ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။

ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် ချင်ရိုင်းခရိုင်၊ မယ့်ချန်းမြို့နယ်ရှိ Wat Mae Kham ကျောင်းတိုက်တွင် ဖြစ်ပွားခဲ့ပြီး သက်တော် ၆၄ နှစ်ရှိ ကျောင်းထိုင်ဆရာတော် Phra Maha Norkaew Inthapanyo ထံသို့ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ရဲအရာရှိများအဖြစ်ဟန်ဆောင်ဖုန်းဆက်ပြီးနောက် လိမ်လည်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လိမ်လည်သူများမှ ဘုန်းကြီးကျောင်းတိုက်၏ ဘဏ်အကောင့်များသည် တရားမဝင် ငွေကြေး ကွန်ရက်တခုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်အောင် ပြောဆိုခဲ့ပြီး၊ ငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်မှုမရှိကြောင်း၊ အပြစ်မရှိကြောင်း သက်သေပြရန်နှင့် အစိုးရ၏ စစ်ဆေးမှုကို ခံယူရန်အတွက် ထိုကျောင်းတိုက်ရန်ပုံငွေများကို လျှို့ဝှက်ပေးပို့ရန် စေခိုင်းခဲ့သည်။

ဆရာတော်သည် ၂၀၂၅ ခုနှစ် အစောပိုင်းမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ၁ နှစ်ကျော်ကာလအတွင်း ၎င်း၏ ကိုယ်ပိုင်စုငွေနှင့် ကျောင်းတိုက်၏ တရားဝင် ဘဏ်အကောင့်များအတွင်းမှ ငွေများကို ဘဏ်မှတစ်ဆင့် အကြိမ်ပေါင်း ၂၀၇ ကြိမ်တိတိ လွှဲပြောင်းပေးခဲ့မိသည်။

MGR Online သတင်းဌာန၏ ဖော်ပြချက်အရ ခိုးယူခံလိုက်ရသည့် စုစုပေါင်း ငွေပမာဏသည် ထိုင်းဘတ်ငွေ ၈,၇၄၅,၁၈၇ (ဘတ် ၈ သန်း ၇ သိန်းကျော်) အထိ ရှိခဲ့သည်။

လိမ်လည်ခံရကြောင်း သိပြီးနောက်တွင် ဘတ်ငွေ ၉ သန်းနီးပါးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး၊ ဒေသတွင်း သံဃာ့နာယက အဖွဲ့က ကျောင်းတိုက်၏ ဂုဏ်သိက္ခာနှင့် ပိုင်ဆိုင်မှုများကို ပိုမိုထိခိုက် ပျက်စီးမည်ကို တားဆီးရန်အတွက် ၎င်းကျောင်းထိုင်ဆရာတော်အား သာသနာရေးဆိုင်ရာ တာဝန်အရပ်ရပ်မှ ဆိုင်းငံ့ကြောင်း တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရဲအရာရှိများမှ အဆိုပါ ဒုစရိုက်ကွန်ရက်ကို စုံစမ်းဖော်ထုတ်ရန် သက်သေအထောက်အထားများ စုဆောင်းနေပြီး၊ အာဏာပိုင်များကလည်း အစိုးရအရာရှိအဖြစ် ဟန်ဆောင်ခေါ်ဆိုသည့် သံသယဖြစ်ဖွယ် ဖုန်းများကို ရဲစခန်းသို့ တိုက်ရိုက် စိစစ်အတည်ပြုကြရန်နှင့် မသိရှိသော ဘဏ်အကောင့်များသို့ ငွေလွှဲပြောင်းခြင်း လုံးဝ မပြုလုပ်ကြရန် ပြည်သူများကို သတိပေးထားသည်။

ကိုးကား – Chiang Rai Times

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...