တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊ ဗမာနှင့် တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


“SSPP က တကယ်သွားဖမ်းတာတော့ ဟုတ်တယ်။ အဲ့မှာ အလုပ်လုပ်နေတဲ့ သျှမ်းတွေရော၊ ဗမာတွေရော၊ တရုတ်တွေရော ဖမ်းထားတယ်။ အဓိကတော့ တရုတ်တွေကို ဖမ်းထားတာ များတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက် ဖမ်းထားလဲဆိုတာတော့ အတိအကျ မသိရဘူး” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။


အဆိုပါ ကျားဖြန့်ဝန်းကို စစ်တပ်နှင့် တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခြင်းဖြစ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းမှာ မဟုတ်မမှန်ကြောင်း ၎င်းက အတည်ပြုသည်။


စီးနင်းခံရသည့် နေရာသည် “၁၀၂၇ စစ်ဆင်ရေး” မတိုင်မီကတည်းက ကျောင်းကြီးတစ်ကျောင်းစာခန့် ကျယ်ဝန်းသော ခြံဝင်းအတွင်း နှစ်ထပ်ဆောင်များနှင့် ဂိုထောင်အများအပြားဖြင့် တိုးချဲ့တည်ဆောက်ထားသည့် ကျားဖြန့်ဝန်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။


ယခင်က အဆိုပါကျားဖြန့်ဝန်းကို SSPP တပ်ဖွဲ့ဝင်များကပင် လုံခြုံရေးယူပေးထားခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ တရုတ်နိုင်ငံ၏ ဖိအားကြောင့်သာ စီးနင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။


သို့သော်လည်း အရေးပါသည့် ကျားဖြန့်သမားများနှင့် လူများကို ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီးမှ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သဖြင့် ဟန်ပြစီးနင်းမှုသာဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။


ဩဂုတ်လ ၁၅ ရက်နေ့တွင် SSPP ဘက်မှ လုံခြုံရေး ပြန်လည်ရုပ်သိမ်းသွားပြီးနောက် ကျားဖြန့်ဝန်းအတွင်း ကျန်ရှိနေသည့် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို ဒေသခံများက အလုံးအရင်းဖြင့် ဝင်ရောက်ယူဆောင်ခဲ့ကြသည်။


“အခု မူဆယ်မြို့ပေါ်မှာလည်း ကျားဖြန့်တွေ အရင်လို အကြီးအကျယ် မရှိတော့ဘူး။ တရုတ်ဖိအားရော၊ စစ်တပ်က ဖမ်းတာရောကြောင့် ၁၀ ယောက်၊ အယောက် ၂၀ လောက်ပဲ စုလုပ်နေကြတဲ့ အဖွဲ့ငယ်လေးတွေပဲ ရှိတော့တယ်” ဟု မူဆယ်မြို့ခံတစ်ဦးကလည်း ပြောသည်။


ကျားဖြန့်လုပ်ငန်းများကြောင့် ဒေသခံအချို့မှာ ထမင်းချက်၊ အဝယ်တော်နှင့် ဘာသာပြန်အလုပ်များဖြင့် ဝင်ငွေရရှိမှုရှိသော်လည်း ရပ်ရွာအတွက် အကျိုးပြုသည့် လုပ်ငန်းများမဟုတ်ကြောင်း ဒေသခံများက ဆိုသည်။


ခိုတိန်ရွာတည်ရှိရာ ဒေသသည် ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ပါဝင်သော်လည်း KIA နှင့် SSPP တို့က သီးခြားစိုးမိုးထားသဖြင့် အုပ်ချုပ်ရေးရှုပ်ထွေးသည့် ဒေသဖြစ်သည်။


သို့သော် ဒေသပတ်ပတ်လည်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ကိုးကန့်တပ် (MNDAA) တို့က အထိုင်နေရာယူထားကြသဖြင့် စစ်ကော်မရှင်တပ် လုံးဝဝင်ရောက်နိုင်ခြင်းမရှိဘဲ SSPP စိုးမိုးနယ်မြေသာ ဖြစ်သည်။


ယခုဖြစ်စဉ်နှင့် ပတ်သက်၍ SSPP တာဝန်ရှိသူများထံသို့ အတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေး သကဲ့သို့ စစ်ကော်မရှင် ဝါဒဖြန့် မီဒီယာများတွင်လည်း ဖော်ပြထားခြင်း မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။ ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။ ယခုဖြစ်စဉ်သည်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...