစ်ဆေးမှုအတွင်း ပြစ်မှုကျူးလွန်သူမှ နန်းစံဟွမ်ကို လူမဆန်စွာ လည်ပင်းညှစ်သတ်ပြီး ပုလင်းကွဲဖြင့် လည်ပင်း၊ ဝမ်းဗိုက်နေရာတို့ကို အကြိမ်ကြိမ် ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက်တွင် စွန့်ပစ်ထားခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ၏ ဝန်ခံထွက်ဆိုချက်နှင့် လိုက်လံပြသမှုအရ သိရကြောင်း ဇွန်လ (၂၆) ရက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်လာသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေများအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လက်နက်မှောင်ခိုမှုများအတွက် အများပြည်သူရှေ့၌ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်မှာ ခြောက်ကြိမ်ထက်မနည်း ရှိခဲ့ပြီ ဖြစ်သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် သိန္နီနှင့် လားရှိုးတွင် ၇ ဦး၊ ဧပြီလတွင် လားရှိုးတွင် ၅ ဦး၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် လောက်ကိုင်တွင် ခရိုင်မှူး ၁ ဦးနှင့် တပ်သား ၂ ဦးအပါအဝင် ဒီဇင်ဘာလတွင်လည်း ၆ ဦးတို့ကို MNDAA ဘက်မှ သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

အလားတူ ‘ဝ’တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဟိုပန်နှင့် မိုင်းပေါက်မြို့နယ်တို့တွင်လည်း UWSP/UWSA တရားစီရင်ရေး ကော်မတီမှ အများပြည်သူရှေ့တွင် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်ခြင်း ကျင့်သုံးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...